သူ...
ဆိုတာက
ခါးကို ခပ်ယို့ယို့လေး
ဖက်ရင် ကလိယားထိုးတယ်ထင်ပြီး
တဝါးဝါးတဟားဟား
ပေါ့ပေါ့ပါးပါးရယ်ရွှင်တတ်
သူ...။...
သူ...
ဆိုတာက
ခေါင်းပေါ်အမှိုက်တင်လို့
ဖယ်ပေးရင် သန်းမရှိဘဲ
သန်းရှာသယောင်လုပ်ပြီး
သူများရှေ့မှာ အရှက်ခွဲတယ်
ထင်၊ ရှင်းပြချက်တွေကို မျက်စိထဲမမြင်ဘဲ
ဇွတ်စိတ်ကောက်တတ်
သူ...။...
သူ...
ဆိုတာက
လက်အတူတွဲ လမ်းလျှောက်ရင်
ကျွန်တော့်လက်က ပွေးကြီးကြောင့်
ကူးမှာ ကြောက်ပြီး
မျက်နှာခပ်ပုတ်ပုတ်နဲ့
လက်ကို အမြဲခါထုတ်တတ်တဲ့
သူ...။...
သူ...
ဆိုတာက
မိုးရာသီဝတ်ကြွေးတစ်ခုကို
ဆပ်တယ်ပြောရမလားပဲ
စိုစွတ်မြေချောကြောင့်
သူချော်လဲတော့
ကိုင်မိ၊ စွဲရာ
စွဲကိုင်တာ...
မထင်မှတ်ဘဲ ခါးပတ်မပတ်လာခဲ့တဲ့နေ့နဲ့
သွားတိုက်...
အဲဒီမှာ သိက္ခာတွေ ဂျပိုးထကိုက်တော့တာက
ကျွန်တော့်ဘောင်းဘီကို
၁၅ ယောက်သော လူတွေ ရှေ့မှာ
ပြောင်တင်ကြီး
ချွတ်ချလိုက်တယ်..။...
ဒီအရှက်ကတော့ သူပေးလို့
စပယ်ရှယ်ကွဲခဲ့ရပါတယ်...
ဆိုပြီး ပြုံးပြုံးလေးတွေး၊ ကျွန်တော်
ကြံဖန်
အမှတ်ရနေမိတတ်တဲ့
သူ...။..
..................
ဘာပဲဖြစ်ဖြစ်ပါ...
သူပေးတဲ့ အမှတ်တရတွေဟာ
အတိတ်မှာသာမက
အခုရောပါ..
ရယ်ပြုံးစေလို့ နှလုံးသားထဲက ရင်ခုန်သံတွေ
လန်းဆန်းရယ်မောလို့ ကောင်းတုန်း...
ဒီလိုနဲ့...
အခုချိန်ထိပါ...
ရေမြေတွေခြားလည်း
အရင်အတိတ်
နှလုံးသားထဲက သူဟာ
အခုချိန်ထိ ရှိနေတုန်းပါပဲ...။..