နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, December 30, 2009

အမှတ်တမဲ့၏ အနာဂတ်(၂)

(၂)အဲဒီတော့ ကျွန်တော်က ထူးဆန်းနေတာ။ ဟာ ဒီကောင် ဘာဖြစ်နေတာလဲလို့ပေါ့။ တကယ်ပါခါတိုင်းကျွန်တော်တို့နှစ် ယောက်တွေ့ပြီဆိုလျှင် တစ်ယောက်နဲ့တစ်ယောက်ပြောစရာကို မကုန်ဘူး။ အခုကျတော့ ကျွန်တော့်ကို နည်းနည်း စိမ်းနေတယ်။ စိတ်ထဲတထူးတဆန်းနဲ့ သူ့ကို
“ဟေ့ရောင် စာဝိုင်းကူးပေးရမလား”လို့ ပြောတော့ သူက
“ဟေ့ရောင် သွားမင်းငါနဲ့လာမပေါင်းနဲ့ ငါလဲမင်းနဲ့ မပေါင်းဘူးငါ့အမေနဲ့ အဖေကပေးမပေါင်းဘူး သွား”တဲ့။ ကဲ..ကျွန်တော်လည်း ဟအ
သားလွတ်ကြီးပါလား လို့ရေရွတ်မိတယ်။ ဒီတော့ အတူပဲစားစား၊ အတူပဲသွားသွား ဘယ်လောက်ရင်နှီးတဲ့ သူငယ်ချင်ဒဖြစ်ပါစေ စိတ်ကုန်သွား
ပြီ။ နောက် ကျွန်တော်သူ့ကို အတတ်နိုင်ဆုံးရှောင်တယ်။ ဒါကိုသူကလည်း ဂရုမစိုက်ဘူး။ နောက် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သွေးအေးသွားတော့
နှစ်နှစ်လုံးလုံးကောင်းကောင်းပေါင်းလာတဲ့ သူငယ်ချင်းတွေပဲ။ ပြန်ပေါင်းထုတ်ကြတာပေါ့ အဲဒီလိုပြန်ပေါင်းထုတ်ရင်း သူ့ကောင်မလေးအကြောင်း ပြန်ပြောဖြစ်မှ ကျွန်တော်အကြောင်းစုံသိရတော့သည်။ ဒါအပြစ်တင်တာမဟုတ်ပါ။ သူ့ရဲ့ “ခေါ်လိုက်လေ တစ်ခါတည်းလက်မှတ်ထိုးကြတာပေါ့”
စကားက သူ့အမေလည်း အရှက်ကွဲ၊ ကျွန်တော့်ကြားထဲကထိ။ ကျွန်တော်ထင်တယ် သူအဲဒီစကားမပြောရင်တောင် ကောင်မလေးက သနားပြီးမပြောရင် မပြောဘူး၊ အခုကျတော့ အဲဒီစကားပြောလိုက်တဲ့အတွက်ကြောင့် ဟိုက မခံချင်စိတ်ဒေါသထွက်တဲ့စိတ်တွေနဲ့ သွားပြောလိုက်တော့ထပ်ပြောရရင်ဘာမှမဆိုင်တဲ့ ကျွန်တော်တောင်ကိမ်တယ်။ ဒီအဖြစ်အပျက်မှာ ဘာကိုပြောချင်လဲဆိုတော့ အမှတ်တမဲ့စကားရဲ့ဆိုးကျိုးပါ။ ဒါလေးပါပဲ။ ကျွန်တော့်သူငယ်ချင်းဘက်နစ်နာမှုပြောရရင် အသည်းကွဲမှုပေါ့ဗျာ(လေးစားရသောစာဖတ်သူခင်ဗျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကိစ္စမျိုးရှိတယ်ဆိုတယ်ဆိုတာ ခေတ်ရေစီးကြောင်း အရမထူးဆန်းပေမဲ့ တကယ်လို့ ဖတ်ရတာမျက်စိရှက်ရင် နားနဲ့မနာ ဖဝါးနဲ့နာမဟုတ်ပဲနဲ့ မျက်စိနဲ့ မဖတ် ပဲ ဖဝါးနဲ့ ဖတ်ကြပါလို့သာ တောင်းဆိုချင်ပါတယ်)
