နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Friday, April 16, 2010

“ပြောင်းတိပြောင်းဆန်သဏ္ဌန် ခေတ်တွေရဲ့မာန်”

မနက်ခင်းတစ်ခုရဲ့ ဂီတ
အမှောင်ဘဝတွေနဲ့
တီးခတ်ဖွဲ့ဆိုနေတာ
ဘယ်သူမှ မသိကြ....
.............................
သန်းခေါင်ယံတစ်ခုရဲ့ ဘဝ
ကောင်းကင်လှလှထဲ နေ့ဘက်မှာ
ပျိုးထားတဲ့ အလင်းနှစ်များစွာဖြာကျ...
..................................
ဆောင်းတစ်ခုရဲ့ အလှ
ကြောင်စီစီမနက်ခင်းများ...
အိုက်တိုက်တိုက်မိုးစက်များ...
ချွေးကျနွေကိုယ်အထာများနဲ့ သိပ်ပီပြင်ခွင့်မရ...။...
..........................................
နွေအလင်းနှစ်များရဲ့ အချိန်က
စိုစွက်ဗွက်ထကာ
အပျိုရွက်ရေအိုးများ
လေပြေလေရူးများပေါ်
ဖိတ်သွန်မှောက်ကျနေလားလို့တောင်
စိုစွတ်မှုများနဲ့ဆိုတော့
အားလုံးကသင်္ကာမကင်းကြ...
......................................
မိုးရာသီတစ်ခုရဲ့ ကောင်းကင်တွေက
ကန္တာရထဲက အဆောက်အအုံပျက်တွေလို
ခြောက်သွေ့ခြင်းနဲ့ ပြိုလဲတော့မယ်..
ဒါကို ဘယ်သူကမှ
ဂရုမစိုက်၊ သတိလေးတောင်မရ...
.................................................
လင်းနေလျက်နဲ့ မမြင်ရတဲ့
ဘဝတွေက
ဓမ္မတာတစ်ခုလို ဖြစ်နေပါပြီ..။..
ဟော်..
ကြားရပြန်ပြီ...
ကလုံးလေးတွေ(ယောက်ျားချင်းညားသူများ)
ကပြားလေးတွေ(မိန်းမချင်းညားသူများ)
ဟိုးလေးတကျော်ပါပဲ..
နောက်ဆုံးပေါ်
ဖက်ရှင်ဒီဇိုင်းတွေထက်တောင်
ပိုပြီးတော့
လူကြိုက်များ၊ အသိများသွားတာ
နေအနောက်ဘက်က ဝင်တယ်ဆိုတဲ့
နိယာမထက်တောင်
ကျိန်းသေနေသေး..။..
.............................
ဘာတွေ ဖြစ်ကုန်ပြီလဲကွာ...
ငါဘယ်လို ဆက်နေထိုင်ရတော့မလဲ...
ရေလိုက်ငါးလိုက်ဆိုတာပါပဲလား.....။..။။..။။။

“မိုး”


တိမ်ညိုတွေ ခရီးထွက်သွားခဲ့…..
လေညင်းတွေ
အကြောင်ရိုက်ပြီး
ပူအိုက်ခြင်းတွေရဲ့ အလှောင်ပြောင်ခံရတဲ့နေ့…..
ငါမေ့နေတဲ့ အတိတ်တွေတောင်
အရိပ်တွေအဖြစ် ဘေးနား
ခစားရလောက်အောင်
ခန္ဓာကိုယ်ရဲ့ ရှိမဲ့မရှိမဲ့အအေးဓာတ်လေးတွေတောင်
မှုံမှိုင်းကာ နေ့လည်ခင်းတစ်ခုထုံထိုင်းတဲ့နေ့…..
……………………………………………
ထိုင်ခုံတစ်ခုပေါ် ကုလားလိုရို့ရို့လေးထိုင်ပြီး
ကုလားထိုင်လို့ အမည်တွင်စေရစ်
ဟာတာတာရင်ဘတ်တစ်ခုကို
ချွေးတွေနဲ့ စိုပြေစေလိုငြား
အပြင်ဘက် ဟထုတ်ထားရတဲ့ ငါ့အဖြစ်
………………………………………
မိုးရယ်
မြင်နိုင်ရင် ဖြစ်ပျက်နေသမျှအားလုံးအတွက်
သနားပါကွယ်
ဘယ်ပျောက်နေတာလဲ
အိပ်မက်ခွေးတွေနဲ့ အနံ့ခံကာ
လိုက်ရှာနေပါတယ်
ဘယ်မှာလဲကွယ်
တိမ်ညိုတွေ မိုးကို လိမ်လှည်လှည့်ဖြားကာ
မြှားခေါ်သွားပြီလား
အဆုံးအစမဲ့ကောင်းကင်ကြီးရေ
မိုးကို တွေ့ရင်ပြောပေးပါ
မိုးဘယ်နေရာမှာပဲရှိရှိ
သတိရစွာ ပြန်လာမယ့်နေ့ကို
ဆောင့်အော်ကာ
စောင့်မျှော်နေပါတယ်
မိုးအတွက် အစစအရာရာစိတ်ပူပေးနေပါတယ်
နောက်
မိုးပြန်လာရင် စိတ်ကြိုက်ရွာချဖို့
ကန္တရရင်ခွင်ကြီးနဲ့
အိုအေစစ်မဲ့ ရင်ခုန်သံနွေအနားပဲ့တွေ
သိမ်းပိုက်ပွေ့ရှိုက်ထားပါတယ်…”…လို့...။။။