ငါ့ညတွေ ပျောက်ရှလို့
အိပ်မက်တွေ ကမောက်ကမဖြစ်ကုန်ပြီကွာ...
ဘယ်သူ့ကို အပြစ်တင်လို့
ဘယ်သူ့ကို ချစ်ချင်နေမှန်းလည်း
ငါ့ကိုငါတောင်မသိဘူး.။
ကဗျာဆိုတာလည်း ပုံမဖော်တတ်တော့ဘူး.။
ပျော်ပျော်နေတတ်တဲ့ အရူးတစ်ယောက်လို
ဘဝကို စိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းချင်မိတယ်.။
သက်ပြင်းတွေဆိုတာကလည်း ငါ့ဘေးနားသစ္စာရှိစွာ
ရပ်တည်ပေးတဲ့ အရာပါ.။ မင်းကိုပဲ
ကျေးဇူးတင်ရမလိုတောင် ဖြစ်နေပြီကွာသက်ပြင်းရေ..။
သက်ပြင်းကြွေကျ ခဏခဏတဲ့ ကဗျာတစ်ပုဒ်လိုပဲ
ငါ့ဘဝက.။
ဟားဟားဟား..ရယ်တောင်ရတယ်.။
ငါဘာဆက်လုပ်ရမလဲ.ဘယ်ကိုသွားရမလဲ.
ဘာမှမသိမသိ..မသိခြင်းများစွာနဲ့...
ငါ...
ဘေးနားက လွင့်စင်လာတဲ့ ဂေါ်လီကိုပဲ
ပိုင်ရှင်ဖြစ်တဲ့ ကလေးရဲ့ မျက်မုန်းကျိုးခံပြီး
ကောက်ရိုက်လိုက်တော့တယ်..။
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Wednesday, March 10, 2010
Tuesday, March 9, 2010
ဘာမှ
ဩော်..ဤလောက၌
လုပ်ခွင့်မကြုံ၊ လူအဖုံဖုံ
ကြိုးဆွဲရာက လူ့ဘဝ
ဝါသနာတစ်ခုတောင်မှ
ပြုစုပျိုးထောင်ခွင့်မရလေတော့
လား...လာမည့်ငါ့အခွင့်ရေး
အချိန်ကုန်ခံတွေး၊ အကောင်အထည်သည်
ဖြစ်မလာ။
ဤဘဝမှာ..
ဝါသနာတစ်ခုအားပျိုးထောင်ခွင့်မရရင်တော့
ဪ..ဘဝ..
သေသော်မှတည့်ကောင်း၏..။.
လုပ်ခွင့်မကြုံ၊ လူအဖုံဖုံ
ကြိုးဆွဲရာက လူ့ဘဝ
ဝါသနာတစ်ခုတောင်မှ
ပြုစုပျိုးထောင်ခွင့်မရလေတော့
လား...လာမည့်ငါ့အခွင့်ရေး
အချိန်ကုန်ခံတွေး၊ အကောင်အထည်သည်
ဖြစ်မလာ။
ဤဘဝမှာ..
ဝါသနာတစ်ခုအားပျိုးထောင်ခွင့်မရရင်တော့
ဪ..ဘဝ..
သေသော်မှတည့်ကောင်း၏..။.
“သေဆုံးနေဆဲ ရင်ခုန်သံ”
ကလေးရယ်.။
အတိတ်ကို တွေးလိုက်ရင်
မင်းအကြောင်းတွေ မင်းမျက်နှာတွေ
ပုံရိပ်ထင်ဆဲပါ..။ မတတ်သာတဲ့
တခဏမှာ မင်းနဲ့ ခွဲခွာရတာ
မင်းအတွက် အလွမ်းတွေချည်း
ဖန်တီးပေးတယ်ဆို
ခွင့်လွတ်တတ်တဲ့ စိတ်နဲ့
စောင့်နေပးပါလား.
ကလေးရယ်..။
မင်းနဲ့ ကျမှ ငါတကယ်ရူးရပြီလားကွယ်..
ဖူးသွယ်တဲ့ မင်းနှုတ်ခမ်းတစ်စုံ.
မွှေးထုံတဲ့ မင်းပါးနုနုလေး..ငါမျှော်လင့်ဆဲ
နာကျင်လဲ..။ အတိတ်က ငါ့ရင်ခုန်မှုလေး
အသက်သွင်းဖို့ရာ...။
အတိတ်ကို တွေးလိုက်ရင်
မင်းအကြောင်းတွေ မင်းမျက်နှာတွေ
ပုံရိပ်ထင်ဆဲပါ..။ မတတ်သာတဲ့
တခဏမှာ မင်းနဲ့ ခွဲခွာရတာ
မင်းအတွက် အလွမ်းတွေချည်း
ဖန်တီးပေးတယ်ဆို
ခွင့်လွတ်တတ်တဲ့ စိတ်နဲ့
စောင့်နေပးပါလား.
ကလေးရယ်..။
မင်းနဲ့ ကျမှ ငါတကယ်ရူးရပြီလားကွယ်..