နောက် အမှတ်တမဲ့နဲ့ ပတ်သက်၍ သတိရမိသော အဖြစ်အပျက်တစ်ခုရှိပါသေးသည်။ အဲဒါလည်း(၈)တန်းတုန်းက အဖြစ်အပျက်ပါပင်။ အဲဒီသူငယ်ချင်းနဲ့ပဲ။ ကျွန်တော်ဝါသနာအရ စာရေးတယ်။ ရောသမမွေစာပေပေါ့ဗျာ။ ဟာသ၊ စုံထောက်၊ အချစ်၊ ဆောင်းပါး၊ အိမ်ထောင်ရေး၊ ဘဝ စာပေအကုန်။ ကျွန်တော်က စာတစ်ပုဒ်ရေးပြီးတိုင်း သူငယ်ချင်း (သို့)မိသားစုဝင်တွေ ဖတ်ခိုင်းတယ်။ ဝေဖန်ခိုင်းတယ် ပျစ်ပျစ်နှစ်နှစ် ပယ်ပယ်နှယ်နှယ်ပေါ့။(စာဖတ်သူခင်ဗျာ…ကျွန်တော့်စာတွေကို ကောင်းရင်ကောင်းသလို၊ မကောင်းသလို ပျစ်ပျစ်နှစ်နှစ်ပယ်ပယ်နှယ်နှယ် အရှိကိုအရှိအတိုင်း မှန်ကန်ပွင့်လင်းစွာ ဝေဖန်ပေးပါ) ဒီတော့ ကျွန်တော်လည်းထုံးစံအတိုင်း အဲဒီသူငယ်ချင်းကို ဖတ်ခိုင်းတယ်။ ခါတိုင်းလိုပဲသူယူ ပြီး ဖတ်ဖို့အိမ်ယူသွားတယ်။ တစ်ပတ်လောက်ကြာတော့ သူကျွန်တော့်ကို ပြောတယ်။
“ဟေ့ရောင်ဆောရီးမင်းစာမူပျောက်သွားတယ်ကွာ အိမ်တစ်အိမ်လုံးရှာတာနှံ့နေပြီ၊ ခြံပြင်ခြံထဲတော်တော်နှံ့နေပြီ။ ဘယ်နေရာမှမတွေ့ဘူး”
အဲဒီလိုပြောတော့ ကျွန်တော်နည်နည်းတင်းသွားတယ် ဖြစ်ချင်တော့ အဲဒီတစ်ပုဒ်က ကျွန်တော်တော်တော်ကြိုက်တယ်။ ပျောက်ရကောင်း လားဆိုပြီး တော့ပေါ့။ ကော်ပီကူးထားတာလည်း ဘာမှမရှိ၊ ပြန်ရေးရင်လည်း နောက်တစ်ပုဒ်ဖြစ်ချင်ဖြစ်သွားမှာ၊ ဒီတော့ကျွန်တော်သူ့ကို
“မင်းကွာ ငါ့အနုပညာကို ဒီလိုလုပ်ရက်တယ်” လို့ပြောလိုက်တယ်။ အဲဒီအခါ သူကကြီးကျယ်တယ်ဆိုပြီး စကားမပြောတော့ဘူး၊ ရှောင်တယ်။ ဒီတော့ ကျွန်တော်လည်း အလိုက်သင့်ပဲနေလိုက်တယ်။ နောက်အဲဒီကစ္စသွေးအေးသွားတော့ အဲ့ဒီအကြောင်းပြန်ပြောဖြစ်မှ သူ့သဘောထား ကျွန်တော်သိရတာ။ သာမန်သူငယ်ချင်းသံယောဇဉ်မျိုးဆိုလျှင် နေမင်းခတို့လို ဖြစ်သွားနိုင်သည်။ ဪ… အမှတ်တမဲ့ပြောလိုက်တဲ့ စကားဆိုးကျိုးက အဲဒီလောက်တောင်… ကျွတ်ကျွတ်..ကျွတ်။
