နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 23, 2011

ထား

ကလင် ကလင် ကလင် ...
"ဟလို ...
ထားလား ..."
"ရှင် ဘာကို ထားရမှာလဲ ..."
"ဟင့်(စပ်ဖြီးဖြီးရယ်လျက်) ...(ရယ်နှမ်းနှမ်းနှင့် ဆက်ပြောသည်)
အခု ပြောနေတာ ထား ဆိုတဲ့ မိန်းမပျိုပါလား ..."
"အင်း ထား ပါ ..."
"ဗျာ ... ဘာကို ထားရမှာလဲ ..."
"ရှင် ..."
"ဟဲဟဲ စတာပါ ... "

ထားလိုက်ပါ ...
ထား ကို လိုက်ပါ ... မမှီမချင်း လိုက်ပါ ...
ဖြစ်ခဲ့သမျှတွေကို အာဗွားချ ကဲ ပြီးပြီ လို့ ထားလိုက်တော့ ...
ထား ပါ ... ထား ပါ ... အခုပြောနေတာ ထား ပါ ...
အင်း မောင်လေး အဲဒီပစ္စည်းကို အဲဒီမှာပဲ ထားလိုက်ပါ ...

ပြီးသွားပြီ ...
???
ထားပြီးသွားပြီ ... အတိတ်ကို အနာဂတ်မှာ ထားလို့ ပြီးသွားပြီ ...
ဆက် ဆက် ပြီး လွမ်းနေချင်လို့ ...
ထား ဆိုတဲ့ ကောင်မလေး နဲ့ လည်း ပြီးသွားပြီ ...
ပတ်သက်တာလည်း ပြီးပြီ ...
ရက်စက်တာလည်း ပြီးပြီ ... ငါ ပက်ပက်လက်လက် အသည်းတွေကွဲလို့ ...
ရှက်ရှက်လက်လက် လက်ကလေးကို အုပ် ... ငါ မိုးရွာတော့မယ် ...
မှောင်နေပြီ... နင် ပြန်တော့ ...

အနာဂတ်ကို ငါ မမြင်နိုင်တဲ့ နေရာမှာ ထား ...
အတိတ်ကို ပစ္စုပန်မှာ ထား ...
ငါ့ကိုယ်ငါ ပြောပြီးသား စကားလုံးတွေထဲ ထား ...
ငါ ပျောက် ချင်း လှ လှ ပ ပ နဲ့ ပျောက် သွား ပြန် ပြီ ...
ငါ လေ ချစ်တယ် ဆိုတဲ့ စကားကို ပြန်ပြန်ပြောနေတာကလွဲရင်
နင် မကြိုက်တဲ့ အကျင့်ဆိုးတွေ ခက်ရာခဲဆစ် ပြင်ဖျောက်ပြီးပါပြီ ...
ဘာပဲဖြစ်ဖြစ် ငါ့ကို ဖွက်ထားတဲ့ နွေမလေးထား ရယ် ...
ငါ့ကို ... ငါ့ကိုယ်ငါ မြင်နိုင်တဲ့ နေရာမှာ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လာထားပါ ...

ကြာပြီ ... ကြာပါပြီ ... ကျာပါပြီ ...
အချင်းချင်း ချစ်နေကြတဲ့ ကောက်ညင်းအိုး နဲ့ ကောင်းညင်းပေါင်း ... ကပ်လို့ ...
ငါတို့နှစ်ယောက်လက် ပူးကပ်လို့ ချစ်လိုက်ကြတာ ...
လက်တွေတောင် နူးညံ့လို့ ...
ငါ ရူး ခဲ့ တယ် ... ဓားအိမ်နဲ့ ဓား အဖက်မြဲမယ် လို့ ထင်ထားခဲ့တာ ...
ရေ နဲ့ ရေဗူး အနေမြဲမယ် လို့ ထင်ထား ခဲ့တာ ...
အနာဂတ်ကို မသိတဲ့ ကွင်းပြင်ကျယ်ကြီးထဲက သစ်ပင်အိုကြီးလို ...
နွား ခြေ ရာ ခွက် ကို ပဲ ကမ္ဘာထင်နေခဲ့ တာ ... စိတ်ကောက် လက်ကောက် လက်တောက် ကျွန်တော် ရူးခဲ့ ...
ဘယ် သူ မှ မ ရူး ဖူး သ လို ကြီးကြီး ကျယ်ကျယ် ရူး ခဲ့ ...

