နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, March 3, 2010

စုန်းကဝေ၏ တောင်းဆု

အချစ်...အချစ်ဆိုတာ
ဘာလဲဟင်...
အချစ်အကြောင်း တနုတရွ
လှလှပပတင်စားပြီး ကဗျာတွေ
ရေးဖွဲ့တတ်တဲ့ငါတောင် အချစ်ဆိုတာကို
စဉ်းစားမိရင် ရူးခါနီးနီး...။
အများက ပြောကြတယ် အချစ်ဆိုတာ စိတ္တဇနာမ်တဲ့
လှပပြီး နုရွတယ်.. ကြည်နူးမှုတွေ အတိပြီးတယ်လို့
လည်း ညွှန်းထားသေးတယ်...
ဟုတ်လားတော့ မသိဘူး...။ နောက် ငါတစ်တစ်ခါ
အချစ်ဆိုတာ ...
ဘာလဲလို့ရူးကြောင်ကြောင် မေးလိုက်ရင်လည်း
မယုံဘူး ကြုံဖူးမှ သိမယ်တဲ့...။
အင်း...ငါကြုံချင်ပါတယ် အချစ်နဲ့...
ဒါပေမဲ့ ဟန်ဆောင်မှုတွေ အတိပြီးတဲ့
အချစ်နဲ့တော့ မဟုတ်ဘူး...။
အရှိကို အရှိအတိုင်း (အင်မပါ)ဘဲ
ဟန်ဆောင်နုရွပြီး မာယာမပါတဲ့
အချစ်နဲ့..။ နော်..ကံကြမ္မာဘီး တစ်ပတ်လည်လာလို့
(ဒါမှမဟုတ်) ရာဇဝင်ယုံတမ်းထဲက အတိုင်း
တန်ခိုးရှင်များ ကောက်ကာ ငင်ကာရုတ်တရက်ပေါ်လာရင်
အဲဒီဆုပဲ ငါတောင်းမိမှာ....။
ဒီတောင်းဆုတစ်ခုသာ ငါ့အတွက် ပြည့်ခဲ့မယ်ဆိုရင်တော့....

Tuesday, March 2, 2010

အကူအညီတောင်းခံခြင်း

လျံနိုးဆိုတဲ့ နာမည်လေးဖြစ်ပေါ်တည်ရှိလာအောင် ကြိုးစားချင်စိတ်များကို လှုံဆော်ပေးတဲ့ ကျွန်တော့်ပရိသတ်မဟုတ်တောင်မှ ကျွန်တော့်စာဖတ်သူများခင်ဗျာ...
( liannosa.ning.com ) ( lianno.wordpress.com )
စာဖတ်သူဖတ်ဖူးတဲ့ ကျွန်တော့်စာတွေထဲက ဘယ်ဟာတွေက အကောင်းဆုံးနဲ့ စာပေလို့ အခေါ်ထိုက်ဆုံးကို
ပြောပြပေးပါ.။ ဒီလိုပြောရခြင်းအကြောင်းကတော့ www.ainmat.com ဆိုတဲ့ ဆိုဒ်ပေါ်မှာ အများဖတ်အောင်(သို့) ဖတ်သူပိုများအောင် တင်ချင်လို့ပါခင်ဗျ...။ ဒါကြောင့် စာဖတ်သူဖက်က အဖြေကို ကျွန်တော်လိုလားစွာ စောင့်မျှော်နေပါမယ်...။ စာဖတ်သူလည်း စိတ်ဝင်စားရင် စာတွေပို့ပေးပါ.။ ဒါမှမဟုတ် အဲဒီဆိုဒ်ပေါ်မှာ member အဖြစ်ဝင်ပြီး ရေးပါ...။ စာတွေ ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်..
ဘုရားသခင်ကောင်းကြီးပေးပါစေ...။
Edit

Monday, March 1, 2010

"LOVE" (ဘာသာပြန်ဆိုထားသည် အောက်တွင်)

Love, like a tree,
sends its roots down deep
so when the storms of life abound
and the winds of adversity blow,
it shakes and bends
and goes with the flow
but doesn't break or fall.

