နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, December 24, 2009

အချိန်


နံရံကိုမှီရင်း ဆေးလိပ်တဖွာဖွာနဲ့ ဇိမ်ရှာ
နေကြသူတွေ သူတို့မို့ အချန်အကြာကြီးကို
တန်ဖိုးမထားတတ်ကြဘူး။
ကျွတ်ကျွတ်..ကျွတ်ကျွတ်
နေတက်ဆင်းလို့ မနက်ခင်းပဲ
ရောက်နေပြီ မထကြသေးဘူး။
အား..သနားလိုက်တာ
ဒေါင်းဒင်..ဒေါင်ဒင်.ဂျောင်ဂျင်..ဂျောင်ဂျင်နဲ့
ဂီတာသင်အကြောင်းပြပြီး သီချင်းလျှောက်ဟစ်လို့
အပျင်းနှောက်ယှက်ကြသူတွေ၊ နောက်
စီးပွားရေးအကြောင်းပြ လူစုကြတဲ့၊.......
ဘာလုပ်ဖို့လဲ..လက်ဖက်ရည်ဆိုင်ထိုင်ပြီး
ချဲ၊ ထီကွဲမည်မသိဘဲ တွက်ကြမည်.....ဩော်
အသက်ကြီးပြီး အချိန်မစီးကြသူများ။
တငေးတငိုင် ဦးခေါင်းယိုင်တိုင်တိုင်နဲ့
အလုပ်မရှိ၊ ဘာလုပ်ရမယ်မသိကြသူများ
ဟင်း....အချန်ဖြုန်းတဲ့ လူတွေအကြောင်းပြောရင်တော့
ကိုယ်လဲ အချန်ဖြုန်းသူဖြစ်ဦးမယ်။
အချိန်ရဲ့တန်ဖိုးနဲ့ သာဓကများ သူတို့မသိကြရော့ထင်။
ကမ္ဘာဟောင်းသွားသည့်တိုင်
မပြောင်းလဲကြသေးရင်တော့
ဆန်ကုန်မြေလေးပဲ ဖြစ်ပြီး
ပျံကုန်ငွေကြေးတွေပဲ ဖြစ်မှာ...
ဩော်..အချိန်..အချိန်..တစ်မိနစ်ဟာ
သုံးတတ်ရင် ပြည်တန်ပါတယ်။
အချိန်ရှိသေးသရွေ့ လက်တွဲထားအချိန်နဲ့..
(မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိရင် နားလည်ခွင့်လွတ်ပါ။)
လျံနိုး

စိတ်နဲ့ကိုယ်နဲ့မကပ်သောပြသနာ


ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ ရေးရမယ်ဆိုရင် ဝါသနာက စာရေးဆရာ ဆိုတော့ စာရူးပေရူး။ အကုန်ရေးတယ်။ပြောရရင်ဖြင့် ဆောင်းပါးလည်းရေးတယ် ဆိုတာက ကိုယ့်ကိုကိုယ်ဆုံးမတဲ့ အနေနဲ့ ရော
ပညာပေးတဲ့ အနေနဲ့ရော ရေးဖြစ်တယ်။ ဥပမာ-ကျွန်တော်အရမ်းအပျင်းထူနေရင် မပျင်းဖို့ so on စသည်ဖြင့် ပေါ့ဗျာ..။ ကဲ အတွေးတစ်စစီကို အစချီရမည်ဆိုလျှင်လောကတွင် လူသားတို့ ရှင်သန်နေထိုင်ကြသည်၊ စားကြသောက်ကြသည်၊ ပျော်ကြပါးကြသည်၊ ချစ်ကြပွေ့ကြပိုက်ကြ နမ်းကြကြင်နာကြသည်။ မုန်းကြသည်၊ ယုတ်စွအဆုံး မျက်စိဖွင့်တာမှအစ မျက်စိဖွင့်တာအဆုံး။ ၎င်းပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်း ကြိယာများကို လူတို့၌ ဖြစ်တည်ရာတွင် စိတ်ကသာ အဓိကဦးဆောင်ပါသည်။
