နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, January 6, 2010

အနားမှာ

ရက်စက်တဲ့ ထုံးတမ်းအောက်မှာ
သက်သက်မဲ့ ရှုံးတမ်းကစားတယ်။
ဒီပြိုင်ပွဲငါမနွဲခင်ကတည်းက မင်းဆီကို
အရှုံးပိုက်အပြုံးဆောင်၊ မမုန်းအောင်လာခဲ့တာပါကွာ။
ပြိုင်ပွဲပြီးသွားတော့လဲ ငါ့ဘဝယိုင်လဲသွားသလိုပါပဲ
အပြင်မှာ လွမ်းလျက်၊ အိပ်မက်ထဲမှာ နမ်းလျက်ပါ။
ကျေနပ်ရောင့်ရဲမှုတွေက အစွန်းရောက်နေတော့
မင်းပြောသမျှခံ၊ မင်းလုပ်သမျှမှန်တယ်လို့ ငါထင်နေမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါကွာ...
မင်းစိတ်ကြိုက်ငါ့ကို အသုံးချပြီးရင်တောင်
အနားမှာ ဆက်နေခွင့်ပေးပါ။
တောင်းဆိုမှု အထိမ်းအမှတ်(သက်သေ)အဖြစ်
မျက်ရည်အစစ်တွေကို ပြရမှာလား။
ကျေးဇူးပြု၍.. ငါ့အား
သနားစွာ ထွေးပွေ့ပါ၊ ကြင်နာစွာ ဖေးမပါလို့
မတောင်းဆိုချင်တော့ပါဘူး။..
အနားမှာ ဆက်နေခွင့်လေးပဲ..
ဒါလေးပဲ..တကယ်ဒါလေးပဲ။
လျံနိုး

လူပျိုတစ်ယောက်၏ (နိစ္စဓူဝ)ဆိုသော

မနက်အချိန်မှန်နှိုးစက် ဂျပိုးကထိုးတော့ မထချင်ဘဲနဲ့ ထရပြန်ပြီ။ ထလိုက်တော့ မနေ့ညက ရေသောက်ပဲကြီးလှော်ဝါးပြီး အိပ်ထားတဲ့ ဗိုက်ကအစွမ်းပြတော့
“ဘူ..ဘူး…ဂွီ..”တဲ့ မနက်ခင်းနှုတ်ဆက်သံလေးပေါ့။ ကဲ မျက်နှာသစ်မယ်လုပ်တော့ ဘယ်ကရောက်နေမှန်းမသိတဲ့ ပိုးဟပ်က ဇလုံထဲမှာ တစ်ကောင်တည်း၊ ခွက်နဲ့ ခပ်ထုတ်ပစ်လိုက်တယ်။ နောက် မျက်နှာရေစွတ်တဗြွတ်ဗြွတ် လုပ်လိုက်တယ် သဘောကတော့ မျက်နှာသစ်တာပေါ့။ လန်းဆန်းမှုနဲ့ မျက်နှာသစ်ပြီတော့ အိမ်ထဲပြန်အ ဝင် မငုံ့မိတော့
“ဒုန်း” “အား… ဟူး” သတိမမူဂူမမြင်။ နောက် အိမ်ထဲကို ခပ်တည်တည်နဲ့ ကပ္ပလီလုပ်ပြီး ဝင်သွားတယ်။ ကြွက်လေးတစ်ကောင် ပန်းကန်စင်ပေါ်မှာ ပြေးနေတယ်။ စိတ်ထဲ ဘာမှမဖြစ်ဘူး ပန်းကန်တစ်ချပ် ဇွန်းတစ်ချောင်းဆွဲယူလိုက်ပြီး ရေဆွတ်လိုက်တယ်။ နောက် ထမင်းအိုးဖွင့်လိုက်တော့
