အို…ကောင်းကင်ကြီးရယ်…
မင်းရဲ့ ရိုးသားဖြူစင်မှုတွေကို
လောကကြီးအပေါ် ဖြန်းပက်ဝေမျှပေးပါလား…
(ဖြစ်နိုင်မယ်ဆိုရင်ပေါ့)
ကောက်ကျစ်စဉ်းလဲမှုတွေကို ငါအီလွန်းလို့ပါကွာ..
နောက်..ဟန်ဆောင်အပြုံးတွေ၊ ဟန်ဆောင်အချစ်တွေ
ဆိုတာငါ့အတွက် ငါ့ဘဝမှာ ပြည့်သိပ်လွန်းလို့ လုံလောက်လှပါပြီကွာ…
မင်းသိနိုင်မလား ကောင်းကင်ကြီးရယ်…
အမှတ်တမဲ့လိုလိုနဲ့ စကားထဲက ဇာတိပြဆိုသလို
ပုတ်သိုးနေတဲ့ အနံ့ဆိုးတွေကို ခဏခဏဖော်ထုတ်ပြပြီး
တောင်းပန်စကားတစ်ခွန်းနဲ့ ပြီးပြီးသွားတတ်ကြတာ…
ပဲ့ယွင်းနေတဲ့ ကမ္ဘာကြီးရဲ့ ပြယုတ်တစ်ခုအလား
ထင်ယောင်ထင်မှားနဲ့.
တစ်ခါတလေကမ္ဘာကြီးပျက်သုန်းတော့မယ်ဆိုပြီး
ငါသွေးပျက်ခါနီးနီး…ဘာပဲဖြစ်ဖြစ်ကောင်းကင်ကြီးရယ်..