လူတစ်ဦးကို မုန်းနေသလား စိတ်မှပင် သိသည်ချည်းဖြစ်သည်။ လူတို့ပြောကြသည့် စကားများထဲတွင် အသည်းခိုက်အောင် မုန်းသည်။ အရိုးထဲထိအောင် မုန်းသည်။ ဒါတွေသည် စကားကို ချဲ့ထွင်ပြောတာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် သူ့တို့ခံစားချက်ကို လူသိစေချင်လွန်း၍ ဖြစ်သည်။ အသည်းခိုက်အောင် မုန်းသည်ဆိုရသော် အသည်းထဲတွင် အ မုန်းတရားရှိပါ၏လောဟု ကပ်သတ်မေးခွန်းဟုထင်ရသော အမှန်တရားဘက်မှ မေးခွန်းကို မေးသော် မရှိပါဟု လူတိုင်းက ပြန်ဖြေပါလိမ့်မည်။ အဟုတ်အတိုင်းအမှန်အတိုင်း ကတ်သပ်ထပ်၍ ပြောရပြန်လျှင် လောကတွင် အသည်းသည်ခန်ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင် သေသေချာချာဂဃဏန ရှိသည်ကို မသိသူ အများအပြားရှိသည်။ ကျွန်တော့်၏ နုနယ်နည်းပါးလှသော အတွေ့အကြုံ ထဲတွင်ပင် အများအပြားရှိပါသည်။

ဘယ်နေရာတွင် ရှိမှန်းမသိသည့် အသည်းကို ဥပမာပေး၍ မုန်းသည် မဖြစ်နိုင်ပါ။
အရိုးထဲထိအောင် မုန်းသည် စကားနှင့် ပတ်သက်၍ ပြောစရာ စကားအနည်းငယ်ရှိပါသည်။ လူတစ်
ဦးတစ်ယောက်အား အရိုးထဲတွင် ဘာရှိပါသနည်းဟု မေးလျှင် ထိုသူမှ ရိုးတွင်းချင်ဆီနှင့် ချင်ဆီအကြောများသာ ရှိပါသည်ဟုပြန်ဖြေပါလိမ့်မည်။(ဒီလိုပြောလို့ လူ့ကတ်သတ်လို့ ပြောချင်ပြောကြပါ ဒါတွေသည် အမှန်တရားဘက်မှ ကတ်သတ်ခြင်းဖြစ်သည်။)ထို့ကြောင့် အမုန်းတရားတည်းဟူသော စိတ်ခံစားချက်သည် အသည်းမှလည်းမလာပါ။ အသည်းထဲတွင်လည်းမရှိပါ။ အရိုးတွင်လည်း ထိုနည်းတူ ဖြစ်သည်။
စိတ္တဇနာမ်တည်းဟူသော စိတ်ခံစားချက်များသည် လူ၏စိတ်အတွင်းမှသာ လာသည်ချည်းဖြစ်သည်။ ဥပမာ-အချစ်၊ အမုန်းအစ စိတ်အတွင်းမှသာ လာသည်ချည်းဖြစ်သည်။ အချစ်-နှလုံသားနဲ့ ရင်းပြီးချစ်တယ်တဲ့။ ကတ်သီးကတ်သတ်ဘက်မှ ပြောရပြန်လျှင် အသားမည်း၊ သွားခေါ ရုပ်အရမ်းဆိုးတဲ့ လူကိုချစ်မယ့်လူရှိရဲ့လား လှလို့ချစ်တာမဟုတ်ချစ်လို့လှတာလို့ ပြောကြသည် ဒီကောင်လေး(သို့)ဒီကောင်မလေးလှတယ်(သို)ချောတယ်လို့ စိတ်ထဲမှ အသိအမှတ်ပြုပြီး အချစ်ဆိုသော တဏှာကြီးသည် မီးကင်ထားသော ပျားလပို့ပမာ တဖြည်းဖြည်းယိုကျလာတာ ဖြစ်သည်။ အကယ်၍ ငြင်းဆိုချက်ကို အချစ်စစ်ဘက်မှ ထုတ်ခဲ့လျှင် ကျွန်တော်ပြောတာကို အသေအချာစဉ်းစားကြည့်ပါလို့ သာပြောချင်ပါသည်။ သို့ဖြစ်၍ ကြီးကျယ်သော ခံစားမှုများသည် စိတ်မှသာလာပါသည်။
အကြမ်းဖျင်းပြောကြည့်လျှင် ဆန္ဓတစ်ခုသည် စိတ်မှလာသည်။ ထိုဆန္ဒဖြစ်ပေါ်ပြီးနောက် လုပ်
ဆောင်သည်။ လုပ်ဆောင်ပြီးနောက် ဖြစိခြင်း၊ ရှိခြင်း၊ ဖြစ်ပေါ်လာသည်။ ကမ္ဘာကျော်ပုဂ်ဂိုလ်များထဲမှဆိုလျှင် အလင်းတို့သခင် သောမတ်(စ်)အက်ဒီဆင်ကို ဥပမာအနေနှင့် ပြရပေမည်။ သူ့နေရာကအစားဝင်ကြည့်လျှင် လျှပ်စစ်မီးသီးတီထွင်ရန် အရင်ဦးဆုံးဆန္ဒရှိသည် နောက်ဆန္ဒအလျှေက်လုပ်ဆောင်သည်။ သို့သော်သူမအောင်မြင်ချေ။ အကြိမ်ကြိမ်ကျရှုံးနေပါသော်လည်း စိတ်၏သားကောင်းရတနာဖြစ်သော ဇွဲဖြင့်အကြိမ်ကြိမ်ကြိုးစားရာ အောင်မြင်သည်။ သူအောင်မြင်ရခြင်းမှာ စိတ်ကြောင့်သာဟု ပြောလို့ရသည်။ အက်ဒီဆင်မှတပါး အခြားသာဓကပြစရာများစွာရှိသည်။ သို့သော် အကောင်မြင်ဖို့ရန်အတွက် အရိပ်သာလျှင်ပြလိုက်သည်။
စိတ်တန်ခိုးနှင့် ပတ်သက်၍ ကမ္ဘာကျော်စာရေးဆရာကြီးများစွာက စာတစ်စောင်ပေတစ်ဖွဲ့ အုပ်နှင့်ပေနှင့် ရေးကြညွှန်းကြသည်။ ဟောကြပြောကြသည်။ ထိုသို့ ရေးရ၊ ပြောရ၊ ဟောရညွှန်းရလောက်အောင်လည်း အရေးပါသည်။အက်ဒီဆင်တို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအား ကြည့်ပါ။ စိတ်တန်ခိုးဖြင့် သာအောင်မြင်ကြသည်ချည်းဖြစ်သည်။ နောက် အလုပ်တစ်ခုလုပ်ရန် ဆုံးဖြတ်ချက်ချပြီး ပါကတစ်ဝက်ခန့်အောင်မြင်နေပြီဟု ကမ္ဘာကျော်ပုဂ္ဂိုလ်အချို့က ဆိုကြသည်။ ဆုံးဖြတ်ချက်ပဲ ချတာ။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် စိတ်၏ အရေးပါမှုကို ကွက်ကွက်ကွင်းကွင်းတွေ့နိုင်သည်။ နောက် အရေးကြီးဆုံးတစ်ချက်မှာ အလုပ်တစ်ခုအား ဟန်ပြမလုပ်ဖို့ရန် ဖြစ်သည်၊ ကိုယ်လုပ်နေသော အလုပ်တစ်ခု လုပ်နေစဉ် စိတ်မပါလျှင် လုံးဝအောင်မြင်ထိရောက်မည် မဟုတ်ချေ။