ကျွန်တော် သွား တဲ့ နေရာ တိုင်း ကျွန်တာ် ပါမလာတာ ...
ကျွန်တော်လက်ထဲ သူ့ စကားသံလေးတွေ ဟောင်းနွမ်းညင်းစုတ်နေတာ ...

စာရေးဆရာမ လွန်း ထား ထား ...
သူငယ်ချင်းမလေး ပါးရ်ထား ...
သူဌေးမ ဒေါ်ခင်ထား ...
ငါးစိမ်းသည် ရွှေထား ...

ငါ့ ကိုယ် ငါ ဘယ် နား သွား ထား မိ ပါ လိမ့် ...

လျံနိုး
(ပြင်လိုက် ဖျက်လိုက် ဖင်ချွန်းလိုက် ပါးလျပ်သွားလိုက် ....
အဆုံးမှာ ဒီလိုပုံ ထွက်လာပါတယ် ... ဖင်ချွန်းသွားလည်း မသိတော့ဘူး ...)
၂၄ ရက် ဖေဖော်ဝါရီ ၂၀၁၁ မှာ ဒီကဗျာကို facebook မှာ ထား တယ် ...

Wednesday, February 16, 2011

သူစိမ်းသူရံမလေး

မျက်ရည်တွေ တမ်းတသံက

သူစိမ်းသူရံမလေး အရမ်းလှတယ် ...


ကမ္ဘာကြီးက ကျဉ်းမြောင်းပိန်ပါးတယ် ...

မနေ့တနေ့က တနယ်တကျေးမှာ တွေ့ခဲ့တဲ့ သူစိမ်းသူရံမလေး

ဒီနေ့ပဲ မြို့ပြခပ်ကြီးကြီးမှာ ကားတစီးတည်း အတူထိုင်စီးဖြစ်တယ် ...


သူစိမ်းသူရံမလေးရယ် ... ကျွန်တော်ရင်းနှီးနေတဲ့ ကျွန်တော်ကိုယ်တိုင်ရယ် ...

မျှော်လင့်ချက်မဲ့ ရေစက် တခုထဲ စိုစွတ်ခဲ့ကြတယ် ...

အင်း ... ရေစက်ဆုံလာတယ် ...


ဟူး ...

မလွယ်ပါဘူး သူစိမ်းသူရံမလေးရယ် ...

အဆိပ်တခွက် ဆေးတခွက် လက်တဖက်စီကိုင်ပြီး ငါ အထီးကျန်နေပြန်ပြီ ...

ချစ်သူများနေ့က ပြီးသွားပြီ ...

မျှော်လင့်ခြင်း ဇာတ်ကားလည်း ပြီးသွားပြီ ...


တချို့က ရေကို မျှော်လင့်တယ် ...

တချို့က လေကို မျှော်လင့်တယ် ...

တချို့က အစာကို မျှော်လင့်တယ် ...

တချို့က လွတ်လပ်ရေးကို မျှော်လင့်တယ် ...


ငါကတော့ ဘာမှ မမျှော်လင့်ရတာကို မျှော်လင့်တယ် ...

နင့်လက်ကို အချိုသာဆုံး ငါ ကိုင်ချင်တယ် ...

နင့် နှုတ်ခမ်းကို အနူးညံ့ဆုံး ငါ နမ်းချင်တယ် ...

နင့် ကို သက်တောင့်သက်သာ ဖက်ထားချင်တယ် ...


လက်လေး ၀င်ခွင့်ပေးပါ ...

ခေါင်းလေး ၀င်ခွင့်ပေးပါ ...

ခြေထောက်လေး ၀င်ခွင့်ပေးပါ ...

မိုးခိုခွင့်လေး ပေးပါ ...

ရေတခွက်လောက် တိုက်ပါ ...


ကဲ ... ဘာကျန်သေးလဲ သူစိမ်းသူရံမလေးရယ် ...