“အယ်..ထမင်းမချက်ထားဘူးလေ မနေ့ကတောင်မှ ထမင်းချက်ဖို့ ပျင်းလို့ မချက်ထားဘူး ရပါတယ် မုန့်တီ(မုန့်ဟင်းခါး) နှစ်ရာဖိုးကစ်လိုက်မယ်” ဆိုပြီးအိတ်ကပ်ထဲ က နှစ်ရာယူပြီး မုန့်တီသွားဝယ်စားတယ်။ ပြန်လာတော့ ဝါသနာအရ စာထိုင်ရေးတယ်။ ဘောပင်၊ စာရွက်၊ စားပွဲဆွဲယူပြီး ခပ်အေးအေးထိုင်လိုက်တယ်။
“ဟ..ယားကျိ ယားကျိနဲ့ ဘာဖြစ်တာလဲ(ဖင်အောက်ကို တစ်ချက်ကြည့်လိုက်ပြီး) ဩော် ငှက်မွှေးတွေကိုး အပေါ်ကကျလာတာဖြစ်မယ်” လို့ ပြောပြီး လက်နဲ့ ဖယ်လိုက် သည်။ နောက် စာရေးဖို့ ဘာရေးရမလဲ စဉ်းစားသည်။ စဉ်းစားနေတုန်း ဖုန်းလာသည်။
“ဟ ဘယ်ကလဲ မသိဘူး နှင်းပွင့်(ရည်းစား)ဆီကလား၊ မဂ္ဂဇင်းတိုက်ကလား၊ အမေတို့ ဆီကလား၊ အမေတို့ ဆီကဆိုရင်တော့ အရေးခန်းနေတာနဲ့ အတော်ပဲ”
“ဂေါက် ဟယ်လို ဩ အယ်ဒီတာတိမ်ဖြူလား ဟုတ်ကဲ့ ကောင်းကောင်းလေးနဲ့ မြန်မြန်လေး ဟုတ်ကဲ့ပါ ..ဂေါက်”
ဖုန်းချလိုက်တော့ ဖုန်းပေါ်ကရလာတဲ့ သူ့လက်က ဖုန်တွေကို ခါလိုက်သည်။
“ဖျောက်ဖျောက်…ဖျောက်ဖျောက်”
ကဲ..ရေးတော့မယ်။
ကလောင်နာမည်က “မရေမရာ”။ ဟာသ၊ စုံထောက်ရေးသည်။ သီးခြားစီလဲရေးသည်။ ရောသမမွှေလဲ အခါအခွင့်သင့်သလိုလုပ်သည်။ ရေးရင် ရေးရင်းဝတ္ထုထဲ မင်းသားက မင်းသမီးကို ထမင်းဘူးနဲ့ အမှိုက်ဘူးမှားပေးမိတဲ့ အကြောင်းပါတော့
“အဲ..ထမင်းဆိုမှ သတိရတယ် ငါထမင်းမချက်ရသေးဘူးပဲ ကဲ ထမင်းချက်မယ်”
ထမင်းချက်ဖို့လုပ်ရင်း ဟာသစာရေးဆရာဆိုသည့်အတိုင်း ပါးစပ်ကလည်း လေးဖြူရဲ့ အတူတူအိပ်မ်မက်နေတုန်း၊ အတူတူလမ်းတစ်ခုလျှောက်တုန်းမှာ ပျောက်ကွယ် ဆိုတဲ့သီချင်းကို ဖျက်ဆိုလိုက်သည်။
“အတူတူအီးပေါက်နေတုန်း၊ အတူတူသေးပေါက်နေတုန်း၊ အတူတူလမ်းတစ်ခုလျှောက်တုန်းမှာ မြောင်းထဲကျတယ်။ ညစ်ကွယ် ညစ်မယ် နင်အားတင်းထားမှ ထွက် ကျလာမယ်။ စိတ်ဓာတ်မကျနဲ့ဦး ညစ်ပြီးရင်းညစ်ပါ၊ ညစ်ပါ(ညစ်ပါ) အတူတူသေးပေါက်နေတုန်း၊ အတူတူအီးပေါက်နေတုန်း၊ အတူတူလမ်းလျှောက်နေတုန်းမှာ မြောင်း ထဲကျတယ်”