ဥပမာ-ဝင်ကစွပ်ကောင်ကလေးများသည် သွားလာသောအခါ အထဲမှ ခရုလေးသယ်ဆောင်မှ အပြင်က အခွံပါ ရွေ့သည်။ အထဲက ခရုလေးမရှိလျှင် အပြင်ကအခွံ လုံးဝရွေ့မည်မဟုတ်ချေ။ ထိုနည်းတူ လူတို့၏ ခန္ဓာကိုယ်တွင်လည်း စိတ်သွားမှ ကိုယ်ပါ၊ စိတ်သယ်ဆောင်မှ ကိုယ်ရွေ့သည်၊ စိတ်မပါ လျှင်ကိုယ်မသွားနိုင်ချေ။ သို့သော် ခြွင်ူချက်တစ်ခု အနေနှင့် တစ်ချို့မသွားချင်ဘဲ သွားရတာမျိုးရှိသည်၊ ထိုအခါမျိုးကျတော့လည်း စိတ်ကသွားသင့်သည့်သည်ထင်၍ သွားရသည်။ ထို့ကြောင့် စိတ်မှသာ ဖြစ်တည်လာတာ ဖြစ်တည်လာတာ ဖြစ်သည်။ သို့သော် လုပ်သင့်သည် ထင်၍ လုပ်လိုက်
သော အရာတစ်ခုသည် လုံးဝမအောင်မြင်ပါ။
တစ်ချို့ပုဂ္ဂိုလ်များ ရှိကြပါသည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို မိမိကဘာဖြစ်လို့ သားသမီးဘာနဲ့ အတင်းခိုင်းစေကြသည်။ အဲဒီလို ခိုင်းစေတာကို သားသမီးတွေ စိတ်ပါရင်ပါ မပါရင်တော့ လုံးဝအောင်မြင်မည်မဟုတ်ပါ။ ခြွင်းချက်အနေနှင့် တစ်ချို့ပုဂ္ဂိုလ်များသည် လွန်ဆန်၍ မရမှန်းသိသောကြောင့် ကြိုးစားကြသည် အနည်းအကျဉ်းပါ။ ကိုယ်ပတ်ဝန်းကျင်မှာ ရှိရင်လည်း ကြည့်ထားကြပါ အနည်းအကျဉ်းထဲကလား အများစုထဲကလား တစ်ခုခုတော့ တစ်ခုခုပဲ။ ထို့ကြောင့် ကိုယ်လုပ်တိုင်းစိတ်မပါလျှင် သေချာစွာ ပြောရဲပါသည် လုံးဝအောင်မြင်မည်မဟုတ်ပါ။ ဤအလုပ်မျိုးကို တစ်နည်းအားဖြင့် စိတ်နဲ့ကိုယ်နှင့် မကပ်ဟုပြောလို့ရသည်။
စိတ်နဲ့ကိုယ်နှင့် မကပ်ခြင်းအကြောင်းကို ပြောရလျှင် စိတ်နဲ့ကိုယ်နှင့်မကပ်သော လူတစ်ယောက်သည်ဘာလုပ်လုပ်အဆင်မပြေတော့ချေ။ အလွဲလွဲအမှားမှားတွေ ချည်းဖြစ်တတ်သည်၊ ဆုံးရှုံးမှုတွေချည်း ရတတ်သည်။ ဥပမာ-ကျွန်တော် ကြုံရသည့် အဖြစ်၊ စိတ်ထဲစာအကြောင်းလေး ဘာလေးအတွေးလေးရပြီဆိုလျှင် စိတ်နဲ့ကိုယ်နှင့်သိပ်မကပ်ချင်တော့ ရိုင်းတယ်လို့ တော့မထင်စေချင်ဘူး အဝတ်အစားလဲတုန်းက စိတ်ကလွင့်နေတာ အဲတာ အောက်ခံဘောင်းဘီကြီးကိုင်ထားပြီး စွပ်ကျယ်အမှတ်နဲ့ ခေါင်းမှာ စွပ်၊ နောက်မှပြန်ကြည့်တော့ ဟဘောင်းဘီကြီးပါလားဆိုပြီး ခွာချလိုက်ရတယ်။ နောက်အတွေးလေးရတုန်း ပြောရမယ်ဆိုရင် အပြင်သွားမလို့ အောက်ထပ်မှာ မိန်းက
