ကျွန်တော် စိတ်မကောင်းခြင်းများစွာဖြင့် အမှတ်တမဲ့အကြောင်း ပါးစပ်ရွဲ့စောင်းပြီး ထိုင်ခုံပေါ်တွင် ထိုင်ရင်း စဉ်းစားနေသည်။ စိတ်မကောင်းဖြစ်ရခြင်ဒ အကြောင်းမှာ အမေက အမှတ်တမဲ့နေတတ်လွန်းလို့ ဆူထားသောကြောင်ဖြစ်သည်။ အမေက
“ငါ့သားလျံနိုး ပေါပေါတောတောမနေစမ်းပါနဲ့ ခပ်တည်တည်နေစမ်းပါ မင်းအချိန်ကို တန်ဖိုးထားစမ်းပါ အမှတ်တမဲ့မနေစမ်းပါနဲ့ အမှားတွေ့မယ်နော် ငါ့သား အမှတ်တမဲ့နေရင်။ ပါးစပ်က လွှတ်စွတ်မပြောနဲ့၊ စိတ်ထဲရှိတာကို သေချာစဉ်းစားချင့်ချိန်ပြီး ပြော၊ လုပ် ငါ့
သားအမှတ်တမဲ့မနေစမ်းပါနဲ့ အမှတ်တမဲ့နေလို့ နေမင်းခ တို့သူငယ်ချင်းနှစ်ယောက် အရမ်းချစ်နေရာက တစ်ယောက်နဲ့တစ်ယာက် ရန် သူကြီးတွေလို နေနေကြတာ သားမတွေ့ဘူးလား စကြနောက်ကြရင်းနဲ့ အမှတ်တမဲ့ပြောကြလို့ အဲဒီမှာတစ်ယောက်နဲ့တစ်ယောက်သည်းမ
ခံနိုင်ဘဲ အဲဒီလိုဖြစ်သွားကြတာ။ အဲဒါကဘာမှမဟုတ်သေးဘူး ငါ့သားသာ အဲဒီလိုအမှတ်တမဲ့ပြောအမှတ်တမဲ့သာနေနေရင် သားအခု
ရည်းမှန်းထားတာတွေ ပျက်ပြားရုံတင်မကဘူး ငါ့သားလူ့ချင်ဖတ်ကြီးဖြစ်မှာ”
ကျွန်တော်လည်းဆင်ခြေနှင့်
“အမေကလဲ ဒါအိမ်မှာမို့လို့ပေါ့ဗျာ တခြားနေရာမှာဆိုရင် ကျွန်တော်ကို အေးလွန်းတည်လွန်းလို့ ရေခဲတုန်းကြီးလို့
တောင်ခေါ်ကြတာ။ နောက်အိမ်မှာ ပျော်ပျော်မနေရင် ဘယ်မှာပျော်ပျော်နေရတော့မှာလဲ”
“ပျော်ပျော်နေတယ်ဆိုတာနဲ့ အမှတ်တမဲ့နေတယ်ဆိုတာ မတူဘူးသား အခုနင့်ဦးလေးကို ကြည့်စမ်းသား ပေါပေါ
တောတောပဲ ပျော်ပျော်ပဲနေတယ်။ ဒါပေမဲ့ စကားကို အမှတ်တမဲ့မပြောဘူး၊ မနေဘူး၊ အလုပ်ကို အမှတ်တမဲ့မလုပ်ဘူး အခုငါ့သား နေနေတဲ့ ပုံစံကအမှတ်တမဲ့ နေတာပဲ သားနောက်ပျော်ပျော်နေတယ်ဆိုတာကလည်း နေရာတိုင်းမကောင်းဘူး သားလူမလေးခွေးမခန့် ဖြစ်တတ်တယ်။ ပျော်ပျော်နေတာကို ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မျှမျှတတ နေရမယ်သား”
ကျွန်တော်က အမေဒီလိုပြောလိုက်တော့ ကိုယ့်ကိုဆူရင် ပြောင်တိပြောင်ချော် လုပ်တတ်သော ကျွန်တော့်အကျင့်စရိုက်အတိုင်း
