အချစ်စာသင်ရင်း
တလေးတစား ကဗျာများ
အဖြစ်လည်း မရေးဖွဲ့ချင်တော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
ငါဟာ မနေ့ညက ကြွေကျသွားတဲ့
ကြယ်နဲ့အတူ ကမ္ဘာမြေကြီးအပေါ်
သက်ဆင်းခဲ့ပြီ...။
ဒါကြောင့်ငါဟာ ခဏသာ
သေဆုံးသွားပြီ..။
ဒါပေမဲ့ မနက်ဖြန်မှာ ငါနေမင်းကြီးနဲ့အတူ
ပြန်လည်နိုးထကောင်းနိုး
အဲဒီအချိန်ကျ ငါ့ရင်ခုန်သံတွေ
တဖန်လှုပ်စိလှုပ်စိဖြစ်
ဒါပေမဲ့ မသေချာပါဘူး..။
အခုချိန်မှာ ငါသေဆုံးနေတဲ့
အဖြစ်လေးပဲ သေချာတာ..။
ဒါကြောင့် နေမင်းကြီးမရှိတော့
ငါအလင်းတန်းတစ်ခုအနေနဲ
လက်ရှိသေဆုံးဆဲ့ ငါ့အဖြစ်ကို
ကျေနပ်ရတော့မှာပေါ့..