လေးတွေရော၊ ယောကျာ်းလေးတွေရော စောင့်နေကြတယ်။ ကျွန်တော်ကအဝတ်အစားလဲနေတာစိတ်ကလောလွန်းလို့ အပေါ်က ရှပ်အင်္ကျီတခမ်းတနားနဲ့ အောက်ကအောက်ခံဘောင်းဘီနဲ့ အောက်ထပ်ကို ဆင်းသွားတာ ပြန်တွေးရင်
တောင် ရှက်တယ်။

နောက် အသက်အန္ဓရာယ်စိုးရိမ်ရတဲ့ အထိလည်းဖြစ်ဖူးသည်။ ကားကဆင်းရမယ့်နေရာရောက်ပြီ စိတ်ကကိုယ်နဲ့မကပ် မဆင်းသေးဘူးအင်တင်တင်လုပ်နေတုန်းကားဆရာက ဆင်းပြီထင်ပြီး ဝူးကနဲ ထွက်အမောင်း ကျွန်တော်ကလည်းအဆင်း တော်သေးလို့ မိန်းကလေးတစ်ယောက် လှမ်းဆွဲလိုက်တယ်။ ဒါတွေက စိတ်နဲ့ကိုယ်နဲ့မကပ်ရင် ဖြစ်တတ်တဲ့ ကိစ္စကြီးကြီးမားမားတွေနဲ့ နှိုင်းယှဉ်လိုက်လျှင်အသေးအဖွဲမျှ။ ဆိုပိါစို့ အကြမ်းဖျင်းရေးကြည့်ရင်
လူအများကြီးရဲ့အသက်ကို တာဝန်ယူထားရသော ကားဆရာတစ်ယောက် စိတ်နဲ့ကိုယ်နဲ့မကပ်ရင် ရေးတောင်မရေးဘဲ အတွေးလေးကို ဖြန့်ကြည့်ရင် အလွယ်တကူသိနိုင်ပါတယ်။ ပြောရလျှင် အများကြီး ဓာတုဗေဒပညာရှင်၊ နိုင်ငံ့အကြီးအ
ကဲ လမ်းသွားလမ်းလာ စာဖတ်သူကိုယ်တိုင်(ကျွန်တော့်အရိပ်အမြွက်လေး)ကို အခြေခံပြီး အများကြီး စဉ်းစားသိရှိနိုင်ပါသည်။
ဆိုရလျှင် စိတ်နဲ့ကိုယ်နှင့်မကပ်ခြင်းသည် ယေဘုယျအားဖြင့်()မျိုးကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ ()အနာဂတ်အား ကြိုတင်မှန်းဆ၍ ခံစားချက်တစ်ခုခုဖြစ်ပေါ်တတ်ပြီး ထိုခံစားချက်သည် စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊နဲ့ဖြစ်တတ်ခြင်းဥပမာ-ရေကူးအလွန်ဝါသနာပါသူတစ်ယောက် ရေကူးပြိုင်ပွဲတွင် ငါသာပထမရခဲ့ရင် ဆိုတဲ့အတွေးတွေးပြီးရေးကူးခြင်း နှောင့်နှေးသွားတတ်သည်။

