နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, June 9, 2010

ဒိုင်ယာရီ

ဒိုင်ယာရီပေါ်က နာမည်တစ်လုံး ...
လွတ်ကျပေါက်ကွဲသွားတယ် ...
ဒိုင်ယာရီစာမျက်နှာတွေကို စိုစွတ်စေခဲ့ပြီးတော့ ...

နောက် တစ်လုံး ...
တစ်လုံးပြီး တစ်လုံးပါပဲ ...
ကဗျာတွေပေါ်က ...
ဓားသွားဆန်စကားလုံးတွေပေါ်က ...
မထင်မှတ်တဲ့အချိန်မှာ ဝုန်းဒိုင်းကြဲခုန်ချသွားကြတယ် ...
....................................
အထက်ပါ အဆိုကို ...
ငြင်းဆန်အား ခပ်ပြင်းပြင်းနဲ့ ...
နာမည်တစ်လုံးတော့ ...
အခုထိ ငါ့ကျောပြင်တွေပေါ် တွယ်ကပ်ချိုသာနေတုန်းပဲ ...
ပျားရည်အတိတ်တပိုင်းတစနဲ့ ဆိုပါတော့ ...

ဆန့်ကျင်ဘက်များတဲ့ လောကကြီး ...
ငါ့ကိုတော့ ကွက်ပြီး မျက်နှာသာ မပေးရဲပါဘူး ...
အထက်ပါ အဆိုနဲ့ ဆန့်ကျင်ဘက် စကားလုံးတွေနဲ့ပေါ့လေ ...
ဒုက္ခထက်ခါးတဲ့ တရားမှန်ကန်မှု ...
ဖြောင့်မတ်မှု ...
ဘက်မလိုက်မှု ...
တို့ကြောင့် ...
ချစ်တတ်သော ...
ငါလည်း သူ့ဒိုင်ယာရီထဲက ...
ဘယ်တော့ အငွေ့ပျံမလဲ .....
...........................
မသိဘူး ...

ကဗျာတွေကိုပဲ ...
ရင်ခွင်ထဲ ဖို့သိပ်ထည့်လိုက်တော့တယ် ...
(ဤကဗျာခေါင်းစဉ်အား ရိုးရိုးလေးအမည်တပ်ပေးသော
facebook မှ မနွယ်နီကျော်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း)