နင့် ဆီ က ဘာ မှ မ လို ချင် ဘူး ဆို တာ ထက်

နင့် နား ရှိ နေ ခြင်း ဟာ က ပဲ ငါ မြေးမြစ် တီတွတ်ကျွတ် ရတဲ့အထိ

ပြောနေမယ့် ပျော်စရာ အမက်ချင်ဆုံး အိပ်မက် တခုပါ ...


နောက်တခါ ပြန်တွေ့ရင် ...

ငါ့ ဘက် ရိုးရိုးသားသားလှည့်ပြီး ငါ့ ကို ပွင့်ပွင့်လင်းလင်း ပြုံးပြ ပါ ...

မပွင့်တပွင့်နှုတ်ခမ်းနဲ့ ငါ အသည်းကွဲတတ်လို့ ...


နားထောင်သူတိုင်း ငြီးငွေ့ ...

ငါ့ နှုတ်ခမ်းတွေ အသက်ဝင်လာပြီကော ...

ငါ့ စကားတွေ ... ကဗျာတွေ ... အသက်ရှုသံတွေ ...

ရှုလက်စ ရှုဆေးဘူးတွေ ... လိမ်းလက်စ သနပ်ခါးတွေ ...

မနူးနပ်သေးတဲ့ ငါ့ချက် ထမင်းတွေ ... ကောက်ညင်းတွေ ...

ကစားလက်စ ဖဲချပ်တွေ ... မကျိုးသေးတဲ့ မီးသွေးတွေ ...

နောက် ဆုံး တော့ ငါ ကိုယ် တိုင် ပဲ နင့် အ တိတ် မျက် ၀န်း တွေ ဆီ

ခွေ ခွေ ခေါက် လဲ ကျ တယ် ...

ဖြစ်နိုင်ရင် ငါ့ နာမည် ရိုက်ချိုးလိုက်ပါတော့ ...

နင် ဟာ ငါ့ ရဲ့ သိက္ခာဘုရင်မ ...


သန်းခေါင်ယံထဲ ပွင့်တဲ့ နေမှာ ငါ့ မျက်ဝန်းတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်

လက် ထ နေ ပြီ ...

ငါ လို သန်း ခေါင် ယံ ကောင် ဟာ နောက် ထပ် မှောင် မိုက် စ ရာ လည်း မ ရှိ တော့ သ လို

ဘယ် သူ လက် သင့် မ ခံ တဲ့ ပင့် ကူ အိမ် တက် နာ ရီ တစ် ခု လို ...

ငါ့ ကိုယ် ငါ ပဲ လက် ခံ လိုက် တယ် ...

ငါ အေးအေးဆေးဆေး ပျော်/ထိုက်တယ် ...

Wednesday, February 2, 2011

"ဟာလာကြီး"

