နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 2, 2011

"ဟာလာကြီး"

ကြိုးစား ဆိုတဲ့ လေးလေးလံလံ စကားတခွန်းက
သိပ်သည်းထူထဲဆ ဘယ်လောက်များမလဲ ...
ကြိုးစား ဆိုတဲ့ စကားလုံး ... နဲ့ ...
သမာဓိချိန်ခွင် ချိန်ကြည့်လိုက်တာ ...
လျှာက ဘက်လိုက်မလာဘူး ...
ဘန်ကီမွန်းက နှုတ်ဆက်သွားတယ် ...
ကဗျာဆရာတွေ နေကောင်းလား ... တဲ့ ...
ကဗျာရေးရင် အဖေနဲ့ အမေက မရူး နဲ့ တဲ့ ...
မရူးနဲ့ ဆိုတဲ့ စကားက အရည်အဖတ်ပေါ့ရွှတ်နေလို့ပဲ ဖြစ်ရမယ် ... :D
မယ်မင်းကြီးမလေ ငန်တယ် ဆိုပြီး ထွေးထုတ်လိုက်တာ စကားလုံးတွေက
ပါးပါးနပ်နပ် နောက်ကျောကို ဓါးနဲ့  ထိုးတယ် ...
ဒယ်အိုးထဲက တမာရွက်ကို ခပ်ထုတ်လိုက်စမ်း ...
အမည်မသိ ဂြိုလ်သားရဲ့ ချစ်ကြိုက်စကားလို တူးခါးတယ် ...
ဟိုရောက်လိုက် ... ဒီရောက်လိုက် ...
အေးအေးလူလူ တလွှာပျက်ရှုံးသွားတိုင်း ခရမ်းလွန်ရောင်ခြည်တွေ ပဲ့ပြိုကျလာတယ် ...
နာနာကျင်ကျင် အော်တမ်းလိုက်တဲ့အခါ မသော်တာက တချိန်လုံး ကဗျာကြီးပဲ
ရေးမနေနဲ့ ... တဲ့ ...
စာမေးပွဲနီးနေပြီ ... စာကျက်ဦး ... တဲ့ မျက်မှန်မလေးက ...
မဆာရ ကတော့ အိဒြေ္နနဲ့ ပြုံးတာ တွေ့လိုက်တယ် ...
မမနှင်းကတော့ ကျွန်တော့်ထိုက်နဲ့ ကျွန်တော်ကံ လွှတ်ထားလိုက်တယ် ...
ကျိန်ပြောရချည်ရဲ့ ... ဘယ်သူ့ကိုမှ ဟုတ်တိပတ်တိ မမုန်းခဲ့ဖူးတာ ...
ဘုံရင်ခွင် လည်း မဟုတ်တော့ မျက်ရည်ထဲမှာ ရင်ခွင်ကြီး ပက်လက်မျော ... ဟော ဟိုမှာ ...
ဘယ်မှာလဲ ... ဒီမှာလေ စိုရွှဲနေတဲ့ ကဗျာတွေ ...
မျက်လုံးတွေ နီတွန်နေပြီ ... မျက်ရည်မြစ်မှာ အိပ်မက်ကလေး နဲ့ လှော် ...
ငါ့ပေါ်မှာ ခပ်တည်တည်နဲ့ ပျံသန်းတဲ့ ကောင်းကင်ကြီး ...

သွေးမထွက်ပေမဲ့ အထဲမှာ ကြေမွနေပြီ ... ဟားးး ဟားးး ဟားးး ...
မြင့်မြင့်ခင် ဘီစကစ် စားမလား ...
ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ သိပ်ကောင်းတာပဲ ...ခင်ဗျားတို့ သောက်ကျင့်ကျင့်တဲ့
စစ်တပ်အာဏာတွေလည်း ကြွပ်ကြွပ်ရွရွလေးနဲ့ ပုတ်ချလို့ သိပ်ကောင်းတာပဲ ...
သူတို့ဟာ သူတို့တော့ ပျားပန်းခတ် အလုပ်ရှုပ်နေကြတာပဲ ...
အရာမရောက်ဘဲ ထောင်နန်းစံသွားကြတာ ...
ခက် တယ် ... ခက် တယ် ...
တစ်မရှိဘဲ နှစ်ရေးချင် ... ရှိချင် ကြတာ ...
အော် ... ခက် တယ် ...
ခက် တော့ တာ ပဲ ...
ခက် တယ် ...

