နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Showing posts with label hobby. Show all posts
Showing posts with label hobby. Show all posts

Thursday, December 24, 2009

အချိန်


နံရံကိုမှီရင်း ဆေးလိပ်တဖွာဖွာနဲ့ ဇိမ်ရှာ
နေကြသူတွေ သူတို့မို့ အချန်အကြာကြီးကို
တန်ဖိုးမထားတတ်ကြဘူး။
ကျွတ်ကျွတ်..ကျွတ်ကျွတ်
နေတက်ဆင်းလို့ မနက်ခင်းပဲ
ရောက်နေပြီ မထကြသေးဘူး။
အား..သနားလိုက်တာ
ဒေါင်းဒင်..ဒေါင်ဒင်.ဂျောင်ဂျင်..ဂျောင်ဂျင်နဲ့
ဂီတာသင်အကြောင်းပြပြီး သီချင်းလျှောက်ဟစ်လို့
အပျင်းနှောက်ယှက်ကြသူတွေ၊ နောက်
စီးပွားရေးအကြောင်းပြ လူစုကြတဲ့၊.......
ဘာလုပ်ဖို့လဲ..လက်ဖက်ရည်ဆိုင်ထိုင်ပြီး
ချဲ၊ ထီကွဲမည်မသိဘဲ တွက်ကြမည်.....ဩော်
အသက်ကြီးပြီး အချိန်မစီးကြသူများ။
တငေးတငိုင် ဦးခေါင်းယိုင်တိုင်တိုင်နဲ့
အလုပ်မရှိ၊ ဘာလုပ်ရမယ်မသိကြသူများ
ဟင်း....အချန်ဖြုန်းတဲ့ လူတွေအကြောင်းပြောရင်တော့
ကိုယ်လဲ အချန်ဖြုန်းသူဖြစ်ဦးမယ်။
အချိန်ရဲ့တန်ဖိုးနဲ့ သာဓကများ သူတို့မသိကြရော့ထင်။
ကမ္ဘာဟောင်းသွားသည့်တိုင်
မပြောင်းလဲကြသေးရင်တော့
ဆန်ကုန်မြေလေးပဲ ဖြစ်ပြီး
ပျံကုန်ငွေကြေးတွေပဲ ဖြစ်မှာ...
ဩော်..အချိန်..အချိန်..တစ်မိနစ်ဟာ
သုံးတတ်ရင် ပြည်တန်ပါတယ်။
အချိန်ရှိသေးသရွေ့ လက်တွဲထားအချိန်နဲ့..
(မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိရင် နားလည်ခွင့်လွတ်ပါ။)
လျံနိုး