နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Showing posts with label ကလေးတွေ. Show all posts
Showing posts with label ကလေးတွေ. Show all posts

Thursday, April 8, 2010

“ကမ္ဘာသစ်လေးတွေအတွက်…….”

အမည်မဖော်နိုင်တဲ့

အကြောင်းပြချက်ခပ်ရိုင်းရိုင်းတစ်ခုနဲ့

အချိန်တစ်ခုကို အဓိပ္ပာယ်မရှိအောင်

ပုံသွင်းကာ

အားမာန်ပြည့်နေတဲ့ စိတ်တွေရယ်

ထိသွားအောင် တစ်ခဏနဲ့

ပစ္စုပ္ပန်ဆိုးကို အယုံသွင်းတာ….

………………………

ဖြစ်ပြီးရင် ပျက်ကြရိုးထုံးစံအတိုင်း….

အရာအားလုံးအတွက်

ဖြစ်ပြီးတဲ့နောက်မှာ…..

……………………………

အားမာန်ပြည့်နေတဲ့ စိတ်ဓာတ်တွေ၊

လောကဓံကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေတဲ့

လက်တွေ၊

ကြုံလာတဲ့ ဒုက္ခသောကတွေကို

ကြုံသလို မိတ်ဖွဲ့ခင်မင်တတ်တဲ့

ခြေလှမ်းတွေ

(အားလုံး)အားလုံးကို

နေဝင်ချိန်တစ်ချိန်လောက်သာရှိတဲ့

ကပ်ဆိုး(အချိန်ဆိုး)ကြီးတစ်ခဏသာလေးက

အတင်းအဓမ္မ သိမ်းယူသွားခဲ့ပြီ

……………………………

မျှော်လင့်ချက်ကင်းမဲ့နေတဲ့ လက်တွေနဲ့

မျက်ရည်အကြည့်တွေကိုသာ ရင်ခွင်စုံပိုက်ကာ

ကောင်းကင်တစ်ဆုံးကို မျှော်လင့်ချက်တွေ

တောင်းနေတဲ့ မိဘမဲ့ကလေးတွေ၊

ခံပြင်းမှုနာကျင်မှုတွေကို မတတ်သာ

ဖိတ်ခေါ်ထားကာ ရှုံ့မဲ့မဲ့မျက်နှာလေးတွေရဲ့ ပိုင်ရှင်

(ဒုက္ခိတ) သင်္ခါရရဲ့ ကလေးငယ်တွေ

သူတို့ရဲ့ အကြည့်တွေမှာ

သူတို့ရဲ့ စိတ်တွေမှာ

သူတို့ရဲ့ လက်တွေမှာ

ရှိသမျှအားအင်တွေ ပျက်သုဉ်းနေပြီ

မျှော်လင့်ခြင်းတွေ အရောင်မဲ့နေပြီ

မျှော်လင့်စရာကောင်းကင်တွေ..

တိမ်တိုက်တွေ သူတို့အတွက်ဆုံးပါးသွားပြီ….

……………………………………

ငါတို့….ပျက်သုဉ်းသွားတဲ့ သူတို့ရဲ့ မျှော်လင့်ခြင်းတွေကို

အရောင်ပြန်ဆိုးကာ အသက်ပြန်သွင်းပေးကြမယ်ဆိုရင်…………

ကြင်နာတဲ့ငါတို့လက်တွေနဲ့ သူတို့ကောင်းကင်တွေကို

တည်ဆောက်ပေးရအောင်လား….

ကြင်နာလဲ့ဝေတဲ့ အကြည့်တွေနဲ့

သူတို့အတွက်

အားမာန်တိမ်တိုက်တွေ ဖန်ဆင်းပေးရအောင်လား

တတ်နိုင်သမျှကူညီမှုတွေနဲ့

သူတို့ဘဝတွေရဲ့ ရဲတိုက်ကြီးတွေအဖြစ်တိုက်ပွဲဝင်ကြစို့လား

လာပါ

သူတို့ အနာဂတ်တွေကို လှပအောင်

ထုဆစ်ပေးကြရအောင်လား…..

ပျောက်ဆုံးနေတဲ့ သူတို့ရဲ့

ပင်ကိုယ်အရည်အချင်းလေးတွေကို

ကူညီမှုတွေနဲ့ တူးဖော်ဖွေရှာကြစို့လား

ငါတို့မှာ ဘာရှိသလဲ….

ဘာမှမရှိရင်တောင်မှ

အကြင်နာစကားလုံးမြှားတွေနဲ့

သူတို့ ညှိုးငယ်ခြင်းဖုတ်ကောင်တွေကို

အသေပစ်သတ်ကြစို့လား

ထမင်းတစ်လုတ်အတွက်

မျက်ရည်ပေါင်းမြောက်များစွာနဲ့

ဝယ်ယူရတဲ့ သူတို့ဘဝငယ်လေးတွေ…….

သူတို့မှာ ဆက်သင့်တဲ့အနာဂတ်တွေများစွာရှိပါတယ်

မျက်ရည်အဆိပ်တွေနဲ့

သူတို့ဘဝပျက်သုဉ်းမယ့်အရေး

ငါတို့ တွေးရုံပဲ တွေးနေရမှာလား

မျက်ရည်အဆိပ်သင့်နေတဲ့

သူတို့ဘဝတွေ ကယ်တင်စို့လား

ငါတို့သာ ကယ်တင်မယ်ဆိုရင်

သူတို့ကောင်းကင်တွေတဖန်လင်းလက်လာမှာပါ

သူတို့အနာဂတ်တွေ တဖန်အသက်ပြန်ဝင်လာမှာပါ

အဆိပ်သင့်နေတဲ့ သူတို့မျက်ရည်မြစ်တွေ

ခြောက်ခမ်းသွားမှာပါ

သူတို့ရဲ့ သက်တံရောင် အရည်အချင်းလေးတွေက

မိုးကုပ်စက်ဝိုင်းအသွင်ရှိနေတဲ့

စိတ်ဓာတ်တွေကနေ ပေါ်ထွက်လာပြီး

လူတွေအတွက် အကျိုးရှိလာမှာပါ

အကျိုးရှိရင် ဒီကမ္ဘာကြီးထဲရှိရှိသမျှ

အဆိပ်သင့်မျက်ရည်မြစ်တွေ၊

သေဆုံးနေတဲ့ မျက်ရည်ညတွေ

ခြောက်လွန်ကုန်ခမ်းသွားမှာပါဒီတော့

သူတို့ဆီကနေ လှပစိုပြေတဲ့

ကမ္ဘာသစ်လေးတွေ လုံးဝကို

ဖွဲ့စည်းလာနိုင်မှာပါ

ကဲ….ဒီကမ္ဘာသစ်လေးတွေအတွက်……