နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, April 15, 2010

ကျေးဇူးတင်ကြောင်း...

အားလုံးရဲ့ အားပေးမှုကြောင့်(ဖတ်ရှုမှုကြောင့်) ကျွန်တော်တစ်ယောက် ဘယ်သူမှမဖတ်ပါဘူးဆိုပြီင်္း စိတ်ဓာတ်မကျဘဲ အလံမလဲအခုပုဒ်တစ်ရာကျော်သည်အထိ ဒီဘလော့(ဂ်)လေးကို ဆက်လက်ပြီး စာတွေ ရေးနေရတာပါ...။..အားပေမှုအတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော့်စာတွေကို ဖတ်တဲ့အခါမှာလည်း ကျွန်တော်ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ပြီး စာဖတ်သူအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်..။...အကြံပေးတာ၊ အပြုသဘောနဲ့ ဝေဖန်တာတွေကိုလည်း လုံးဝမျှော်လင့်ပါတယ်..။..ကျွန်တော်ဆိုတဲ့ ကောင်က ဘာမှမဟုတ်ပါဘူး..။..ဒါကြောင့် ဟုတ်ဖို့ အကြံဥာဏ်လေးတွေဖြစ်ဖြစ်၊ ဝေဖန်စာလေးတွေပဲဖြစ်ဖြစ်မျှော်လင့်ပါတယ်..။

ဒီဘလော့(ဂ်)ကို လာရောက်ကြည့်ရှုသူတွေနဲ့ ကျွန်တော့်စာဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ငြိမ်းအေးကြပါစေဗျာ...။..

လျံနိုး
(ခေတ္တဖိလစ်ပိုင်နိုင်ငံမနီလာ)

“လေရူး...”

တိုက်ဆိုင်မှုဆိုတဲ့ အခြေအနေလှလှလေး
တစ်ခုကြောင့်...
နှစ်ဦးသား
အကြည့်လေးတွေ ဆုံမိတိုင်း...
နေရာမသိတဲ့ တစ်နေရာရာက
ပုန်းလျှိုရင်ခုန်သံဟောင်းလေးတွေ
နလံပြန်ထ...အပြင်ဘက်ကို
ထွက်ရှလာတတ်ပါတယ်...။...

“အချစ်မဲ့ ကဗျာမျိုး...သီချင်းမဲ့တဲ့ ဂစ်တာကြိုး...”

တစ်စထက်တစ်စ
လှရက်မရ...သုတ်ဖယ်ခွင့်မရှိဘဲ
ကျကျလာတဲ့ ဒီမျက်ရည်ညတွေကို
လေအဟုန်မှာ အကုန်စုံလုံးကန်းလိုက်ကာ
ပစ်မျောလိုက်ပြီ...။...
မျက်ရည်တွေကို အဝေးသယ်ဆောင်သွားပေးတဲ့
လေပြေလေရူးလေးတွေ
ခဏခဏအလည်လာတိုင်းလည်း
ရင်ထဲပူရှမှုတွေကိုသာ...
ခဏပါပဲ...အေးစေနိုင်တာ..
နောက်တော့ ဒုံရင်းဟာ ဒုံရင်းဖြစ်သွားလေ့ရှိတာလည်း
မင်းသမီးနဲ့ မင်းသားညားကိုညားရမယ်ဆိုတဲ့
ဇာတ်ကားတွေရဲ့ သီအိုရီတစ်ခုလိုပါပဲ...။...
............................
တကယ်တော့...
ဘဝဆိုတာ...အခုအတွေးပေါ်
အခုချက်ချင်းလက်ငင်းထိုင်းရေး
လို့ရတဲ့ ကဗျာတစ်ပုဒ်မဟုတ်ဘူ...။...
အခြေအနေအကြောင်းအရပ်ရပ်ကြောင့်
လေပြေလေးတွေ ရူးရသလို
အခြေအနေလေးတွေလည်း ထူးရတယ်...။..
အခုတော့...
ကလေကခြေမြှားတစ်စင်းကျိုးသွားပါပြီ...
အချစ်ကို ဟိုတောက်ဒီတောက်
ရွှတ်နောက်နောက်လုပ်လို့တဲ့..။...
ကောင်းကင်ကတောင် ပြောလိုက်သေး..
အချစ်ကို မယုံသေးသူတွေအတွက်
လောကကြီးအပေါ်အလောင်ခံပြီး
ငါပေးထားတဲ့ နေကိုပဲကြည့်တဲ့..။..
ဟုတ်တော့ ဟုတ်သား..
အချစ်က အရာရာကို စွမ်းဆောင်နိုင်ပါလားဆိုတာတော့
မဟုတ်ပေမဲ့ အတုအယောင်အပြုံးယုတ်တွေထက်တော့
ပိုချိုမြိန်ပါတယ်..။..
.....................
လူသားတိုင်း ချစ်တတ်ကြပါစေ...
လေကလေးများ ရူးတတ်ကြပါစေ...
အခြေအနေလေးများ ထူးတတ်ကြပါစေ...
ရင်ခွင်လေးများ အချစ်ဆူးတွေ စူးထက်ရှပါစေ..
တစ်ယောက်တည်းသာ
တောင်းဆုခြွေ...
ဒီတော့ငါဟာ...
အတိတ်တွေရဲ့ အရိပ်တွေမဲ့
အနာဂတ်တစ္ဆေ..။..။။။.။

