ဒီကမ္ဘာကြီးထဲ ...
ဖန်ဆင်းရှင် ဘုရားသခင်ပေးတဲ့
အခမဲ့လေကို ငါ့နှာခေါင်းနဲ့ ငါ ...
လွတ်လွတ်လပ်လပ် ရှုရှိုက်နေသ၍တော့ ...
သေချာတာတစ်ခုက ...
ငါဟာ ဒီလောကကြီးကို မတော်တဆပြုတ်ကျလာတာ မဟုတ်ဘူး ...
(၂)
မတော်တဆခြေလှမ်းတစုံအတွက် ...
အာရုံငါးပါး လဲကွဲမှောက်ရှပျက်ယွင်းခဲ့ ...
(၃)
မတော်တဆတစ်စက္ကန့်အတွက် ...
သက်ပြင်းတွေ၊ မျက်ရည်တွေ၊
နာကျင်မှုတွေ၊ စုတ်တသတ်သတ်ဖြစ်မှုတွေ ... အားလုံး ...
တိုးတက်ကြီးပွားဖွံ့ဖြိုးထွန်းကားလာတယ် ....
ငါ ...
တစ်ယောက်တည်း မတော်တဆတစက္ကန့်လေးရဲ့ ခါးသီးမှုအောက်မှာ ...
ကော်ဖီခါးခါးကို တမာရည်နဲ့ ရောကျိုသောက်ခဲ့ရ ...
(၄)
နောက်ဆုံးတော့ ...
မတော်တဆရေးထားတဲ့ ကဗျာတပုဒ်အပေါ်မှာပဲ ...
(လူသားအားလုံးကို အလံဖြူပြနှုတ်ဆက်တယ် .... လို့ ပြောကြားရင်း ...)
အချစ်ကို ကိုးကွယ်အသက်ပေးသွားတဲ့ လူစွမ်းကောင်းကြီးရိုမီယိုကို ...
ဟားတိုက်လှောင်ပြောင်ရင်း ...
မတော်တဆကောက်ရလာတဲ့ ဘောပင်လေး ...
အခုဆို ...
မင်ကုန်သွားတဲ့ အကြောင်း ....
ဝမ်းပန်းတနည်း မျက်ရည်တွေ စိုရွှဲကာ ...
ရင်ခွင်မိုးတွေနဲ့ နှုတ်ခမ်းပြင်နှစ်စင်း ရေနှစ်ခဲ့ရတယ် ...