( liannosa.ning.com ) ( lianno.wordpress.com
စာဖတ်သူဖတ်ဖူးတဲ့ ကျွန်တော့်စာတွေထဲက ဘယ်ဟာတွေက အကောင်းဆုံးနဲ့ စာပေလို့ အခေါ်ထိုက်ဆုံးကို
ပြောပြပေးပါ.။ ဒီလိုပြောရခြင်းအကြော
ဘုရားသခင်ကောင်းကြီးေ
အို…ကောင်းကင်ကြီးရယ်…
မင်းရဲ့ ရိုးသားဖြူစင်မှုတွေကို
လောကကြီးအပေါ် ဖြန်းပက်ဝေမျှပေးပါလား…
(ဖြစ်နိုင်မယ်ဆိုရင်ပေါ့)
ကောက်ကျစ်စဉ်းလဲမှုတွေကို ငါအီလွန်းလို့ပါကွာ..
နောက်..ဟန်ဆောင်အပြုံးတွေ၊ ဟန်ဆောင်အချစ်တွေ
ဆိုတာငါ့အတွက် ငါ့ဘဝမှာ ပြည့်သိပ်လွန်းလို့ လုံလောက်လှပါပြီကွာ…
မင်းသိနိုင်မလား ကောင်းကင်ကြီးရယ်…
အမှတ်တမဲ့လိုလိုနဲ့ စကားထဲက ဇာတိပြဆိုသလို
ပုတ်သိုးနေတဲ့ အနံ့ဆိုးတွေကို ခဏခဏဖော်ထုတ်ပြပြီး
တောင်းပန်စကားတစ်ခွန်းနဲ့ ပြီးပြီးသွားတတ်ကြတာ…
ပဲ့ယွင်းနေတဲ့ ကမ္ဘာကြီးရဲ့ ပြယုတ်တစ်ခုအလား
ထင်ယောင်ထင်မှားနဲ့.
တစ်ခါတလေကမ္ဘာကြီးပျက်သုန်းတော့မယ်ဆိုပြီး
ငါသွေးပျက်ခါနီးနီး…ဘာပဲဖြစ်ဖြစ်ကောင်းကင်ကြီးရယ်..
အမြဲတမ်းကျွန်တော်တနေတဲ့ချင်ခြင်းတစ်ခုဟာ
မရဲ့ စစ်မှန်တဲ့(ဟန်ဆောင်မှုကင်းမဲ့စွာ ပျော်ရွှင်မှုနှင့်
အတိပြီးသော)အပြုံးကို တွေ့မြင်ရဖို့ပါပဲ..။
နောက်..ကျွန်တော်ဆန္ဒပြုတောင်းဆုတစ်ခုအနေနဲ့ ပုံမှန်ပြုနေတာက
မ အမြဲတမ်းပျော်ရွှင်ဖို့ပါပဲ…။
မ.ကျွန်တော့်တောင်းဆုတွေ၊ ရည်စူးမှုတွေထက်တောင် မကို
အတိုင်းထက်အလွန်ပျော်ရွှင်စေချင်ပါတယ်..
လောကစကောထဲရှင်သန်နေရတဲ့ ကျွန်တော်တို့ဟာ
သူ့သဘောအတိုင်း ပြာခြင်းကို ခံနေကြရတယ်..။
အဲဒါကြောင့် ဟိုဘက်လူးလိုက်၊ ဒီဘက်လှိမ့်လိုက်ဖြစ်နေကြရတယ်.။
အဲဒီလို လူးနေလှိမ့်နေတုန်းမှာပဲ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ စတဲ့
ခံစားမှုမျိုးစုံကို ခံစားကြရမယ်..။ ဒါကြီးကို မအတွက်ပဲကမ်းလှမ်းချက်ပြု၊
လောကွတ်ခင်းနေတဲ့ ကျွန်တော်က တရားမျှတမှုမရှိဘူးဆို..ပြောကြပါစေဗျာ..
မအတွက်ဆို ကျွန်တော်ချိန်ခွင်ကို ချိုးဖျက်တဲ့သူ၊ တရားမျှတမှုကို မောင်းထုတ်
တဲ့သူ ဖြစ်ရဲပါတယ်..။ အဲဒါမပေါ်ကျွန်တော်ထားတဲ့ အချစ်ရဲ့ တွန်းအားတွေကြောင့်ပါ.
..မ ကျေးဇူးပြုပြီး ကျွန်တော့်အချစ်ကို မတုံ့ပြန်ရင်နေပါ..အသိမှတ်ပြုပေးပါ..။
ဒါပေမဲ့ မစိတ်ငြိုငြင်မယ်ဆိုကျွန်တော်ရင်အကွဲခံပါ့မယ်..
မ ကို အမြဲတမ်းပျော်ရွှင်စေတဲ့ ဆန္ဒနဲ့ပါ.မ..။
“မ.အမြဲတမ်းပျော်ရွှင်နိုင်ပါစေ”…။။..။……………….