“ကလေးရယ်...”

လေပြည်လေးတွေ
ငိုနေပြီ ကလေးရယ်....
ကိုယ့်အနားမှာ ကလေးမရှိတော့လို့တဲ့..။..
ကြယ်လေးတွေ ကြွေနေတယ်
ကလေးရယ်...
သူတို့ဘဝအပျက်ခံပြီး
ရေမြေခြားနေတဲ့ ကိုယ်တို့ရဲ့
ရင်ခုန်သံပို့သမားလေးတွေအဖြစ်
ဆောင်ရွက်ဖို့ပေါ့...။...
နာရီလေးတွေ ပြုံးနေတယ်
ကလေးရယ်...
ကလေးရဲ့ အသည်း
ရက်ရက်စက်စက်ခွဲခဲ့တဲ့ကိုယ့်ကို
နာကြည်းလွန်းလို့ ကောက်ကျစ်ပြုံးပြုံးတာလေ...။..
..................................
ဩော်...ကလေးရယ်...
ရေမြေတွေ ခြားနေတယ်သာဆိုတယ်..
အိပ်မက်လား...လက်တွေ့လား...ခွဲခြားမရတဲ့
အိပ်မက်ဆိုးကြီးကို
အတည်ပေါက်မက်နေရသလိုပါပဲကွယ်...
ကလေး..
အတိတ်က ကိုယ်တို့ရယ်သံတွေနဲ့
ရောနေတဲ့ လက်ရှိကလေးရဲ့
မျက်ရည်တွေကို
နှစ်ယောက်စလုံးရဲ့ မနက်ဖြန်မိုးတိမ်တွေမပြိုဖို့
သုတ်သင်ပေးပါ...
နောက်...
ကြွယ်ကြွေရင် ကိုယ့်ရင်ခုန်သံတွေ
ကလေးဆီ ပါတတ်ဆဲမို့
ကိုယ်ပို့လိုက်တဲ့ ရင်ခုန်သံနဲ့ ကလေးလည်း....
ပြုံးမြဲပြုံးနေပေးပါ......

“ရုန်းမထွက်နိုင်သေးဘူး”

ရင်ဘတ်မှာ ကောင်းကင်ကြီးဆီက
လမင်းကို ခဏငှား
ရင်ဘတ်မှာထား
ရင်ခုန်သံတွေနဲ့အတူ
ခပ်တင်းတင်းပူးချည်ထားလိုက်တယ်...
ညဆိုတဲ့ ဧည့်သည်တွေကို
အိပ်မက်ဆိုတဲ့ လက်မှတ်ပါမှ
လမင်းကို တွေ့ခွင့်ပြုမယ်..။..
..........................
တကယ်တော့.....
အချစ်ဆိုတာ...
အိပ်မက်တွေရဲ့
မိခင်ပါပဲ...

