ကစုန်ဆိုင်းနေတဲ့အချိန်
ကိုယ့်မြင်းကိုယ်စိုင်း
စစ်ကိုင်းရောက်ရောက်လို့
သဘောမထားဘဲ
ပြိုင်ပွဲတစ်ခုရဲ့ ရနံ့များ
အရသာရှိရှိနမ်းရှိုက်ဖို့ရာ
ကိုယ့်ပြိုင်ဘက်လေးတွေ
ကျရှုံးနေရင်
ပြိုင်ဘက်ကောင်းပီသဖို့ရောပ
စောင့်တန်စောင့်မှာပါ..။
နွေမနက်ခင်းတစ်ခုရဲ့
အရသာခပ်ရှိန်းရှိန်းအတက်အဆင
သူတို့နဲ့ အတူခံစားမှ
ကိုယ်လည်း ပြိုင်ဘက်တစ်ယောက်ပီသ
သူလည်း ပြိုင်ဘက်ကောင်းတစ်ယောက်ကို
လေးစားမှာ...
သူကျရှုံနေတဲ့အခါ တွဲထူမှာ..
သူလဲပြိုနေတဲ့အခါ
ဖေးမမှာ...
သူအားနည်းတဲ့အခါ အနိုင်မယူပါ..
အဘယ်ကြောင့်ဆိုသော်..
မုဆိုးကောင်းဟူသည်
အိပ်နေသော သားကောင်
အားနည်းနေသော သားကောင်
ချောင်းပစ်ရိုးထုံးစံမရှိသက
ပြိုင်ဘက်ကောင်းတစ်ယောက်သည်
လဲပြိုအားနည်းရှုံးနိမ့်နေသေ
ပြိုင်ဘက်တစ်ယောက်ကို
အနိုင်မယူ......။..။.။။။