ထမင်းအိုးတည်ပြီးတော့ စာဆက်ရေးတယ်။ စာထဲ ဘယ်လောက်တောင် ဈာန်ဝင်သွားလဲမသိဘူး။
“ဟာ..ထမင်းအိုး ထမင်းအိုး၊ တောက်..ပျော့ကုန်ပါပြီ” နောက် ပျာပျာယာယာနဲ့ ယောက်မအမြန်ယူပြီး အမြန်ယူပြီး မွှေလိုက်သည်။
“မထူးတော့ဘူး ဆီထမင်းပေါ့” ဆိုပြီး မထူးဇာတ်ခင်း ဆီထမင်းလုပ်လိုက်သည်။ နောက် စာဆက်ရေးသည်။ တစ်ပုဒ်ပြီးသွားတော့ ပြန်စိစစ်။ ပြန်ရယ်၊ မှားတာပြင်။ ပြီးတော့ ဗိုက်ဟာလာတာနဲ့ မြေပဲဆားလှော်(၁၀၀)ဖိုးတစ်ထုပ်သွားဝယ်သည်။ ပြန်လာတော့ မြေပဲဆားလှော်ကို ထောင်းတစ်လှည့်၊ မထောင်းတစ်ခါ ဆီဆမ်း၊ ထမင်း နဲ့ နယ်စားလိုက်သည်။
ဗိုက်ဆာနေလို့လားမသိ တစ်အိုး(တစ်ဘူးခွဲ) ကုန်သွားသည်။ ဗိုက်ပြည့်နေတယ်ဆိုတော့ ရှားလော့ဟုမ်း(အင်္ဂလိပ်ဘာသာ)နဲ့ ငြိမ့်နေလိုက်သည်။ ရထားတဲ့ဘွဲ့က အီး မေဂျာ။ မိဘတွေက နိုင်ငံခြားကိုခေါ်ပါသော်လည်း မလိုက်။ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ချင်တယ် ပြောပြီးနေခဲ့သည်။ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ဖို့ကျပြန် တော့လည်း မိဘများက စိတ်မချ၊ ထမင်းနပ်မမှန်မှာစိုးသည်။ ထို့ကြောင့် တစ်လငါးသိန်းကျော်ပို့သည်။ များလွန်းလို့ လက်မခံ။ နှစ်သိန်းပဲပို့ဖို့ တောင်းဆိုသည်။ တ ကယ်လို့ ပိုက်ဆံပြတ်ခဲ့ရင်လည်း ကိုယ့်အစွမ်းအစနဲ့ ကိုယ်ရုန်းဖို့ပေါ့။ မိဘတွေကတော့ ဟိုမှာအခြေခိုင်နေပါပြီ ဒါပေမဲ့ သူမသွားချင်၊ မြန်မာနိုင်ငံကို ချစ်တာလည်းပါ တာပေါ့လေ။ဖတ်ရင်းဖတ်ရင်း အိပ်ချင်လာတာနဲ့ စာအုပ်ကို ခွေးသေပုပ်လိုပစ်ပြီး အိပ်ချလိုက်သည်။
ပြန်နှိုးလာတော့ သူ့ကိုပြုံးပြုံးလေးစိုက်ကြည့်နေသော နှင်းပွင့်။ သူအံ့ဩသွားသည်။
(အာလုပ်သံနှင့်)
“နှင့်ပွင့် ဘယ်ကတည်းကရောက်နေတာလဲ”