ကြိုးစား ဆိုတဲ့ လေးလေးလံလံ စကားတခွန်းက
သိပ်သည်းထူထဲဆ ဘယ်လောက်များမလဲ ...
ကြိုးစား ဆိုတဲ့ စကားလုံး ... နဲ့ ...
သမာဓိချိန်ခွင် ချိန်ကြည့်လိုက်တာ ...
လျှာက ဘက်လိုက်မလာဘူး ...
ဘန်ကီမွန်းက နှုတ်ဆက်သွားတယ် ...
ကဗျာဆရာတွေ နေကောင်းလား ... တဲ့ ...
ကဗျာရေးရင် အဖေနဲ့ အမေက မရူး နဲ့ တဲ့ ...
မရူးနဲ့ ဆိုတဲ့ စကားက အရည်အဖတ်ပေါ့ရွှတ်နေလို့ပဲ ဖြစ်ရမယ် ... :D
မယ်မင်းကြီးမလေ ငန်တယ် ဆိုပြီး ထွေးထုတ်လိုက်တာ စကားလုံးတွေက
ပါးပါးနပ်နပ် နောက်ကျောကို ဓါးနဲ့  ထိုးတယ် ...
ဒယ်အိုးထဲက တမာရွက်ကို ခပ်ထုတ်လိုက်စမ်း ...
အမည်မသိ ဂြိုလ်သားရဲ့ ချစ်ကြိုက်စကားလို တူးခါးတယ် ...
ဟိုရောက်လိုက် ... ဒီရောက်လိုက် ...
အေးအေးလူလူ တလွှာပျက်ရှုံးသွားတိုင်း ခရမ်းလွန်ရောင်ခြည်တွေ ပဲ့ပြိုကျလာတယ် ...
နာနာကျင်ကျင် အော်တမ်းလိုက်တဲ့အခါ မသော်တာက တချိန်လုံး ကဗျာကြီးပဲ
ရေးမနေနဲ့ ... တဲ့ ...
စာမေးပွဲနီးနေပြီ ... စာကျက်ဦး ... တဲ့ မျက်မှန်မလေးက ...
မဆာရ ကတော့ အိဒြေ္နနဲ့ ပြုံးတာ တွေ့လိုက်တယ် ...
မမနှင်းကတော့ ကျွန်တော့်ထိုက်နဲ့ ကျွန်တော်ကံ လွှတ်ထားလိုက်တယ် ...
ကျိန်ပြောရချည်ရဲ့ ... ဘယ်သူ့ကိုမှ ဟုတ်တိပတ်တိ မမုန်းခဲ့ဖူးတာ ...
ဘုံရင်ခွင် လည်း မဟုတ်တော့ မျက်ရည်ထဲမှာ ရင်ခွင်ကြီး ပက်လက်မျော ... ဟော ဟိုမှာ ...
ဘယ်မှာလဲ ... ဒီမှာလေ စိုရွှဲနေတဲ့ ကဗျာတွေ ...
မျက်လုံးတွေ နီတွန်နေပြီ ... မျက်ရည်မြစ်မှာ အိပ်မက်ကလေး နဲ့ လှော် ...
ငါ့ပေါ်မှာ ခပ်တည်တည်နဲ့ ပျံသန်းတဲ့ ကောင်းကင်ကြီး ...

သွေးမထွက်ပေမဲ့ အထဲမှာ ကြေမွနေပြီ ... ဟားးး ဟားးး ဟားးး ...
မြင့်မြင့်ခင် ဘီစကစ် စားမလား ...
ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ သိပ်ကောင်းတာပဲ ...ခင်ဗျားတို့ သောက်ကျင့်ကျင့်တဲ့
စစ်တပ်အာဏာတွေလည်း ကြွပ်ကြွပ်ရွရွလေးနဲ့ ပုတ်ချလို့ သိပ်ကောင်းတာပဲ ...
သူတို့ဟာ သူတို့တော့ ပျားပန်းခတ် အလုပ်ရှုပ်နေကြတာပဲ ...
အရာမရောက်ဘဲ ထောင်နန်းစံသွားကြတာ ...
ခက် တယ် ... ခက် တယ် ...
တစ်မရှိဘဲ နှစ်ရေးချင် ... ရှိချင် ကြတာ ...
အော် ... ခက် တယ် ...
ခက် တော့ တာ ပဲ ...
ခက် တယ် ...

ဘယ်တော့လဲ ... ဘာအတွက်လဲ ... ဘာဖြစ်လို့လဲ ...
သေချာပေါက် ဘယ်သူပြောလဲ ...
ကဲ ... အခုချုက်ချင်း လဲ သေ လိုက် ကွာ ...
လဲ လဲ လဲ သေလိုက် ...
ငါ့ကို ချစ်ရဲ့သားနဲ့ ငါ့နောက် မလိုက်ရဲတဲ့ မိန်းမ ...

အဲ့စကားလုံးတွေ သွံချလိုက် ...
အဲ့ရေတွင်းကို သွန်ချလိုက် ...
ခင်ဗျားလည်း ကိုယ်တိုင်မူပိုင်စကားပဲပြော ...
ကျွန်တော်လည်း ကိုယ်တိုင်မူပိုင်စကားပဲပြော ...
ချစ် တယ် ... ချစ် တယ် ... ချစ် တယ် ...
ခေါင်းစဉ်တွေ ဖတ်ဖန်များလို့ ဖူးယောင်ခဲ့တယ် ...

၈ နာရီ ၁၅(ည)
၃၁.၁.၁၁ လျံနိုး