မီးဟုန်းတတောက်တော့ သေဆုံးငြိမ်းအေးသွားပြီ ...
......................................
တစ်နေ့ ...
သူ့ခေါ်သံနောက် သဲ့သဲ့ငါ ...
ကြားလိုက်တယ် ...
“ ရှဲ ...”
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Tuesday, June 15, 2010
ပြီးဆုံးသွားပါပြီ
ပြီးဆုံးသွားပါပြီ ...
သူနဲ့ ပတ်သက်သမျှ ရယ်သံတစလေးတောင်
မကျန်ရှိဘဲ ...
အရာအားလုံး ပြီးဆုံးသွားပြီ ...
သူ့နာမည်လည်း ပြည့်ဖုံးကား ချလိုက်ပါပြီ ...
(၂)
ဦးတည်ရာမဲ့ သူ့ခရီးစဉ်အတွက်တော့ ...
အဆုံးစွန် လမ်းခွဲလေးထိ လိုက်ပို့မယ့် သူတွေက ...
မျက်ရည်တံခါးများကို ဆောက်လုပ်လျက် ...
သူ့အပေါ် အကြည့်အာရုံတွေကို ဖြန့်ကြဲထားကြတယ် ...
သူ ...
အခုတော့ ငြိမ်သက်လို့ ...
သူ ...
မနေ့ကတော့ စကားတွေ ဖောင်ဖွဲ့လို့ ...
စကားလုံးတွေ ဟောင်ဖွာ ဟောင်ဖွာ လွှတ်ထုတ်လို့ ...
(၃)
အခုတော့ သူ့နာမည်တစ်ခု လူတွေရဲ့ ပါးစပ်ဖျားကလွဲလို့ ...
ပြီးဆုံးသွားပြီ ...
လေပြည်တွေကို လိုက်ခိုကာ ...
သူ ...
ပျောက်ဆုံးခြင်းတွေနဲ့ အတူ လွင့်ပါသွားပြီ ...
(လမ်းခရီးတွေဟာ အထီးကျန်ဆန်လာခဲ့ ...
ခြေလှမ်းတွေ တစထက် တစ လှိုဏ်ခေါင်းကျယ်ဆန်လာခဲ့ ...
သွေးစိမ့်တဲ့ ပဲ့တင်သံတွေနဲ့ ...
အာရုံတွေထဲ ခြေသံဟာ ခါတိုင်းထက် ပိုကျယ်တယ် ...)
(၄)
မနေ့တနေ့တွေက ...
မမျှော်လင့်ခြင်းတွေနဲ့ (ဘဝတွေထဲ)ဆိုက်ရောက်လာခြင်းကို
ဘုရားသခင် လှစ်ဟပြတယ် ...
ပျော်မွေ့စေတယ် ...
အခုတော့ ...
ဘုရားသခင်ကိုယ်တိုင်ကပဲ ကျွမ်းကျင်စွာ ...
သူ့လက်တစ်ဖက်နဲ့ပဲ မျက်လှည့်တစ်ကွက်ကို
ပြသလိုက်ပြီ ...
ငါ့အတွက်တော့ ...
သက်ပြင်းတစ်စုံနဲ့ မျက်ရည်မြစ်ကြီးကို ထုတ်လုပ်ပေးရတာလောက် ...
မောဟိုက်တာ မရှိဘူး ...
သူ့ကြောင့် ...
ငါ့အရှိုက်သံတွေ ပြင်းထန်စူးရှခါးသီးတယ် ...
ပါးတွေလည်း စိုစွတ်နေပါပြီ ...
ပြီးခဲ့တာတွေလည်း ...
........ပြီးပြီ.......
........ပြီးပြီ.......
ပြီးပြီ ..............
သူလည်း အပြီး ....
ကိုယ်လည်း အညည်းပဲ ...
ကဲ ...
သူကတော့ တကယ် ...
ပြီးပြီ ...။..။။။။
(၅)
သူနဲ့ ဆိုင်တဲ့ ဇာတ်လမ်း ...
နောက်တစ်ခန်းဆိုတာ မရှိတော့ပါကြောင်း ...

Subscribe to:
Comments (Atom)