စိတ်နဲ့ကိုယ်နှင့်မကပ်သောပြသနာ()()တစ်စုံတစ်ရာ ခံစားချက်ဖြစ်ပေါ်ပြီး ထိုခံစားချက်သည် စိတ်ညစ်စရာဆိုလျှင်မှိုင်နေတတ်ခြင်း()အတိတ်က ပြုလုပ်ခဲ့သော အမှားများအားအကြီးအကျယ် နောင်တရကာ မိမိကိုကိုယ် ယူကျုံးမရဖြစ်ခြင်း()အတိတ်က ပြုလုပ်ခဲ့သော အမှားအား အကြီးအကျယ်နောင်တရကာ မိမိတွင် ထိုအမှာ၏ အကျိုးဆက်ဘာများဖြစ်ပေါ်အံ့နည်း ဆိုပြီး တွေးပူနေတတ်ခြင်း--စသည့် အကြောင်းများကြောင့် ဖြစ်ပေါ်တတ်ပါသည်။
စဉ်းစားကြည့်လျှင် စိတ်နဲ့ကိုယ်နှင့်မကပ် ခြင်း၏ အကျိုးဆက်(သို့)ဆိုးကျိုးကို ကွက်ကွက်ကွင်းကွင်း သိမြင်တွေးသိနိုင်သည်။ တချို့လူတွေ ရှိပါသည်။ ရည်းစားကြောင့်၊ ဘာကြောင့်ညာကြောင့် စိတ်နှင့်ကိုယ်နဲ့မကပ်ဘူး ဘာညာနဲ့သီချင်းအဖြစ်ဆိုကြ၊ ရေးကြ၊ စာအဖြစ်ရေးကြနဲ့။ ရေးရလောက်အောင်လည်း အရေးပါသော၊ ဆိုးရွားသောကြောင့် ဖြစ်သည်။ လက်ရှိကမ္ဘာပေါ်တွင် စိတ်နဲ့ကိုယ်နဲ့ မကပ်ခြင်းကြောင့် အောင်မြင်နေရာက ကျရှုံး၊ ကျရှုးနေရာက မတက်နိုင် တဲ့ လူတွေအများကြီးရှိပါသည်။ ဤအချက်များကို ကြည့်လျှင်းစိတ်နဲ့ ကိုယ်နှင့် မကပ်ခြင်း၏ ဆိုးကျိုးများကွက်ကွက်ကွင်း ကွင်းတွေ့နိုင်သည်။ထို့ကြောင့် အချုပ်အားဖြင့် ပြောလိုသည်က စိတ်နဲ့ကိုယ်နှင့်မကပ်ခြင်းကို လက်ခံထား(သို)ဖိတ်ခေါ်ပါက အနည်းအများသာ ကွာခြားသော ဆိုးကျိုးများသည် မလွဲဧကန်လိုက်လာမည်ဖြစ်သည်။

ဝါသနာစစ်မှန်စိတ်ရင်းထက်သန်စွာဖြင့်
လျံနိုး

ကျွန်တော့်ရဲ့ ကဗျာ


ကဗျာ ကဗျာ တစာစာနဲ့
ငါနာကျင်တဲ့ အချိန်တွေနဲ့
ငါခံစားရတဲ့ အချိန်တွေမှာ
ရင်ထဲကို ဘာနဲ့လာမှန်းမသိရဘဲ
ရောက်လာတတ်တယ်။
ကျောက်တောင်တွေကြားက
ကြည်လင်အေးမြတဲ့ ကျောက်စိမ့်ရေ
ထွက်လေ့ရှိတတ်သလို ခံစားချက်တစ်ခုခုပေါ်
မူတည်ပြီး ရင်ထဲမှာ ကဗျာဆိုတာ
ဖြစ်ပေါ်ဖွဲ့စည်းတတ်ပါတယ်။
နာကျင်မှုကြားက တောင့်တနေတာ ကဗျာ..
ပျော်ရွှင်မှုကြားက မကြောင့်မကြတည်ရှိနေတာ
အလင်္ကာံညရဲ့ ကဗျာလ။
ကဗျာမရှိတဲ့ ညတွေအိပ်ပျော်ဖို့ ခဲယဉ်းတယ်..
ကဗျာမရှိတဲ့နေ့တွေ နေမထိထိုင်မသာ
ရှိနေရင်လာပါ တစာစာ အော်ခေါ်နေတာ
အကြွင်းမဲ့ ချစ်ခင်သော အပြစ်စင်တဲ့ ကဗျာကိုပါ..
နေ့တွေကို ကဗျာနဲ့ ဖြတ်သန်း
ညတွေကို ကဗျာနဲ့ အနမ်းလေးတွေဆင့်ပြီး
သေဆုံးသည်အထိ ငါဆုပ်ကိုင်ထားမှာက
ကဗျာ..
ကဗျာ...
ကဗျာ။
လျံနိုး