လေပြည်ကိုမှ အမေခေါ်မိတာ ...
ခဏတာ တိုက်ခတ်မှုနဲ့
သူကျော်ဖြတ်သွားမှ
လူတစ်ယောက်လုံး ကြောင်စီစီဖြစ်သွားလောက်တဲ့အထိ
နှလုံးသား သေဒဏ်ကျသလိုမျိုး ...
စကားလုံးတွေ အထီးကျန်တယ် ...
ဒီတစ်ကောင်တည်း စကားလုံးမရှိဘဲ နေဝင်ခဲ့တာ
အခုဆို နာရီပေါင်းများစွာ ခုန်ပေါက်ထွက်ပြေးကုန်ကြပြီ ...
ဒါဟာ ...
တောင်တန်းတွေတောင် အားနာဖို့ ကောင်းနေပါပြီ ...
ကဗျာတွေက အမြဲတမ်းလမ်းဟောင်းလေးပေါ်
ငေးငိုင်ငဲ့စောင်းနေကြတာ ...
အခုဆို ...
နောက်ဆုံးခွဲခဲ့တဲ့ လမ်းလေးပေါ်
မင်ရည်တွေ စိုရွှဲလျက် ...
ငါထပ်ပြီး ...
ဆက်လက်ပြီး ...
ဘာမှ ...
ကတိုက်ကရိုက်ပွင့်နေတဲ့
ယောင်ရမ်းခြင်းအိပ်မက်တွေကိုတော့ ထိန်းသိမ်းရင်း ...
ခဏသာ တွေ့ဆုံခြင်းအတွက် ...
ကဗျာတွေ ထားခဲ့ပြီး ...
ငါနှုတ်ဆက်ခဲ့ပါတယ် ...
ကံမကုန်ခဲ့ရင် ....
..................................