ဖူးသွယ်တဲ့ မင်းနှုတ်ခမ်းတစ်စုံ.
မွှေးထုံတဲ့ မင်းပါးနုနုလေး..ငါမျှော်လင့်ဆဲ
နာကျင်လဲ..။ အတိတ်က ငါ့ရင်ခုန်မှုလေး
အသက်သွင်းဖို့ရာ...။
အတိတ်ရှင်
သံယောဇဉ်ကြိုးတွေ မတင်းမာခင်
အခြေအနေအရပ်ရပ်က
ကိုယ်တို့နှစ်ယောက်ကို
အတင်းခွာခဲ့တယ်ကလေးရယ်..။
အနမ်းတစ်ပွင့်နဲ့ စခဲ့တဲ့ ကိုယ်တို့ဇာတ်လမ်းလေး
ဘယ်လိုပဲတွေးတွေး
ကလေးကြောင့် ကိုယ့်ရင်ခုန်သံတွေ
လွတ်လပ်ခဲ့တာအမှန်ပါ။
ကိုယ့်ညတွေ သာယာခဲ့တာလှပခဲ့တာလည်း
ကလေးကြောင့်ဆိုတာယုံပေးကွယ်..။
တစ်နယ်စီအခုဝေးပြီ...
လတ်တလောအချိန်မှာတော့ ကိုယ်က
ပဉ္ဖလက်ဆရာတစ်ယောက်အနေနဲ့
အလွမ်းတွေကို ကလေးအတွက်
ဖန်တီးပေးသူပေါ့.။
ဒါပေမဲ့ တစ်ချိန်က လွတ်လပ်စွာပျော်မြူးခဲ့တဲ့
ကိုယ်တို့ရင်ခုန်သံတွေ အသက်ပြန်သွင်းဖို့ရာ
(ကိုယ်ပြန်လာမှာပါ)
ကလေး စောင့်နေပေးပါ...။
အခြေအနေအရပ်ရပ်က
ကိုယ်တို့နှစ်ယောက်ကို
အတင်းခွာခဲ့တယ်ကလေးရယ်..။
အနမ်းတစ်ပွင့်နဲ့ စခဲ့တဲ့ ကိုယ်တို့ဇာတ်လမ်းလေး
ဘယ်လိုပဲတွေးတွေး
ကလေးကြောင့် ကိုယ့်ရင်ခုန်သံတွေ
လွတ်လပ်ခဲ့တာအမှန်ပါ။
ကိုယ့်ညတွေ သာယာခဲ့တာလှပခဲ့တာလည်း
ကလေးကြောင့်ဆိုတာယုံပေးကွယ်..။
တစ်နယ်စီအခုဝေးပြီ...
လတ်တလောအချိန်မှာတော့ ကိုယ်က
ပဉ္ဖလက်ဆရာတစ်ယောက်အနေနဲ့
အလွမ်းတွေကို ကလေးအတွက်
ဖန်တီးပေးသူပေါ့.။
ဒါပေမဲ့ တစ်ချိန်က လွတ်လပ်စွာပျော်မြူးခဲ့တဲ့
ကိုယ်တို့ရင်ခုန်သံတွေ အသက်ပြန်သွင်းဖို့ရာ
(ကိုယ်ပြန်လာမှာပါ)
ကလေး စောင့်နေပေးပါ...။
Wednesday, March 3, 2010
စုန်းကဝေ၏ တောင်းဆု
အချစ်...အချစ်ဆိုတာ
ဘာလဲဟင်...
အချစ်အကြောင်း တနုတရွ
လှလှပပတင်စားပြီး ကဗျာတွေ
ရေးဖွဲ့တတ်တဲ့ငါတောင် အချစ်ဆိုတာကို
စဉ်းစားမိရင် ရူးခါနီးနီး...။
အများက ပြောကြတယ် အချစ်ဆိုတာ စိတ္တဇနာမ်တဲ့
လှပပြီး နုရွတယ်.. ကြည်နူးမှုတွေ အတိပြီးတယ်လို့
လည်း ညွှန်းထားသေးတယ်...
ဟုတ်လားတော့ မသိဘူး...။ နောက် ငါတစ်တစ်ခါ
အချစ်ဆိုတာ ...
ဘာလဲလို့ရူးကြောင်ကြောင် မေးလိုက်ရင်လည်း
မယုံဘူး ကြုံဖူးမှ သိမယ်တဲ့...။
အင်း...ငါကြုံချင်ပါတယ် အချစ်နဲ့...
ဒါပေမဲ့ ဟန်ဆောင်မှုတွေ အတိပြီးတဲ့
အချစ်နဲ့တော့ မဟုတ်ဘူး...။
အရှိကို အရှိအတိုင်း (အင်မပါ)ဘဲ
ဟန်ဆောင်နုရွပြီး မာယာမပါတဲ့
အချစ်နဲ့..။ နော်..ကံကြမ္မာဘီး တစ်ပတ်လည်လာလို့
(ဒါမှမဟုတ်) ရာဇဝင်ယုံတမ်းထဲက အတိုင်း
တန်ခိုးရှင်များ ကောက်ကာ ငင်ကာရုတ်တရက်ပေါ်လာရင်
အဲဒီဆုပဲ ငါတောင်းမိမှာ....။
ဒီတောင်းဆုတစ်ခုသာ ငါ့အတွက် ပြည့်ခဲ့မယ်ဆိုရင်တော့....