(ဤနေရာတွင် နည်းနည်းလောက်စကားအပိုရေးပါရစေ… သိကြ ဖတ်ကြသည့်အတိုင်းအောင်မြင်သော စာရေးဆရာများသည် ဆောင်းပါးများရေး သည့်အခါတွင် ကမ္ဘာကျော်အဖြစ်အပျက်များကို ကိုးကားကာရေးလေ့ရှိကြသည်။ ထိထိမိမိရေးကြသည်။ သို့သော် ကျွန်တော်မူကား ထိုသို့မဟုတ် ပဲကိုယ်တိုင်ကြုံသည့် အဖြစ်အပျက်လေးများကိုပါထည့်ရေးပါသည်။ စာပေအတွေ့အကြုံဘာမျှမရှိသေးသော ကျွန်တော်သည် ကိုယ့်ဟန်ကိုယ့်ပန် နှင့် ရေးခြင်းဖြစ်သည်။ တခါတလေကျပြန်တော့လည်း ကမ္ဘာကျော်အဖြစ်အပျက်များကိုထည့်ရေးဖြစ်ပါသည်။ မည်သို့ပင် ဆိုစေကာမူ အောင်မြင် သောစာရေးဆရာကြီးများကလည်းအသိပညာပေးချင်၍ကျွန်တော်လည်းအသိပညာပေးချင်၍ရည်ရွယ်ချက်ကအတူတူပင်ဖြစ်သောကြောင့်စာဖတ်သူဘက်မှ အနှစ်ထုတ်တတ်ရန်သာဖြစ်ပါသည်။ ကျွန်တော့်၏ ဟန်ပန်အားကန့်ကွက်လို၊ ဝေ ဖန်လိုက လိုလိုလားလားပင် ခေါ်ဖိတ်ပါသည်)
နောက် ကျွန်တော့်အသိတစ်ယောက် ကျွန်တော်လိုပင်။ အမှတ်တမဲ့ပြော၊ အမှတ်တမဲ့နေတဲ့လူ။ လူကြီးဆိုတော့ဗျာ လူလေးစားခံရသင့်တာပေါ့။ ဒါပေမဲ့ ဘယ်သူမှ သူ့ကိုမလေးဘူး၊ မခန့်ဘူး၊ လူမလေးခွေးမခန့်။ အသေးစိတ်ကိုတော့မပြောချင်တော့ပါ။ ကဲ….. ဆကိပြောရအောင် ရေးလက်စမို့ လို့။ နောက်.. ကမ္ဘာကျော်အဖြစ်အပျက်ကို ကိုးကားပြီးပြောရမယ်ဆိုရင် “မဟူရာညရဲ့ အလင်းသခင်” လို့ ခေါ်ထိုက်တဲ့ သောမတ်(စ်)အက်ဒီဆင်။ သူငယ်ငယ်တုန်းက စကားကို အမှတ်တမဲ့မပြောတတ်ပုံများဆိုလျှင် အားအားနေ သူသိချင်တဲ့ (အကျိုးရှိရှိ)မေးခွန်းတွေကို မေးလွန်းလို့ ဆရာဆရာ မတွေကတောင် စိတ်မနှံ့တဲ့ ကလေးလို့တောင်ထင်တဲ့အထိ။ သူလုပ်ချင်တဲ့စမ်းသပ်မှုတွေအတွက်ပါ။ မည်သို့ပင်ဆိုစေကာမူ ကြာတော့ သူ့ကိုဘယ်လိုထင်ထင် ဂရုမစိုက်ဘဲ သူ့ရဲ့အမှတ် တမဲ့မပြောမှု၊ အမှတ်တမဲ့မနေမှု၊ အမှတ်တမဲ့မလုပ်မှုတွေကြောင့် တစ်မ္ဘာလုံးအတွက် တစ်ကမ္ဘာလုံးအတွက်ကုန်သည်အထိ အကျိုးရှိတဲ့လုပ်ငန်းကြီးကို တီထွင်ခဲ့သည်။ အမှတ်တမဲ့…..အမှတ်တမဲ့စဉ်းစားရင်းကျွန်တော်ဖြုန်းခဲ့တဲ့ အချိန်တွေကို နှမြောလာသည်။