“နာရီဝက်လောက်ကြာပါပြီ အစ်ကို မနှိုးသေးတာနဲ့ အိုးခွက်ပန်းကန်တွေ ပန်းကန်တွေဆေးထာလိုက်တယ်”
“အေး အေး ဒါနဲ့ နင်ဒီနေ့အလုပ်မရှိဘူးလား”
“မရှိဘူး အမေနေမကောင်းလို့ ဆိုင်ပိတ်တယ် ..အဲ…ဒါနဲ့ခေါက်ဆွဲဝယ်လာတယ် ရှမ်းခေါက်ဆွဲလုပ်စားရအောင်”
“အေး ကောင်းသားပဲ” (ထ၍)
နှင့်ပွင်းနဖူးပြင်လေးအား
“ရွှတ်”
အခြေအနေက ဒီထိတောင်ရောက်နေပါပြီ။ သို့သော် မှားမှားယွင်းယွင်းဘာမှမဖြစ်ကြသေးပါ။ မိန်းကလေးဘက်ကရော၊ ယောက်ျားလေးဘက်ကရော ထိန်းကြသည်။ မိဘနှစ်ဘက်စလုံးက ဒီအကြောင်းသိကြသည်။ မရေမရာနှင့် နှင့်ပွင့်မိဘတွေနဲ့တွေ့ပြီးပြီ။ မရေမရာမိဘဘက်နဲ့ကျတော့ နှင့်ပွင့်နှင့် ဓာတ်ပုံနှင့်ရော၊ အင်တာနက်နှင့်ပါ တွေ့ဖူးကြသည်။ ကောင်မလေးက သုံးနိုင်ဖြုံးနိုင်၊ သို့သော် စည်းကမ်းရှိသည်။ သပ်သပ်ရပ်ရပ်နေတတ်သည်၊ သို့သော် မရွံတတ်။ မရေမရာမှာ အရင်ကရည်းစားရှိ သည်၊ ဘိုသီဖတ်သီနေလို့ ဆိုပြီးလမ်းခွဲလိုက်သည်။
“ဒါနဲ့ နှင့်ပွင့် ငါဇာတ်လမ်းတစ်ပုဒ်ရေးထားတယ်၊ ဖတ်မလား ဝတ္ထုလိုပါပဲရေးထားတာ”
“ဘယ်မှာလဲ ဖတ်စေချင်လို့လား ဖတ်ပေးမယ်လေ ပေး ပေး”
“ဘယ်ကလာဖတ်စေချင်ရမှာလဲ နင်အရမ်းဖတ်ချင်မလားလို့”
“ကဲပါ ဖတ်ချင်တယ်ပဲထားပါတော့”
“ရော့”
ထိုအခါ နှင့်ပွင့်စာရွက်ကို လှမ်းယူလိုက်သည်။
ကောင်လေးထိုင်ချလိုက်သည်။ ကောင်လေးပေါင်ပေါ် ကောင်မလေးကအိပ် စာဖတ်။ ကောင်လေးက ကောင်မလေးရဲ့ သန်းတုပေး။(ဟဲ..ဟဲအလကားပြောတာ ယုံမ လားလို့) မဟုတ်ပါဘူး။ နဖူးပြင်လေးကို ပွတ်သတ်ပေးတာပါ။(တယုတယကြင်ကြင်နာနာပေါ့)ကောင်မလေးကတော့ ဖတ်ရင်းရယ်၊ ရယ်ရင်းဖတ်။ ခဏအကြာ ဇာတ် လမ်းလေးဖတ်လို့ ပြီးသွားတော့ ရှမ်းခေါက်ဆွဲ ပြုလုပ်ခြင်း အစီအစဉ်။ ချက်ပြီးသွားတော့ ခူးကြခပ်ကြ၊ ခွံ့ကြကျွေးကြ တဟဟနဲ့ပေါ့ သူတို့လည်း သူတို့ပျော်စရာနဲ့ သူ တို့
“ဟ” “အင်း”
“ကောင်းလား” “ကောင်းတယ်”
“နှင့်ပွင့်အလှည့် ဟ” “အင်း”
“ဖွဖွ သီးသွားဦးမယ် ဖြည်းဖြည်းစား ရေဒီမှာ ရော့ရော့”