ဘာလဲဟင်...
အချစ်အကြောင်း တနုတရွ
လှလှပပတင်စားပြီး ကဗျာတွေ
ရေးဖွဲ့တတ်တဲ့ငါတောင် အချစ်ဆိုတာကို
စဉ်းစားမိရင် ရူးခါနီးနီး...။
အများက ပြောကြတယ် အချစ်ဆိုတာ စိတ္တဇနာမ်တဲ့
လှပပြီး နုရွတယ်.. ကြည်နူးမှုတွေ အတိပြီးတယ်လို့
လည်း ညွှန်းထားသေးတယ်...
ဟုတ်လားတော့ မသိဘူး...။ နောက် ငါတစ်တစ်ခါ
အချစ်ဆိုတာ ...
ဘာလဲလို့ရူးကြောင်ကြောင် မေးလိုက်ရင်လည်း
မယုံဘူး ကြုံဖူးမှ သိမယ်တဲ့...။
အင်း...ငါကြုံချင်ပါတယ် အချစ်နဲ့...
ဒါပေမဲ့ ဟန်ဆောင်မှုတွေ အတိပြီးတဲ့
အချစ်နဲ့တော့ မဟုတ်ဘူး...။
အရှိကို အရှိအတိုင်း (အင်မပါ)ဘဲ
ဟန်ဆောင်နုရွပြီး မာယာမပါတဲ့
အချစ်နဲ့..။ နော်..ကံကြမ္မာဘီး တစ်ပတ်လည်လာလို့
(ဒါမှမဟုတ်) ရာဇဝင်ယုံတမ်းထဲက အတိုင်း
တန်ခိုးရှင်များ ကောက်ကာ ငင်ကာရုတ်တရက်ပေါ်လာရင်
အဲဒီဆုပဲ ငါတောင်းမိမှာ....။
ဒီတောင်းဆုတစ်ခုသာ ငါ့အတွက် ပြည့်ခဲ့မယ်ဆိုရင်တော့....
Tuesday, March 2, 2010
အကူအညီတောင်းခံခြင်း
လျံနိုးဆိုတဲ့ နာမည်လေးဖြစ်ပေါ်တည်ရှိ လာအောင် ကြိုးစားချင်စိတ်များ ကို လှုံဆော်ပေးတဲ့ ကျွန်တော့်ပရိသတ်မဟုတ်ေ တာင်မှ ကျွန်တော့်စာဖတ်သူများ ခင်ဗျာ...
( liannosa.ning.com ) ( lianno.wordpress.com )
စာဖတ်သူဖတ်ဖူးတဲ့ ကျွန်တော့်စာတွေထဲက ဘယ်ဟာတွေက အကောင်းဆုံးနဲ့ စာပေလို့ အခေါ်ထိုက်ဆုံးကို
ပြောပြပေးပါ.။ ဒီလိုပြောရခြင်းအကြော င်းကတော့ www.ainmat.com ဆိုတဲ့ ဆိုဒ်ပေါ်မှာ အများဖတ်အောင်(သို့) ဖတ်သူပိုများအောင် တင်ချင်လို့ပါခင်ဗျ.. .။ ဒါကြောင့် စာဖတ်သူဖက်က အဖြေကို ကျွန်တော်လိုလားစွာ စောင့်မျှော်နေပါမယ်. ..။ စာဖတ်သူလည်း စိတ်ဝင်စားရင် စာတွေပို့ပေးပါ.။ ဒါမှမဟုတ် အဲဒီဆိုဒ်ပေါ်မှာ member အဖြစ်ဝင်ပြီး ရေးပါ...။ စာတွေ ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ..
ဘုရားသခင်ကောင်းကြီးေ ပးပါစေ...။Edit
( liannosa.ning.com ) ( lianno.wordpress.com
စာဖတ်သူဖတ်ဖူးတဲ့ ကျွန်တော့်စာတွေထဲက ဘယ်ဟာတွေက အကောင်းဆုံးနဲ့ စာပေလို့ အခေါ်ထိုက်ဆုံးကို
ပြောပြပေးပါ.။ ဒီလိုပြောရခြင်းအကြော
ဘုရားသခင်ကောင်းကြီးေ
Monday, March 1, 2010
"LOVE" (ဘာသာပြန်ဆိုထားသည် အောက်တွင်)
Love, like a tree,
sends its roots down deep
so when the storms of life abound
and the winds of adversity blow,
it shakes and bends
and goes with the flow
but doesn't break or fall.
sends its roots down deep
so when the storms of life abound
and the winds of adversity blow,
it shakes and bends
and goes with the flow
but doesn't break or fall.
Subscribe to:
Posts (Atom)