“ပန်းလှစေ ပျားဝစေဆိုသလိုပေါ့ အမေရာ”
“ဟဲ့ နွားရဲ့ နင့်ဘဝကောင်းစားရေး ငါပြောနေဟဲ့ ကပြက်ကချော်မလုပ်နဲ့ သွား ငါ့ရှေ့မှာမနေနဲ့”
ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့ထိုင်ခုံမှာ ထိုင်ပြီး ပါးစပ်ရွဲ့စောင်းပြီးစဉ်းစားရတော့တာပေါ့။ တ ကယ့်ကို လေးလေးနက်နက်ပေါ့။ အမှတ်တမဲ့မနေသင့်တဲ့အကြောင်းကို စဉ်းစားတော့(၈)တန်းတုန်းက အဖြစ်အ ပျက်ကို သွားသတိရသည်။
ကျွန်တော်နဲ့ အတူသွား၊ အတူစားသည့်တိုင်အောင် ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရည်းစားထား တော့ သူ့ရည်းစားကို ရည်းစားစကားလိုက်ပြောတာ။ သူနှင့်ကျွန်တော်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ။ အဲဒီ မှာ ရည်းစားစကားလိုက်ပြောတော့ သူ့ကောင်မလေးက သူ့အမေကို ပြောလိုက်မှာနော်တဲ့၊ အဲဒီတော့ သူကပြော လိုက်လေ ရုံးခန်းမှာတစ်ခါတည်းလက်မှတ်ထိုးကြတာပေါ့လို့ အမှတ်တမဲ့ပြောလိုက်တယ်။ အဲဒီမှာ ပြသနာက ခြေ ထောက်ပေါက်ပြီး ရောက်လာတယ်သူ့ဆီကို။ ဟိုက အမေတိုင်၊ အမေက ဆရာမကြီးကိုတိုင်။ ဒီတော့ လူကြီးမင်း နှာထ၊ နှာခေါင်းမီးတောက်သော ကိစ္စနှင့် ပတ်သက်၍ ရုံးခန်းကို တစ်ချက်လောက်ကြွမြန်းခဲ့ပါ။ ကျွန်တော့်သူငယ် ချင်းလည်း အမေဆင့်ခေါ်ခံရတာပေါ့။ သူ့အမေက လုံးဝမပတ်သက်နဲ့ တော့တဲ့ သူ့လမ်းကိုလဲ လုံးဝမသွားနဲ့တော့တဲ့။ ဖြစ်ချင်တော့ အဲဒီကောင်မလေးနဲ့ ကျွန်တော်နဲ့က တစ်လမ်း
တည်း။ ဒီဟာကို ကျွန်တော်သူငယ်ချင်းက ကျွန်တော်နေတဲ့လမ်းကို မသွားနဲ့ ကျွန်တော်နဲ့လည်းမပေါင်းနဲ့လို့ တလွဲဆံပင်ကောင်းမှတ်
ယူထားတာ။ (ရှက်လို့ ရှက်ရန်းရန်းတာဖြစ်နိုင်သည်-ကျွန်တော်အထင်)
အဲဒီနေ့က နေ့လယ်မုန့်စားဆင်းချိန်ကျ ကျွန်တော့်သူ့ငယ်ချင်းဆီ ကျွန်တော်ဘုမသိဘမသိသွားတယ်။ သူရုံး
ခန်းရောက်တာ၊ ရည်းစားစကားပြောတာ ဘာဆိုဘာမှမသိဘဲနဲ့။ ဟိုရောက်တော့ သူကစာကူးနေတာ။ ကျွန်တော်ကိုတွေ့တယ်။ အား
ပါးပါး.. ကိုယ့်လူက ဂရုတောင်မစိုက်ဘဲ မျက်လွှာချပြီးသူ့စာသူဆက်ကူးတယ်။
အပိုင်း(၂)ဆက်ရန်။
လျံနိုး