“သူများဘေးဒဏ်ကြံ..နောက်...”

လက်ထဲမှာ ကိုင်ထားတဲ့
နွေမနက်ဓားနဲ့
ဆောင်းအသက်များရဲ့
ဇိဝိန်တွေကို
မလိုတမာလိုက်သတ်...
ဆောင်းကမသေပဲ
ငါမောဟိုက်တတ်တာပဲ
အဖတ်တင်တယ်..။..။။။

ဘောလုံး

အကန်ခံရလည်း သူနာကျင်တာကို
မသိအားပါဘူး...
ဘာဖြစ်လို့လဲဆိုတော့...
သူက အဓိပ္ပာယ်ရှိတာကို..။.။။။

“ကျိုးပဲ့ပက်ထရမ်(Broken Pick)”

အနာခံအကျိုးပဲ့ခံပြီး
ကဗျာလေးတွေကို သံစဉ်ချိုချိုတွေနဲ့ငါ
အိမ်ထောင်ချပေးခဲ့တယ်..
လေညင်းတွေကို အတတ်နိုင်ဆုံး
ဖျော်ဖြေပေးခဲ့တယ်...
နွေရက်တွေကို အရည်ကျိုချက်နေတဲ့
မိုးညတွေမှာလည်း ငါ...
အအေးမိခံ...ကြွက်စုတ်တစ်ကောင်လို
အဖြစ်ခံပြီး...အမှောင်ထုနဲ့
မိုးစက်လေးတွေ သင့်မြတ်အောင်
ငါဖြန်ဖြေပေးခဲ့တယ်..။...
ဆောင်းရက်တွေကို ရောင်းထွက်အောင်
နေဆိုတဲ့ အရောင်းစာရေးနဲ့ အပူတပြင်းကြိုးစားနေတဲ့
နွေရက်တွေမှာလည်း ငါကိုယ်တိုင်.......
အပူပြင်းခံ..အစုတ်ပဲ့ခံပြီး
နေရောင်ထဲ ကျွန်ခံနေရရှာတဲ့ မြူမှုန်တွေကို
ကာကွယ်ပေးခဲ့တယ်...။...
ညတိုင်းလည်း လမင်းဆီ
နာကျင်မျက်ရည်ပင်တွေဆီက(မျိုးယူပြီး)
တယုတယပျိုးထားဆဲ
မျက်ရည်ညတွေဝနေတဲ့ သံစဉ်လှလှတွေကို
အမြဲအခမဲ့ မပျက်ကွက်တမ်း
ငါပို့ပေးခဲ့တယ်...။...
.............................
အချိန်တွေကြာလာ...
ပေးဆပ်မှုတွေများလာ...
ကိုယ်ကျိုးဖဲ့ ပေးဆပ်တာတွေဟာ...
ငါကိုယ်ငါတောင် ဂရုမစိုက်နိုင်တော့ကာ...
...................................
အချိန်တွေကို သဒ္ဓေတည်ထားတဲ့ ရက်တွေ
နေ့စေ့လစေ့ဖို့ နာရီပေါင်းများစွာရလာတဲ့အခါ....
ငါဟာ...
မျက်လုံးလေးတွေ မှိတ်တုတ်တုတ်နဲ့
တာရာကြယ်လေးတွေရဲ့
မလေးမစားအလှောင်ပြောင်ခံရတဲ့
နာရံပဲ့အပေါက်တစ်ခုထဲမှာ...
ကျိုးပဲ့ခြင်းများစွာနဲ့သာ......
ဘယ်သူမှ ငါ့ကို သတိမရကြတော့ပါ...။..။.။။.။။။