ဘယ်တော့လဲ ... ဘာအတွက်လဲ ... ဘာဖြစ်လို့လဲ ...
သေချာပေါက် ဘယ်သူပြောလဲ ...
ကဲ ... အခုချုက်ချင်း လဲ သေ လိုက် ကွာ ...
လဲ လဲ လဲ သေလိုက် ...
ငါ့ကို ချစ်ရဲ့သားနဲ့ ငါ့နောက် မလိုက်ရဲတဲ့ မိန်းမ ...

အဲ့စကားလုံးတွေ သွံချလိုက် ...
အဲ့ရေတွင်းကို သွန်ချလိုက် ...
ခင်ဗျားလည်း ကိုယ်တိုင်မူပိုင်စကားပဲပြော ...
ကျွန်တော်လည်း ကိုယ်တိုင်မူပိုင်စကားပဲပြော ...
ချစ် တယ် ... ချစ် တယ် ... ချစ် တယ် ...
ခေါင်းစဉ်တွေ ဖတ်ဖန်များလို့ ဖူးယောင်ခဲ့တယ် ...

၈ နာရီ ၁၅(ည)
၃၁.၁.၁၁ လျံနိုး

Sunday, January 30, 2011

"ဒုက္ခကဗျာ"

ဘယ်သူမှ ငါ့ကို လက်သင့်မခံတော့တဲ့အချိန် ...
င့ါကိုယ်ငါ ခပ်နွမ်းနွမ်း ပြန်ဝတ်လိုက်တယ် ...
မျက်ရည်တိုင်ကီတပုံးလုံးကို
စိတ်လိုလက်ရ
ငါ သွန်ချခဲ့ပြီးတဲ့နောက်မှာ ...
လေယာဉ်လက်မှတ်တစောင် ...
မ လို့ ကျွန်တော်ခေါ်တဲ့ "...." ...
ကြေကွဲခြင်း အလင်းနစ်စကားလုံးပေါင်းသန်းပေါင်းများစွာ ...
တို့နဲ့ ပွင့်ပွင့်လင်းလင်း ရင်းနှီးခဲ့ရ ...

သက်တမ်းစေ့ သေဆုံးသွားတဲ့
လေယာဉ်လက်မှတ်ကို လည်ပင်းညစ် အပိုင်းပိုင်းဖြတ်တဲ့အခါ ...
တံမြက်စည်းတို့ရဲ့ အထာနဲ့ ကျောင်းစာအုပ်ပေါ်
ကဗျာဖြစ်လာပြီ ...

လက်ပွန်းတတီးနေလာခဲ့တဲ့ စကားလုံးတို့နဲ့ ...
ငါ့လက်တွေ သွေးရဲ လာခဲ့ပြီ ...

စကားလုံးမရှိတဲ့ နှုတ်ခမ်းနီဘူးထဲ
ရင်းနှီးနေကျ စကားလုံးတွေ ထည့်တယ် ...
ဆွတ်ပျံ့မှိုင်းညိုကဗျာစာအုပ်ထဲ မ လို့ ကျွန်တော်ခေါ်တဲ့
"..." ကို ထည့်တယ် ...
အဲဒါတွေကို ခေတ်မီညပေါင်းအိုးထဲ စနစ်တကျ ပြုတ်ထည့်လိုက်တဲ့အခါ ...
"ဟော ... ဘာတဲ့ နာမည်က ...
ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့ ..."
R ဇာနည် သီချင်းဆန်ဆန် ...
ဝေးမှာသိလို့ ကိုယ့်အနားမရှိစေချင်ခဲ့တဲ့ သူ့ ကို ...
မှော်နှုတ်ခမ်းသားတို့နဲ့ အနားဆွဲခေါ် ...
တစ်ခါ ...
နှစ်ခါ ... နမ်းမိခဲ့ပါပြီ ...