Friday, February 26, 2010

အတိတ်ဆီမြန်မာပြည်

လွမ်းလိုက်တာ မြန်မာပြည်...
အတိတ်ကို ပြန်တွေါ်ရင်
ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော
(ဓာတ်ကြီးလေးပါး)သန့်တဲ့ မြန်မာပြည်..။
ယဉ်ကျေးတဲ့ မြန်မာဓလေ့ လွမ်းတေ့တေ့
အချိန်တိုင်းအတွက်ပါ.။ ညောင်ပင်ရိပ်ကိုမှီ
ထိုင်ပါသည် ကွပ်ပျစ်လေးဆီ
လက်ဖက်သုပ်၊ ဂျင်းသုပ်လေးနဲ့
ရေနွေးကြမ်း.ဟူး...ဒီအာသီလေး
တွေသနေမိပါတယ်.။
မွှေးပျံ့တဲ့ နှင်းဆီ၊ စံပယ်ရောယှက်ကာ
ကျွန်တော့်တစ်သက်မှာ သတိရတဲ့အခါ
မျက်ရည်တောင်လည်ချင်ချင်.။
တကယ်ပါပင်၊ ဝေးမှ တကယ်ခုံမင်မိတဲ့ မြန်မာပြည်.။
တစ်ဘဝစာအတွက် တစ်ခဏစာခွဲခွာရတဲ့
မြန်မာပြည်။ နွေရာသီဆို လေတဖြူးဖြူး
တဝူးဝူးတိုက်ကာ ရွာတဲ့ မိုးနဲ့လေ၊ အရိုးများကျိုးတော့မလေ
ထင်လောက်အောင် ချမ်းတဲ့ဆောင်း၊ ကောာင်းပေ့ဆိုတဲ့ မုန်းဟင်းခါး
လိုက်ဖက်ပါဘိနဲ့.။ မနက်တိုင်းသွားသွားစားတဲ့ ငါ့အတိတ်တွေးကို
ပြန်မျောကြည့်မယ်ဆိုရင် သရည်အလိုလိုကျလာတယ်.။
ကဲ...အခုမှ လွမ်းနေလို့လဲ မထူးတော့ဘူး။
ပျော်ပျော်နေသေခဲတဲ့.။ မြန်မာပြည်.
ပြန်လာဖို့ မပျောက်ပျက်မယ့် ကတိငါပေးတယ်...။

Thursday, February 25, 2010

ခြားနားခြင်း

အချစ်လို့ ခေါ်ကြတဲ့ ရင်ခုန်သံတွေကို
ငါကြောက်ရွံ့နေမိပြီ...။
ကြည်နူးမှုလို့ လှလှိပပအမည်တွင်စေကြတဲ့
ခဏတာပျော်ရွှင်မှုတွေကို ငါအော်ဂလီဆန်လှပြီ။
ဥပေက္ခာဆိုတဲ့ စကားလုံးကို ငါကြားရတိုင်း
ငါလေ...ငါ သွေးပျက်လုနီးနီးပါဘဲလား...
အပြုံးဆိုတာကြီးကို ငါတွေ့ရတိုင်းလည်း
ငါချောက်ချောက်ချားချားဖြစ်
နေမိတယ်...။
ဪ...မင်းလုပ်ရပ်ရဲ့ အဆုံးက ဒီလောက်ပဲလား
လှလှပပလှည့်ကွက်လေးတွေနဲ့ ငါ့ကို နှိပ်စက်ပါဦးလား
ပျားရည်ထက်ချိုတဲ့ အပြုံးလေတွေနဲ့ ငါ့ဘဝအခြေတွေကို
ဖြိုဖျက်ပါဦးလား...မင်းလုပ်ရပ်ရဲ့ အဆုံးရလဒ်က ငါ့အတွက်
ဒီလောက်ပဲလား...
နူးညံ့တဲ့ စကားသံတွေကို အသုံးပြုပြီး
မာယာကျော့ကွင်းထဲ ငါ့ကို အဖန်ဖန်အခါခါကျော့မိစေပါဦးလား...
....ဘယ်လိုလဲ....
ဒီလိုမင်းရဲ့ စုတ်ပြတ်ညစ်ပေပဲ့ယွင်းကောက်ကျစ်
အော်ဂလီဆန်စရာကောင်းတဲ့ လုပ်ရပ်တွေအတွက်
မင်းဟာ ငါအသက်ရှင်နေသရွေ့ ငါ့အတွက်
ငြိုးမပြေရန်သူပဲ...။ ဒါပေမဲ့
ငါ့နှလုံးသားအတွက် မင်းကတော့
မိတ်ဆွေကောင်း(သို့) သခင်အဖြစ်တည်ရှိနေမယ့်
သူပါပဲ...။။။

