နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 23, 2011

ထား

ကလင် ကလင် ကလင် ...
"ဟလို ...
ထားလား ..."
"ရှင် ဘာကို ထားရမှာလဲ ..."
"ဟင့်(စပ်ဖြီးဖြီးရယ်လျက်) ...(ရယ်နှမ်းနှမ်းနှင့် ဆက်ပြောသည်)
အခု ပြောနေတာ ထား ဆိုတဲ့ မိန်းမပျိုပါလား ..."
"အင်း ထား ပါ ..."
"ဗျာ ... ဘာကို ထားရမှာလဲ ..."
"ရှင် ..."
"ဟဲဟဲ စတာပါ ... "

ထားလိုက်ပါ ...
ထား ကို လိုက်ပါ ... မမှီမချင်း လိုက်ပါ ...
ဖြစ်ခဲ့သမျှတွေကို အာဗွားချ ကဲ ပြီးပြီ လို့ ထားလိုက်တော့ ...
ထား ပါ ... ထား ပါ ... အခုပြောနေတာ ထား ပါ ...
အင်း မောင်လေး အဲဒီပစ္စည်းကို အဲဒီမှာပဲ ထားလိုက်ပါ ...

ပြီးသွားပြီ ...
???
ထားပြီးသွားပြီ ... အတိတ်ကို အနာဂတ်မှာ ထားလို့ ပြီးသွားပြီ ...
ဆက် ဆက် ပြီး လွမ်းနေချင်လို့ ...
ထား ဆိုတဲ့ ကောင်မလေး နဲ့ လည်း ပြီးသွားပြီ ...
ပတ်သက်တာလည်း ပြီးပြီ ...
ရက်စက်တာလည်း ပြီးပြီ ... ငါ ပက်ပက်လက်လက် အသည်းတွေကွဲလို့ ...
ရှက်ရှက်လက်လက် လက်ကလေးကို အုပ် ... ငါ မိုးရွာတော့မယ် ...
မှောင်နေပြီ... နင် ပြန်တော့ ...

အနာဂတ်ကို ငါ မမြင်နိုင်တဲ့ နေရာမှာ ထား ...
အတိတ်ကို ပစ္စုပန်မှာ ထား ...
ငါ့ကိုယ်ငါ ပြောပြီးသား စကားလုံးတွေထဲ ထား ...
ငါ ပျောက် ချင်း လှ လှ ပ ပ နဲ့ ပျောက် သွား ပြန် ပြီ ...
ငါ လေ ချစ်တယ် ဆိုတဲ့ စကားကို ပြန်ပြန်ပြောနေတာကလွဲရင်
နင် မကြိုက်တဲ့ အကျင့်ဆိုးတွေ ခက်ရာခဲဆစ် ပြင်ဖျောက်ပြီးပါပြီ ...
ဘာပဲဖြစ်ဖြစ် ငါ့ကို ဖွက်ထားတဲ့ နွေမလေးထား ရယ် ...
ငါ့ကို ... ငါ့ကိုယ်ငါ မြင်နိုင်တဲ့ နေရာမှာ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လာထားပါ ...

ကြာပြီ ... ကြာပါပြီ ... ကျာပါပြီ ...
အချင်းချင်း ချစ်နေကြတဲ့ ကောက်ညင်းအိုး နဲ့ ကောင်းညင်းပေါင်း ... ကပ်လို့ ...
ငါတို့နှစ်ယောက်လက် ပူးကပ်လို့ ချစ်လိုက်ကြတာ ...
လက်တွေတောင် နူးညံ့လို့ ...
ငါ ရူး ခဲ့ တယ် ... ဓားအိမ်နဲ့ ဓား အဖက်မြဲမယ် လို့ ထင်ထားခဲ့တာ ...
ရေ နဲ့ ရေဗူး အနေမြဲမယ် လို့ ထင်ထား ခဲ့တာ ...
အနာဂတ်ကို မသိတဲ့ ကွင်းပြင်ကျယ်ကြီးထဲက သစ်ပင်အိုကြီးလို ...
နွား ခြေ ရာ ခွက် ကို ပဲ ကမ္ဘာထင်နေခဲ့ တာ ... စိတ်ကောက် လက်ကောက် လက်တောက် ကျွန်တော် ရူးခဲ့ ...
ဘယ် သူ မှ မ ရူး ဖူး သ လို ကြီးကြီး ကျယ်ကျယ် ရူး ခဲ့ ...

ကျွန်တော် သွား တဲ့ နေရာ တိုင်း ကျွန်တာ် ပါမလာတာ ...
ကျွန်တော်လက်ထဲ သူ့ စကားသံလေးတွေ ဟောင်းနွမ်းညင်းစုတ်နေတာ ...

စာရေးဆရာမ လွန်း ထား ထား ...
သူငယ်ချင်းမလေး ပါးရ်ထား ...
သူဌေးမ ဒေါ်ခင်ထား ...
ငါးစိမ်းသည် ရွှေထား ...

ငါ့ ကိုယ် ငါ ဘယ် နား သွား ထား မိ ပါ လိမ့် ...

လျံနိုး
(ပြင်လိုက် ဖျက်လိုက် ဖင်ချွန်းလိုက် ပါးလျပ်သွားလိုက် ....
အဆုံးမှာ ဒီလိုပုံ ထွက်လာပါတယ် ... ဖင်ချွန်းသွားလည်း မသိတော့ဘူး ...)
၂၄ ရက် ဖေဖော်ဝါရီ ၂၀၁၁ မှာ ဒီကဗျာကို facebook မှာ ထား တယ် ...