နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, April 1, 2010

အဖော်မွန်ကောင်း

ဘဝမှာ စိတ်ချမ်းတသာနေဖို့ရာ
မတောင့်တတော့ပါ...
တောင့်လည်းမတောင့်တရဲပါ...
သို့သော်...
နာကျင်နေတဲ့ အခါ
ဘေးနား အတွေးမများဘဲ
ဖြေသိမ့်ပေးသူတစ်ယောက်တော့
တောင့်တမိပါသည်....။
..................
ပွေ့ပိုက်ထားတဲ့ ဒီရင်ခွင်ထဲမှာ
မီးမြှိုက်ထားခံရတဲ့ အခါ
အပူမီးကြီးငြိမ်းသတ်ပြီး
အေးချမ်းသွားအောင်
ငါမလိုချင်ရဲပါ...
သို့သော်...
ငါ့အပူမီးများ ဘေးနား
ကြင်နာတဲ့ လက်များနဲ့
မျှဝေခံစားပေးမည့်
သူတစ်ယောက်တော့
ရင်ခွင်မှာ မီးကျွမ်းလောင်တိုင်း
ရှိစေချင်မိသည်....။
........................
ဘဝမှာ တစ်ကြိမ်တစ်ခါမက
မှားမိတဲ့အခါ ငါတမိတာ
ဘေးနားမှာ
အမှားတွေ မလုပ်အောင်
အကြံပေးသူတစ်ယောက်သာ...
..........................
...
ဒီမတည်မြဲခြင်းလောကကြီးမှာ
မတည်မြဲတဲ့ သင်္ခါရတရားတွေကြောင့်
စိတ်အနှောင့်အယှက်ဖြစ်ကာ
ဝမ်းနည်းတဲ့ အခါ
တစ်ခါတစ်ရံကျရှုံးတဲ့ အခါ
ဘေးနားမှာ အားပေးဖို့
တောင့်တတာမဟုတ်ပါ..
လိုချင်တာ မဟုတ်ပါ..
တကယ်ကိုလိုအပ်တာဟာ တစ်ယောက်ယောက်ပါ...

“အမှောင်ထဲက လှောင်ရယ်သံများ”

ငါ့အတွေးတွေကို
ခွေးတစ်ကောင်လို
အမှောင်ထုဆီချီတာ
ကျိုးတို့ကျဲတဲ အိပ်မက်တွေနဲ့
ထပ်တူပေါ့...
ရှေ့ခရီးလမ်းအတွက်ဆိုပြီး
မျှော်လင့်ခြင်းတွေကလည်း
ငါ့ကို အပြတ်ဆူဆဲနေတော့ကာ
တစ်ယောက်တည်း
ဝေဝါးခြင်းကျွဲတွေ
အပြတ်ခွေ့တဲ့နေရာမှာ
အမှောင်ထုကို မှီခိုရင်း
ခပ်ယို့ယို့လေးထိုင်နေမိတယ်...
အဲဒီအချိန်မှာပဲ
ထိုင်နေတဲ့ မလှမ်းမကမ်းလောက်ထင်တယ်..
ရယ်သံတွေ ခပ်အုတ်အုတ်လေးတွေ
ကြားမိတယ်...
ရယ်သံတွေရဲ့ လေယူလေသိမ်းကို
ငပြိန်းတစ်ယောက်အတွေးတွေ
ဘေးဖယ်ကာ နားထဲကြိုးစားရှာကြည့်တော့
မထီမဲ့မြင်ရယ်သံတွေ...
အားပါးပါး....
ကြောက်စရာကောင်းလှချည်လား...
ရယ်သံတွေက မြှားတစ်စင်းလို
ငါ့ကို ရည်စူးကာ
ပစ်ခွင်းနေကြတယ်...
အဲဒီမြှားချက်တွေ ရှောင်ရှားတဲ့
သဘောနဲ့ နားတွေရဲ့
အကြားအမြင်တွေကို ဖဲ့ဖြဲလိုက်တယ်...
နောက် ရှေ့တည့်တည့်လာပြီး
သေနတ်ထက်ကြောက်စရာကောင်းတဲ့
အထင်သေးအမြင်သေး
မျက်လုံးတွေနဲ့ မတ်တတ်ရပ်
ပစ်ခတ်နေလိုက်ကြတာ...
အနာဂတ်မှာ အသုံးပြုမယ့်
အမြင်အာရုံတွေသာ
မရှိရင် ဒီစက္ခုအာရုံတွေကို
ဖဲ့ဖြဲချင်လိုက်ပါဘိ...
ဒီလို တစ်ယောက်တည်း
အမှောင်ထုနံရံတွေကို
မှီခိုပြီး ရိုင်းစိုင်းခက်ထန်တဲ့
လှောင်ရယ်သံတွေကြား
မသေမရှင်ကျဆုံးချင်စိတ်တွေ
တငင်ငင်ဖြစ်နေတုန်းမှာ
အိပ်မက်တွေက ကယ်တင်ရှင်အဖြစ်
အဝေးကို စိတ်လွတ်လပ်ခြင်းအလို့ငှာ
ခေါ်ဆောင်သွားပေးပေလို့
အမှောင်ထုထဲက ရယ်သံတွေနဲ့
ကင်းလွတ်တာပဲ...။
ခဏကြာတော့
ခပ်မှိုင်မျှော်လင့်ခြင်းတွေက
ထပ်မှိုင်တော့ဘဲ
မှိုရတဲ့ မျက်နှာတွေနဲ့
ငါ့ကို လာရောက်ချီးကျူးထောမနာပြုကြတယ်...
အဓိပ္ပာယ်ကို နားမလည်
မသိခြင်းထဲမှာပဲ လည်နေတုန်းမှာ
အိပ်မက်နဲ့ မျှော်လင့်ခြင်းပူးပေါင်းပြီး
အနာဂတ်ကို ရုပ်လုံးလှပအောင်
ကြွရွစွာ ထုဆစ်ပေးတော့မှ...
ခပ်တုံးတုံးငါနားလည်တော့တယ်.
နောက် ပါးနပ်စွာ ထပ်သိရတာက
အမှောင်ထဲက လှောင်ရယ်သံတွေဟာ
ငါ့ဘဝအတွက် အဆိပ်ခွက်တွေပဲကိုး...