“ဟွန့် ဒီကဖြင့် ဘာမှမဖြစ်သေးဘူး တော်တော်ဖြစ်စေချင်နေတယ်ပေါ့လေ”
“တယ် ဒီကလေး စကားမများနဲ့”
“ဟုတ်တဲ့ တိုတို”
“တိုတိုလို့မခေါ်နဲ့ငါဘယ်နေရာမှ မတိုဘူး”
“ဟင်းဟင် အစ်ကိုတို့ကတော့ လုပ်ရော့မယ်”
“စာကြမယ်ဟေ့ စားကြမယ် ဒေါ်ပုမကသေးပေါက်ချ ဦးတုတ်ကြီးနဲ့ရ သူနဲ့ရဟေ့ သူနဲ့ရ”
“ဟင် ဘာမှလည်းမဆိုင်ဘဲနဲ့“
“ဆိုင်တာပေါ့ ဘာလို့မဆိုင်ရမှာလဲ မူရင်းသီချင်းကို ကြည့်လေ ပင်စိမ်းသီးအညှာခြွေချ၊ တောင်ကြီးသူမသူနဲ့ရတဲ့ ဘာမှမဆိုင်ဘူး ပင်စိမ်းသီးကိုပဲ အညှာခြွေချရတာနဲ့ တောင်ကြီးသူမသူနဲ့ရတဲ့ ဒါကြောင့်ငါလည်း ဒေါ်ပုမကသေးပေါက်ချလို့ ဦးတုတ်ကြီးနဲ့ရတယ်ဗျို့ လို့ဆိုတာပေါ့”
“ကဲ ဟုတ်ပါပြီ မရေမရာရယ်”
“ကဲ စားလို့ဝရင် ဒီအတိုင်းထားလိုက်၊ နှင့်ပွင့်ဆေးလိုက်မယ်”
“အေး စားလို့တော့ ကောင်းတယ်ကွာ”
“ကောင်းမှာပေါ့ နှင့်ပွင့်လက်ရာကိုး”
“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ငါ့အချစ်လေးက တော်ပါတယ်ဗျာ”
“ကဲ ကဲ စာရေးချင်ရင် သွားရေး ဒီမှာ ပန်းကန်ဆေးလိုက်ဦးမယ်”
“နောက်မှ ရေးလိုက်မယ် အခုမေရယ် မောင်ရယ်နှစ်ကိုယ်တည်းကွယ် အချိုတည်းမယ် ငှက်ပျောသီးနှစ်လုံးကိုကွယ်(ငှက်ပျောသီးကိုပေးလိုက်ပြီး)ရော့”
“ထားထားလိုက် ပန်းကန်းဆေးပြီးမှ စားလိုက်မယ်”
နောက် နှင့်ပွင့်အား အသာအယာပွေ့ဖက်လိုက်ပြီး
“ထားလိုက်ပါ အဲဒါတွေ ငါဆေးလိုက်မယ် နောက်မှ ငါလုပ်လိုက်မယ်”
“အစ်ကို ဆေးတယ်ဆိုရင် နှင့်ပွင့် စိတ်မချဘူး ဆုံးမတာမဟုတ်ပေမဲ့ ဒီလို ပေါ့ပျက်ပျက်မနေစမ်းပါနဲ့လား ကြာရင် ရောဂါတောင်ရနိုင်တယ်နော်။ အခုကြွက်တွေဆိုရင် ဟိုပြေးဒီလွှားနဲ့ အစ်ကို ဘာမှမဖြစ်ပေမဲ့ နှင့်ပွင့်ကတော့ ဖြစ်တယ်အစ်ကို အစ်ကိုတစ်ခုခုဖြစ်ရင် နှင့်ပွင့်နဲ့ ခွဲရမှာ နှင့်ပွင့်မလိုလားဘူး”
“အေးပါကွာ အေးပါ”
