နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Friday, December 24, 2010

ခရစ်စမတ်ဆိုတာ ...???

အမေရိကန်က အတွေးအခေါ် …
ဆွိဒင်က အတွေးအခေါ် …
ဘေဂျင်းက အတွေးအခေါ် …
ဖိလစ်ပိုင်(မနီလာ)က အတွေးအခေါ် …
ရန်ကုန်က အတွေးအခေါ် …
ကမ္ဘာတ၀ှမ်းက အတွေးအခေါ်တွေ ခရစ်စမတ်ကို
အဓိပ္ပာယ်ဖွင့်ဆိုပုံမတူကြဘူး …

အမေရိကန်တို့ ဆွိဒင်တို့ ဘေဂျင်းတို့တွေက အေးတော့
ခရစ်စမတ်ကို အနွေးထည်လို ၀တ်ကြတယ် …
ဖိလစ်ပိုင်(မနီလာ)တို့ ရန်ကုန်တို့က ပူတော့ ခရစ်စမတ်ကို
ပန်ကာလို ဖွင့်ကြတယ် …
အဲ … ရန်ကုန်မှာ မီးမလာတော့ ပန်ကာလို ဖွင့်ကြသတဲ့ …

ကဲ …
စဉ်းစားကြည့်ပါ …
ခရစ်စမတ်ဆိုတာ ???

ဘယ်သူက ဘာအတွက် ဘယ်ကို ဘယ်လိုလာပြီး ဘာတွေလုပ်ခဲ့တယ်… ဆိုတာ …
ခင်ဗျားတို့ ရိုင်းစိုင်းတဲ့ ဒီမိုဂရေစီဗန်းပြနိုင်ငံအချို့မှာ …
ရိုင်းစိုင်းတဲ့ မြန်မာနိုင်ငံဒေသအချို့မှာ …
ခရစ်စမတ်ကို ဘီယာဘူးထဲက အမြုပ်တွေ အချို့နဲ့ …
အရက်ပုလင်းထဲက နတ်ဆိုးရယ်သံတချို့နဲ့ အဓိပ္ပာယ်ဖွင့်ကြသတဲ့ …
ခင်ဗျားတို့ ရိုင်းစိုင်းမှုတွေ အော့နှလုံးနာတယ်ဗျ…

ခင်ဗျားကို ချစ်တဲ့ လူတစ်ယောက်တွေးကြည့်ဦး …

                                                                           လျံနိုး
ဒီဇင်ဘာ ၂၂၊ ၂၀၁၀ ည ၉း၃၀