၂၀၁၁ ထိပါပဲ ...
၂၀၀၈ က ထုတ်လုပ်တဲ့ မျက်ရည်ပါးပါး မိတ်ကပ်တွေ
လူးလိမ်းတုန်းပဲ ...

၂၀၁၁ ထိပါပဲ ...
၂၀၀၈ က အကြောင်းတွေ အကြောင်း ...
တစေ့တစောင်း လွမ်းတုန်းပဲ ...

ဓါးထက်ထက် ...
ငါ့ဝိဥာဉ်အသက်ဆက်ဆက် ...
လင်းလက်လိုက်တဲ့အခါ ...
မိုးကုပ်စက်ဝိုင်းအောက်က ရောင်စုံဒဏ်ရာတို့နဲ့ ...
မ လို့ ကျွန်တော်ခေါ်တဲ့ "..." နာမည်လေးပေါ်
မှတ်မှတ်ရရ ဖင်သေမြဲ ဖင်သေ နေမိခဲ့ပြန်ပြီ ...

Tuesday, January 25, 2011

လူမိုက်

ညစ်ညစ်ပတ်ပတ် ဇာတ်ဝင်ခန်းတို့ကနေ
အလူးအလဲဖြစ်တည်လာခဲ့ ...

ငါ ဆိုတဲ့ သတ္တ၀ါက ...
..................................
..
ဘာတွေမှန်းတော့ မသိဘူး ...
အလင်းနှုတ်ခမ်းတွေက မျက်စိကျိန်းတယ် ...

တရားတဘောင်တို့နဲ့ ...
အကြိမ်ကြိမ် ငါ ပွန်းရှခဲ့ ...
လဲကျခဲ့ ...
သုည တလုံးကိုတောင် မမီမကမ်းလှမ်းဆုပ်ယူရတယ် ...

နောက်ဆုံးတော့ ...
ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကလေ ...
................................
........................
..........
လူမိုက်

၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၆ ဗုဒ်ဓဟူးနေ့ နံနက် ၁၀း၂၂ တွင်
ခေါ်တော်မူခြင်း/ခရစ်တော်တွင် အိပ်ပျော်သည် ...

လက်ဝါးကပ်တိုင်ခြေရင်းမှာ မျက်ရည်မဲ့ သုဘရာဇာလုပ်ပန်းခွေတို့က ...
အရိုင်းအစိုင်းသွေ့ခြောက်လွင့်ထူ ...
ဤတွင် ...

Thursday, January 13, 2011

သုံးရာသီမမနှင်း

ကျွန်တော် မိုးတွေ ရွာနေတယ် မမနှင်း …
ရင်ဘတ်ထဲ နှင်းတွေ ဝေနေတယ် မမနှင်း …
ဦးဏှောက်ထဲ နေပူတာ အရမ်းကြဲတယ် မမနှင်း …
မမနှင်း …
ကို ချစ်တယ် ဆိုတဲ့အတိုင်း …
မမနှင်း ဆံဖျားမှာ ကျွန်တော့်ရင်အုပ်ကို ပန်ဆင်ခွင့်ပေးပါ …
ဟော … မမနှင်း …
ဟိုမှာ မိုးတွေ ရွာနေတယ် …
ရဲရဲလျှောက် မမနှင်း … ရဲရဲလျှောက် …
အနောက်ကနေ ကျွန်တော့်ဘ၀နဲ့ မမနှင်းကို …
ခပ်မို့မို့လေး မိုးပေးထားတယ် …
အဲ … ဗြုန်းစားကြီး နှင်းတွေ ကျလာပါလား …
ကျွန်တော့်လက်ကို ကိုင်ပြီး ထွက်သွားပါ မမနှင်း
ကျွန်တော့်ဘ၀ကို ခြုံပေးပါ့မယ် …
အိုဇုန်းလွှာကြောင့် …
မီးနဲ့ အဆေးခံရသလိုပဲနော် …
မမနှင်း …
ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေပါ မမနှင်းပိုင်တဲ့ ပျော်စရာဘ၀မှာ …
ကျွန်တော့် မမနှင်းအစား မီးနဲ့ အဆေးခံမယ် …
ခရမ်းလွန်ရောင်ခြည်တွေ လိမ်းချယ် လိုက်မယ် …
သုံးရာသီ မမနှင်း …
ကျွန်တော် ပြာကျ ပြုံးရွှင် ငိုယိုနေတယ် …


ဝန်ခံချက် = မီး နဲ့ ဆေး ဆိုတဲ့ စကားလုံးကို ကဗျာဆရာဟိန်းလတ်ဇော်ဆီက ယူထားပါတယ် …

Friday, December 24, 2010

ခရစ်စမတ်ဆိုတာ ...???

