နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, February 25, 2010

ခြားနားခြင်း

အချစ်လို့ ခေါ်ကြတဲ့ ရင်ခုန်သံတွေကို
ငါကြောက်ရွံ့နေမိပြီ...။
ကြည်နူးမှုလို့ လှလှိပပအမည်တွင်စေကြတဲ့
ခဏတာပျော်ရွှင်မှုတွေကို ငါအော်ဂလီဆန်လှပြီ။
ဥပေက္ခာဆိုတဲ့ စကားလုံးကို ငါကြားရတိုင်း
ငါလေ...ငါ သွေးပျက်လုနီးနီးပါဘဲလား...
အပြုံးဆိုတာကြီးကို ငါတွေ့ရတိုင်းလည်း
ငါချောက်ချောက်ချားချားဖြစ်
နေမိတယ်...။
ဪ...မင်းလုပ်ရပ်ရဲ့ အဆုံးက ဒီလောက်ပဲလား
လှလှပပလှည့်ကွက်လေးတွေနဲ့ ငါ့ကို နှိပ်စက်ပါဦးလား
ပျားရည်ထက်ချိုတဲ့ အပြုံးလေတွေနဲ့ ငါ့ဘဝအခြေတွေကို
ဖြိုဖျက်ပါဦးလား...မင်းလုပ်ရပ်ရဲ့ အဆုံးရလဒ်က ငါ့အတွက်
ဒီလောက်ပဲလား...
နူးညံ့တဲ့ စကားသံတွေကို အသုံးပြုပြီး
မာယာကျော့ကွင်းထဲ ငါ့ကို အဖန်ဖန်အခါခါကျော့မိစေပါဦးလား...
....ဘယ်လိုလဲ....
ဒီလိုမင်းရဲ့ စုတ်ပြတ်ညစ်ပေပဲ့ယွင်းကောက်ကျစ်
အော်ဂလီဆန်စရာကောင်းတဲ့ လုပ်ရပ်တွေအတွက်
မင်းဟာ ငါအသက်ရှင်နေသရွေ့ ငါ့အတွက်
ငြိုးမပြေရန်သူပဲ...။ ဒါပေမဲ့
ငါ့နှလုံးသားအတွက် မင်းကတော့
မိတ်ဆွေကောင်း(သို့) သခင်အဖြစ်တည်ရှိနေမယ့်
သူပါပဲ...။။။