အလွမ်းနေမ၀င်သေးခင်အထိ ...
ငါဟာ ...
အချစ်ကို ကပိုကသီဝတ်ဆင်အလှပြင်ထား သူ ...
သူ့နှုတ်က ဖိတ်စင်လျှံကျလာသမျှ ...
ဆိုင်ဆိုင်မြိုင်မြိုင် ရယ်သံတီးလုံးတွေအောက်မှာ ...
ရှုသူမရှိဘဲ ကပြယောင်တမ်း သူ ...
ကောင်းကင်မရှိတဲ့ မိုးတိမ်တွေဆီ ...
ကျရှုံးပြိုလဲ နေကြောင်း ...
ကောင်မလေး သိပါ ...
မျက်ရည်တွေ ရှိုက်ကြီးတငင် အကြောင်းပြချက်မဲ့
ရွာချနေတာ ...
တီးတိုးရွတ်ဆိုမိ သူ ...
နှင်းဆီဆူးလို ချိုမြိန်ခြင်း နှုတ်ခမ်းပါးလေးနဲ့ အဆိပ်သင့် သူ ...
နေမ၀င် တမ်းတမှုအင်ပါယာနဲ့ ...
သုံးပန်းဖြစ်နေမှန်းတော့ မသိဘဲ ...
ကိုယ် တကောကော ...
ချစ်တယ် ... ဆိုတဲ့ စကား တသွင်သွင် ပြောတတ် သူ ...
တကယ်တော့ ...
ကောင်မလေး နေမ၀င်ခင် ကျရှုံးသင့်တာက ငါ ပါ ...
(ဒါပေမဲ့)
ငါ့မှာ ကောင်းကင်မရှိတာ ...
ဒိုင်ယာရီတွေ အရွက်လိုက် အလိပ်လိုက် ...
ကွာကျပျောက်ရှသွားသလိုပ ...
....................................
အဆုံးမှာတော့ ...
ပြက္ခဒိန်တွေထဲက ``အထီးကျန်ခြင်း´´ ... ဆိုတဲ့
စကားလုံးတွေ အစိုင်အခဲဆန်လာခဲ့ ...
ခပ်ယဲ့ယဲ့ ပူပြင်းစပ်လောင်ခြင်းတွေထဲ ...
နေခုနစ်စင်းကို လက်သင့်ခံထားရတာ ...
အရင်က ခင်မင်ခဲ့တဲ့ ...
ဆောင်းပျိုအလင်းတွေကို အားနာတယ် ...
တကယ်တော့ ...
ကောင်မလေးရယ် ...
ငါလေ ...
(အရာအားလုံး)
တစ်စစီကွဲကြေနေတယ် ...