Wednesday, February 24, 2010

ဝတ်မှုန်ချိုချိုနားမှာ

အချစ်ထူး ယစ်မူးခဲ့ရပြီ စံပယ်
အချစ်ဦးမဟုတ်သော်လည်း
ရာသီတိုင်းသစ်ထူးသူရယ်...
ပြောပါရစေ ချစ်ခွန်းခြွေ...
ရင်ခုန်သံစကားလေးကြွေပါရစေ
အချစ်ဆူးစူးပါရစေ မင်းရနံ့နဲ့...။
အပြုံးဆောင်ကျဉ်းကာ ပိတုန်းတစ်ကောင်
အဖြစ်မှာ အနားတစ်သက်မခွဲမယ့်
အချစ်မျိုးနဲ့ အစဉ်အမြဲရစ်ဝဲပါရစေလား စံပယ်...
အချစ်နယ်ချဲ့ဘုရင်လို့ စွပ်စွဲချင်စွဲပါ
မပြိုကွဲမဲ့ ချစ်နေတယ်ဆိုတာ
ယုံကြည်ပေးကွယ် စံပယ်ရယ်...

Monday, February 22, 2010

“ ကောင်းကင်သို့…..”


အို…ကောင်းကင်ကြီးရယ်…

မင်းရဲ့ ရိုးသားဖြူစင်မှုတွေကို

လောကကြီးအပေါ် ဖြန်းပက်ဝေမျှပေးပါလား…

(ဖြစ်နိုင်မယ်ဆိုရင်ပေါ့)

ကောက်ကျစ်စဉ်းလဲမှုတွေကို ငါအီလွန်းလို့ပါကွာ..

နောက်..ဟန်ဆောင်အပြုံးတွေ၊ ဟန်ဆောင်အချစ်တွေ

ဆိုတာငါ့အတွက် ငါ့ဘဝမှာ ပြည့်သိပ်လွန်းလို့ လုံလောက်လှပါပြီကွာ…

မင်းသိနိုင်မလား ကောင်းကင်ကြီးရယ်…

အမှတ်တမဲ့လိုလိုနဲ့ စကားထဲက ဇာတိပြဆိုသလို

ပုတ်သိုးနေတဲ့ အနံ့ဆိုးတွေကို ခဏခဏဖော်ထုတ်ပြပြီး

တောင်းပန်စကားတစ်ခွန်းနဲ့ ပြီးပြီးသွားတတ်ကြတာ…

ပဲ့ယွင်းနေတဲ့ ကမ္ဘာကြီးရဲ့ ပြယုတ်တစ်ခုအလား

ထင်ယောင်ထင်မှားနဲ့.

တစ်ခါတလေကမ္ဘာကြီးပျက်သုန်းတော့မယ်ဆိုပြီး

ငါသွေးပျက်ခါနီးနီး…ဘာပဲဖြစ်ဖြစ်ကောင်းကင်ကြီးရယ်..

ငါ့တိုင်တည်ချက်ကို မင်းအသိအမှတ်ပြုပေးနိုင်ပါစေ….