“အေးပါပြောတာတွေလည်း များနေပြီ ဒီကစိတ်ပူလို့ ပြောနေတဲ့ဟာကို”
“ငါနားလည်ပါတယ်ကွာ”
“တော်ပြီ ဒီအကြောင်းမပြောတော့ဘူး”
“နှင့်သဘော နှင့်ဘော”
ပြောရင်းပြောရင်း စားထားပြီးသား ငှက်ပျောသီးအခွံကို လမ်းမဘက်ပစ်ထုတ်လိုက်သည်။
“ဟောကြည့် ပြောရင်းဆိုရင်း”
(စပ်ဖြဲဖြဲမျက်နှာနှင့်)
“အေး အေးဆောရီး ဆောရီး”
“လုပ်ပါ လုပ်ပါ”
“ငါအိပ်ခန်းထဲမှာ စောင့်နေမယ် ပြီးရင်လာခဲ့”
“ဟုတ်ကဲ့ပါရှင့်”
နောက် အိပ်ခန်းထဲဝင်ပြီး ဖတ်လက်စ ရှားလော့(ဒ်)ဟုမ်းကို ဆက်ဖတ်နေလိုက်သည်။ အိမ်ကတစ်ထပ်တိုက်ပုလေး။ တစ်ကိုယ်တည်းနေဖို့ မိဘတွေက ဝယ်ပေးထား တာဖြစ်သည်။ ရပ်ကွက်က လူလတ်တန်းစားနှင့် အခြေခံလူတန်းစားရောနေသောရပ်ကွက်။ လမ်းအခြေအနေဆိုရင်လည်း မိုးရွာထားလို့ စိုစွတ်နေချေပြီ။
“ပြီးပါပြီရှင် ပြီးပါပြီ ဘာပြောမလို့လဲ”
ကိုယ့်ချစ်သူပဲဟာ ဘာပြောမလို့လဲ ဘာလဲနဲ့ ဘာပြောပြောပေါ့ လာ ဒီမှာခေါင်းတင်ပြီးအိပ်” ဆိုပြီးပေါင်ပုတ်ပြလေသည်။ နောက်
“ငါသန်းတုပေးမယ်”
“အံမယ် နှင့်ပွင့်မှာ ဘာသန်းမှ မရှိပါဘူးနော်”
“စတာပါ စတာ ကဲ ရှိတ်စပီးယားပုံပြင်ထက်ကောင်းတဲ့ ပုံပြင်ပြောပြမယ်နားထောင် ကဲ နားထောင်”
“ပြောတဲ့အတိုင်းကောင်းပါစေနော် မကောင်းလို့ကတော့ နားပူတာမခံနိုင်ဘူ”
“ဟိုးရှေးရှေးတုန်းက မဟုတ်တဲ့ တစ်ချိန်တုန်းကပေါ့……..******…………………******^^^^”
ပုံပြင်ပဲကောင်းလို့လား၊ တံထွေးစင်လွန်းလို့လားမသိဘူး၊ ပုံပြင်မဆုံးခင် နှင့်ပွင့်တစ်ယောက် မျက်စိမှိတ်၊ ပါးစပ်ပိတ်ပြီး အိပ်ပျော်သွားရှာပြီ။ နာရီကြည့်တော့ (၃)နာရီ ထိုးနေချေပြီ။ နှင့်ပွင့်ဆံကေသာအားအသာအယာပွတ်သပ်ရင်း နှင့်ပွင့်မျက်နှာအား အကြင်နာမျက်လုံးများဖြင့် လွှမ်းမိုးထားလိုက်လေသည်။
ကြာလာတော့ ပေါင်တွေတောင့်လာသည်။ နှင့်ပွင့်နိုးမှာ စိုးလို့မလုပ်ရဲ။ (၅) နာရီထိုးတော့ ပေါင်တွေမခံမရပ်နိုင်လောက်အောင် တောင့်လာသည်ကတစ်ကြောင်း၊ မိုးချုပ်ခါနီးမို့ မနှိုးမအဖြစ်နှိုးရမည်ကတစ်ကြောင်း၊ စသည့်အကြောင်းများကြောင့် နှင့်ပွင့်ကို နှိုးလိုက်သည်။
