မိုးမြှားတွေ ...
မိုးမြှားတွေ ...
ရက်ရက်စက်စက်ပဲ မြေပြင်ပေါ်ကို သူတို့ခန္ဓာကိုယ်တွေ
ဒေါင်လိုက် အလျားလိုက် သွန်ကြဲချကြ ...
ကောင်းကင်တစ်လျှောက်ကလည်း ....
အလင်းအိမ်တွေနဲ့ ကခုန်ပျော်မြူးလို့ .... မို့လို့ မောက်လို့ ...
မြေပြင်တစ်လျှောက်လုံးက မိုးရာသီထဲ ပြိုလဲကာ ...
ခါးသီးတဲ့ ပူလောင်ခြင်းတွေ
အပြိုင်အဆိုင် အိုမင်းရင့်ရော်သွားကြတာ ...
ဘယ်သူသိနိုင်မလဲ ...
ဩော် ...
တမ်းခြင်းတစ်စုံနဲ့ ပျိုးခဲ့တဲ့
တရှိုက်မက်မက်မိုးရာသီအနမ်းလေးတခုတော့ ....
အသက်ဝင်စပြုလာပါပြီ ...။ ...
(၂)
ကောင်းခြင်းအဖြာဖြာနဲ့ ...
ငါ့ရဲ့ ....
ကြေကွဲခြင်း ရင်ဘတ်တစ်စုံ ...
ပူလောင်ခြင်း သက်ပြင်းတစ်အုံ ...
နာကျင်ခြင်း ၀ိဥာဉ်အစုံတို့ကို ရိုက်ခွဲခုတ်ချသွားပေးကြပါ ...
စောင့်ဆိုင်းခြင်း အခါခါ ...
စောင့်လာခဲ့ရတာ ...
(၃)
မိုးတိမ်တွေကတော့ ...
ညတွေနဲ့ သူတို့ကိုယ်သူတို့ ဖုံးအုပ်ထားကြလေရဲ့ ...
ဟိုး ... မြင်နေရတဲ့
မိုးကုပ်စက်ဝိုင်းကြီးရဲ့ ၀င်ရိုးစွန်းအစနဲ့ အဆုံးတလျှောက် ...
ပြေးလွှားနေတဲ့ ကောင်းကင်ကမ်းရိုးတန်းကြီးဟာ အော်မြည်တာ ...
အွား ...
သွေးပျက်စရာကောင်းလိုက်တာ ...
ကြောက်ခမန်းလိလိ တချက်တချက် ထထအော်မြည်ပြီး ....
ခံစားချက်တွေကို အပူပြင်းဆုံးတောက်ကျွမ်းနေတာ ...
ကောင်းကင်ကြီးရဲ့ မျက်နှာပြင်တစ်လျှောက်မှာတော့ ...
အက်ကွဲမှုနဲ့ တုန်ခါမှုတို့ ဆောက်တည်ရာမရ ပြေးကြလွှားကြ ...
(၃)
ငါ့တစ်ယောက်တည်း ...
မူးဝေခြင်းတွေထဲမှာ ...
ကဗျာတပုဒ်၊
ကောင်မလေးတစ်ယောက် ... တိုနဲ့
ယစ်မူး...လို့ပါလျက် ...နဲ့ ...
ကောင်းကင်ရဲ့ တဟုန်ထိုးမိုးစက်လေးတွေဆီက
အငွေ့အသက်တွေ ...
ချမ်းအေးအေးလေးနဲ့ ...
အဲဒီည အိပ်မက်တွေထဲ တော်တော်ပျော်ခဲ့ပါတယ် ...
(၄)
ရှိုက်ပါတငင် မိုးကြီးရှင် ...