အမေရိကန်က အတွေးအခေါ် …
ဆွိဒင်က အတွေးအခေါ် …
ဘေဂျင်းက အတွေးအခေါ် …
ဖိလစ်ပိုင်(မနီလာ)က အတွေးအခေါ် …
ရန်ကုန်က အတွေးအခေါ် …
ကမ္ဘာတ၀ှမ်းက အတွေးအခေါ်တွေ ခရစ်စမတ်ကို
အဓိပ္ပာယ်ဖွင့်ဆိုပုံမတူကြဘူး …

အမေရိကန်တို့ ဆွိဒင်တို့ ဘေဂျင်းတို့တွေက အေးတော့
ခရစ်စမတ်ကို အနွေးထည်လို ၀တ်ကြတယ် …
ဖိလစ်ပိုင်(မနီလာ)တို့ ရန်ကုန်တို့က ပူတော့ ခရစ်စမတ်ကို
ပန်ကာလို ဖွင့်ကြတယ် …
အဲ … ရန်ကုန်မှာ မီးမလာတော့ ပန်ကာလို ဖွင့်ကြသတဲ့ …

ကဲ …
စဉ်းစားကြည့်ပါ …
ခရစ်စမတ်ဆိုတာ ???

ဘယ်သူက ဘာအတွက် ဘယ်ကို ဘယ်လိုလာပြီး ဘာတွေလုပ်ခဲ့တယ်… ဆိုတာ …
ခင်ဗျားတို့ ရိုင်းစိုင်းတဲ့ ဒီမိုဂရေစီဗန်းပြနိုင်ငံအချို့မှာ …
ရိုင်းစိုင်းတဲ့ မြန်မာနိုင်ငံဒေသအချို့မှာ …
ခရစ်စမတ်ကို ဘီယာဘူးထဲက အမြုပ်တွေ အချို့နဲ့ …
အရက်ပုလင်းထဲက နတ်ဆိုးရယ်သံတချို့နဲ့ အဓိပ္ပာယ်ဖွင့်ကြသတဲ့ …
ခင်ဗျားတို့ ရိုင်းစိုင်းမှုတွေ အော့နှလုံးနာတယ်ဗျ…

ခင်ဗျားကို ချစ်တဲ့ လူတစ်ယောက်တွေးကြည့်ဦး …

                                                                           လျံနိုး
ဒီဇင်ဘာ ၂၂၊ ၂၀၁၀ ည ၉း၃၀

Thursday, December 23, 2010

ဆဌဂံ

နက်နေတဲ့ ဒဏ်ရာကို

ဓားနဲ့ ...

ထပ်မွှန်းတယ် ...



(၂)

"မင်း မမွေးခင်

လူ့ဘ၀ကြီးအကြောင်း နည်းနည်းလေ့လာထားတော့

ကောင်းတာပေါ့ ..." ဆိုပြီး အလုပ်ထုတ်ပစ်တယ် ...



(၃)

ကွဲနေတဲ့ အသည်းကို

ညတိုင်း ...

အိပ်မက်လာပေးတယ် ...



(၄)

ကဗျာရေးချင်နေသေးတဲ့

လက်ကို ...

နိဂုံးစာရွက်လှမ်းပေးတယ် ...



(5)

လျှံကားပြည့်ဝနေတဲ့ အာသာကို ...

အဆီအစိမ့်တွေ ...

ထိုးကျွေးတယ် ...



(၆)

အိပ်နေတဲ့ နှုတ်ခမ်းကို

အနမ်းနဲ့ ...

နှုတ်ဆက်ပြီး ကဆုန်စိုင်းထွက်ခွာသွားတယ် ...