ငါရှာနေတာ ကဗျာမဟုတ်ဘူး ...
ငါ့ဘဝတစ်လျှောက်ပြိုးပြိုးပြက်ပြက်နဲ့ ...
အပြိုင်အဆိုင်လင်းလက်ကြမယ့် နေမဝင် ကောင်းကင်တစ်ခု ...
ငါရေးနေတာ ကဗျာမဟုတ်ဘူး ...
လူတိုင်း အမြတ်တနိုးထားနေတဲ့
ရတနာသိုက်ကြီးတစ်ခုအကြောင်း ...
ငါဖယ်တွယ်နေတာ ကဗျာမဟုတ်ဘူး ...
အလှဘုရင်ဗီးနပ်စ်ရဲ့ သမီးပျိုအတွက် ထွန်ယက်စိုက်ပျိုးထားတဲ့ ...
မရင့်မှည့်သေးတဲ့ လှပျိုမှုတွေ ...
(၂)
ငါ့ကို လှဲပြိုလိုက်ပါ ကောင်မလေးရာ ...
သူစိမ်းဆန်တဲ့ အရေးအသားတွေနဲ့ ငါ့ကလောင်တွေကို
ရိုက်ချိုးပစ်လိုက်စမ်းပါ ...
နောက်ထပ် ငါ့ကို ...
မျက်ရည်နဲ့ ဂမ္ဘီရဆန်ဆန် အကြည့်တွေသာ
အပ်နှင်းလှည့်ပါ ...
ဒီကောင် ...
အသည်းကွဲသမားရဲ့ ကြမ်းပြင်မှာလေ ...
နှင်းမကြွေဘူး ...
မိုးမဝေဘူး ...
နေမသာဘူး ...
ခပ်ဖျော့ဖျော့မျက်ရည်တွေကတော့ အချိန်တိုင်းအတွက်ပေါ့ ...
အဖြူရောင်တစ်စင်း ပက်ပင်းတိုးမိရင်လည်း ...
ဒီကောင်မျက်လုံးက ငိုမှာပဲ ...
အနီရောင်တစ်လုံး ပြုံးတာတွေ့မိရင်လည်း ...
ဒီကောင့်မျက်ရည် ပြိုမှာပဲ ...
ဆက်လက်ပြီး ဒီကောင်ကတော့ ...
အချိန်တိုင်းအတွက် ...
“ပါးပြင်နှစ်ဖက်ရဲ့ စိုစွတ်ခြင်း ...” ပဲ ...။
(၃)
နံပါတ်စဉ်မတပ်ရသေးတဲ့ ရာသီသုံးပါး ...
ပြုံးထားစမ်းပါ ...
အမြဲလိုလို ...
သစ်ရွက်တွေပေါ်မှာ ပြိုလဲနေတဲ့ ငါ့အတွက် ...
အမြစ်ကြီးကြီးတစ်ခုကို ဆုပ်ကိုင်ထားဖို့ ဆိုတာ...
လုံးဝမဖြစ်နိုင်ဘူး ...
မိုးတိမ်တစ်ပွင့်ချင်းစီကို နာမည်ခေါ် ...
လို့ ...
တကယ်တော့ ငါဟာ ...
စိုစွတ်ခြင်းရဲ့ အသည်းကွဲသူ တစ်ယောက် ...
ငါ့အတွက် ကဗျာဟာ လိုအပ်လာတယ် ...
နေရာအနှံ့က ကောင်းကင်အချပ်စီတိုင်းကို ...
တစ်ချပ်စီ ...တစ်ချပ်စီ ...
တလှပ်လှပ်ခွာရင်း ...
ကောင်မလေး ...
လမ်းခွဲတဲ့နေ့က ငါ ...
မျက်ရည်တွေပေါ် သီချင်းတွေကျူး ...
ကောင်းကင်တစ်ခုနဲ့ ကခုန်ရူးခဲ့ရတယ် ...
ဆက်လက်မွေးဖွားလာတဲ့ ငါ့မနက်ခင်းတိုင်းဟာ ...
နေခုနစ်စင်းတို့ရဲ့ တည်နေရာ ...
တစ်ခုလို ...
စပ်လောင် အိုက်ကြောင်တယ် ...
(၄)
ဒီတော့ ...
ကောင်မလေး ...
မင်းနားလည် ...။...။...
အသည်းကွဲတဲ့ လူမှာ ဘယ်တော့မှ ...
ဦးဏှောက်မရှိဘူး ...
သူဟာ ...
ကိုယ့်မျက်ရည်ကို ပြန်သောက်သုံးနေတဲ့ လူတစ်ယောက် ...