“ကဲ နှင့်ပွင့် မျက်နှာသွားသစ်တော့ ပြီးရင်ညောင်းတော့ နှင့်ပွင့်အမေစိတ်ပူနေလိမ့်မယ်”
မျက်နှာသစ်ပြီးနှင့်ပွင့်အိမ်ခန်းထဲ ပြန်ဝင်လာသည်။
“သွားတော့မယ် အိမ်ရှေ့ထိလိုက်ပို့ပေး”
“အေး ခဏ”
(နှစ်ယောက်သား အပြန်အလှန်နမ်းကြသည။်) နောက် အိမ်ရှေ့ထိ နှင့်ပွင့်ကို လိုက်ပို့သည်။
“သွားတော့မယ်နော်”
“အေး သန်ဘက်ခါကျရင် နှင့်ပွင့်တို့အိမ်လာခဲ့မယ် နှင့်ပွင့်အမေကို ပြောလိုက်”
“အင်း အင်း ကဲ သွားပြီ”
နှင့်ပွင့်ထွက်သွားပြီးအတန်ငယ်ကြာသည်အထိ နှင့်ပွင့်ကျောပြင်အားငေးကြည့်ရင်း သူကျန်ခဲ့သည်။
ဘေးနားမှာ သားအမိနှစ်ယောက်
“ဟဲ့ အကောင်ရဲ့ အဲဒါသူများပေါင်ထားတဲ့ အကျီတွေဟဲ့ ပြန်လာစမ်း”
“ခဏလေးပါ အမေရယ် ပြန်လာခဲ့မယ် မကြာပါဘူး”
“ဆဲဆိုသံ………………”
အပေါင်ပစ္စည်းများအား ဝတ်စားထားသော ထိုလူငယ်သည် နောက်တလှည့်ကြည့်ကြည့်နှင့် လျှောက်သွားရာ စောစောက မရေမရာ ပစ်ခဲ့သော ငှက်ပျောသီးခွံအား နင်းမိပြီး ချော်လဲသွားသည်။ လမ်းက ကတ္တရာလမ်းမဟုတ်သည့်အပြင် စိုစွတ်နေသည်။ ရယ်ရအခက်နော် သူများလဲတာ။ အလျှင်အမြန်သွားထူပေးလိုက်သည်။
အိမ်ထဲပြန်ရောက်တော့ အဲဒီအကြောင်းတွေပြီး ရယ်တယပေါ့ တဝါးဝါးတဟားဟား။ နောက် ကွန်ပျူတာနှင့် အီးမေး(လ်)ဖတ်ပို့၊ အင်တာနက်ပေါ်မှ ဂိမ်းများကစားစ သည့် အလုပ်များဖြင့် အချိန်ကုန်စေရာ (၉)နာရီပင်ထိုးသွားတော့ မျက်စိလည်းညောာင်းတာကြောင့် အိပ်ရာဝင်လိုက်သည်။ ထိုအခါ
ဂျပိုးတစ်ကောင်ကို တွေ့တာနဲ့
“ဟလို အချိန်မှန်နှိုးစက်လေးရေ မနက်ဖြန်လည်းနှိုးပေးဦးနော်” လို့ ပြောလိုက်သည်။
မကြာမီအိပ်ပျော်ခြင်းနယ်မြေထဲသို့ (မရေမရာတစ်ယောက်)ခြေစုံပစ်ဝင်လိုက်တော့သည်။
ဤသည်ကား လူပျိုတစ်ဦး၏ (နိစ္စဓူဝ)နေ့တည်း။
လျံနိုး