နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 16, 2011

သူစိမ်းသူရံမလေး

မျက်ရည်တွေ တမ်းတသံက

သူစိမ်းသူရံမလေး အရမ်းလှတယ် ...


ကမ္ဘာကြီးက ကျဉ်းမြောင်းပိန်ပါးတယ် ...

မနေ့တနေ့က တနယ်တကျေးမှာ တွေ့ခဲ့တဲ့ သူစိမ်းသူရံမလေး

ဒီနေ့ပဲ မြို့ပြခပ်ကြီးကြီးမှာ ကားတစီးတည်း အတူထိုင်စီးဖြစ်တယ် ...


သူစိမ်းသူရံမလေးရယ် ... ကျွန်တော်ရင်းနှီးနေတဲ့ ကျွန်တော်ကိုယ်တိုင်ရယ် ...

မျှော်လင့်ချက်မဲ့ ရေစက် တခုထဲ စိုစွတ်ခဲ့ကြတယ် ...

အင်း ... ရေစက်ဆုံလာတယ် ...


ဟူး ...

မလွယ်ပါဘူး သူစိမ်းသူရံမလေးရယ် ...

အဆိပ်တခွက် ဆေးတခွက် လက်တဖက်စီကိုင်ပြီး ငါ အထီးကျန်နေပြန်ပြီ ...

ချစ်သူများနေ့က ပြီးသွားပြီ ...

မျှော်လင့်ခြင်း ဇာတ်ကားလည်း ပြီးသွားပြီ ...


တချို့က ရေကို မျှော်လင့်တယ် ...

တချို့က လေကို မျှော်လင့်တယ် ...

တချို့က အစာကို မျှော်လင့်တယ် ...

တချို့က လွတ်လပ်ရေးကို မျှော်လင့်တယ် ...


ငါကတော့ ဘာမှ မမျှော်လင့်ရတာကို မျှော်လင့်တယ် ...

နင့်လက်ကို အချိုသာဆုံး ငါ ကိုင်ချင်တယ် ...

နင့် နှုတ်ခမ်းကို အနူးညံ့ဆုံး ငါ နမ်းချင်တယ် ...

နင့် ကို သက်တောင့်သက်သာ ဖက်ထားချင်တယ် ...


လက်လေး ၀င်ခွင့်ပေးပါ ...

ခေါင်းလေး ၀င်ခွင့်ပေးပါ ...

ခြေထောက်လေး ၀င်ခွင့်ပေးပါ ...

မိုးခိုခွင့်လေး ပေးပါ ...

ရေတခွက်လောက် တိုက်ပါ ...


ကဲ ... ဘာကျန်သေးလဲ သူစိမ်းသူရံမလေးရယ် ...

နင့် ဆီ က ဘာ မှ မ လို ချင် ဘူး ဆို တာ ထက်

နင့် နား ရှိ နေ ခြင်း ဟာ က ပဲ ငါ မြေးမြစ် တီတွတ်ကျွတ် ရတဲ့အထိ

ပြောနေမယ့် ပျော်စရာ အမက်ချင်ဆုံး အိပ်မက် တခုပါ ...


နောက်တခါ ပြန်တွေ့ရင် ...

ငါ့ ဘက် ရိုးရိုးသားသားလှည့်ပြီး ငါ့ ကို ပွင့်ပွင့်လင်းလင်း ပြုံးပြ ပါ ...

မပွင့်တပွင့်နှုတ်ခမ်းနဲ့ ငါ အသည်းကွဲတတ်လို့ ...


နားထောင်သူတိုင်း ငြီးငွေ့ ...

ငါ့ နှုတ်ခမ်းတွေ အသက်ဝင်လာပြီကော ...

ငါ့ စကားတွေ ... ကဗျာတွေ ... အသက်ရှုသံတွေ ...

ရှုလက်စ ရှုဆေးဘူးတွေ ... လိမ်းလက်စ သနပ်ခါးတွေ ...

မနူးနပ်သေးတဲ့ ငါ့ချက် ထမင်းတွေ ... ကောက်ညင်းတွေ ...

ကစားလက်စ ဖဲချပ်တွေ ... မကျိုးသေးတဲ့ မီးသွေးတွေ ...

နောက် ဆုံး တော့ ငါ ကိုယ် တိုင် ပဲ နင့် အ တိတ် မျက် ၀န်း တွေ ဆီ

ခွေ ခွေ ခေါက် လဲ ကျ တယ် ...

ဖြစ်နိုင်ရင် ငါ့ နာမည် ရိုက်ချိုးလိုက်ပါတော့ ...

နင် ဟာ ငါ့ ရဲ့ သိက္ခာဘုရင်မ ...


သန်းခေါင်ယံထဲ ပွင့်တဲ့ နေမှာ ငါ့ မျက်ဝန်းတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်

လက် ထ နေ ပြီ ...

ငါ လို သန်း ခေါင် ယံ ကောင် ဟာ နောက် ထပ် မှောင် မိုက် စ ရာ လည်း မ ရှိ တော့ သ လို

ဘယ် သူ လက် သင့် မ ခံ တဲ့ ပင့် ကူ အိမ် တက် နာ ရီ တစ် ခု လို ...

ငါ့ ကိုယ် ငါ ပဲ လက် ခံ လိုက် တယ် ...

ငါ အေးအေးဆေးဆေး ပျော်/ထိုက်တယ် ...