အတွေးတွေကအတောမသတ်နိုင်တော့စိတ်ကအမေရိကန်စာရေးဆရာ(လျှို့ဝှက်သည်းဖို)အယ်လင်ပိုးအကြောင်းဘက်စိတ်ရောက်သွား သည်။ဆရာကြီးသည် ငယ်ငယ်ကတည်းက လမ်းဘေးလောကမှ ကြီးပြင်းလာသူဖြစ်သည်။ မကောင်းမှုမျိုးစုံလုပ်ဖူးသည်။ လုပ်တတ်သည်။ စာရေးဝါ သနာပါသူတစ်ယောက်ဖြစ်သည့်အလျှောက် စာရေးရင်း ရေးရင်းအောင်မြင်လာသည်။ သို့သော် လူတိုင်းမပြည့်စုံပေ။ စိတ်ညစ်စိတ်ဒုက္ခရောက်သည့် အချိန်များလည်း ရှိသည်။ ထိုအချိန်များတွင်မူ ဆရာကြီးသည် အသောက်အစားအခံရှိသည်နှင့်အညီ အရက်သောက်၊ ဖဲရိုက်လာသည်။ နောက်ဆုံး တစ်ခဏတာစိတ်ညစ်မှုနှင့် သူလဲလှယ်လိုက်သည့် သူ၏အကျိုးရှိသောအချိန်များ၊ အကျိုးမရှိသောအမှတ်တမဲ့အချိန်အဖြစ် အသုံးချမှုကြောင့် သူသေ ဆုံးသွားခဲ့ရသည်။
ကျွန်တော် တွေးရင်းတွေးရင်းဗျာ အရင်တုန်းက အမှတ်တမဲ့နေခဲ့တဲ့ အချိန်တွေကို နှမြောလာသည်။ ယူကျုံးမရဖြစ်မိသည်။ ကျွန်တော် သာအမှတ်တမဲ့မနေခဲ့ပါလျှင် အမေ၏ ဆူပူမှုကိုလည်း ခံရမှာမဟုတ်ချေ။ လူရည်လူချွန်လူမွန်တစ်ယောက် ဖြစ်နိုင်မည်မှာမလွဲပါချေ။ ထို့ကြောင့် ရှေ့ လျှောက် ကျွန်တော်ဘယ်လိုနေထိုင်သင့်သလဲ……ကဲ ကွာ ကျွန်တော်မသိတော့ဘူး…ဘယ်လိုနေရမှာလဲ…ပြင်လို့ရမှာတဲ့လား… ထိုသို့ ကျွန်တော် စဉ်းစားနေခိုက် ဘယ်လောက်ပဲဆူဆူ၊ ခဏလေးနဲ့ စိတ်ပြေတတ်သောအမေ၏ ခေါ်သံကို ကြားရသည်။ ကျွန်တော်လည်း စပ်ဖြဲဖြဲနှင့် ဝင်သွားပြီး ညီမလေးအကြီးရှေ့တွင် ခါတိုင်းလုပ်နေကျအခြောက်တစ်ယောက်ကဲ့သို့ ခါးထောက်၊ လက်ဝါးနှစ်ဖက်ကို ရိုက်ပြီး (ထိုအရာသည် လူရွှင်တော်ဖလား ထဲမှ)
“မိန်းမလျှာဘဝ သိန်းတစ်ရာမကတန်တယ်တဲ့ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာ ဟဲ့ ”
ဟု ပြောလိုက်မည်ပြုစဉ် အမှတ်တမဲ့အကြောင်းကို စဉ်းစားမိသည်နှင့် ထိုအရာကိုမလုပ်တော့ဘဲ လေးလံသောသက်ပြင်းရှည်ကြီးကိုသာချလိုက်ပါ တော့သည်။
ပြန်လည်ဆုံဆည်းချင်သော
လျံနိုး
(သင်၏ အမှတ်တမဲ့သည် သူတစ်ပါးအတွက် အမှတ်တရဖြစ်သွားနိုင်သည်)