နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, December 24, 2009

ကျွန်တော့်ရဲ့ ကဗျာ


ကဗျာ ကဗျာ တစာစာနဲ့
ငါနာကျင်တဲ့ အချိန်တွေနဲ့
ငါခံစားရတဲ့ အချိန်တွေမှာ
ရင်ထဲကို ဘာနဲ့လာမှန်းမသိရဘဲ
ရောက်လာတတ်တယ်။
ကျောက်တောင်တွေကြားက
ကြည်လင်အေးမြတဲ့ ကျောက်စိမ့်ရေ
ထွက်လေ့ရှိတတ်သလို ခံစားချက်တစ်ခုခုပေါ်
မူတည်ပြီး ရင်ထဲမှာ ကဗျာဆိုတာ
ဖြစ်ပေါ်ဖွဲ့စည်းတတ်ပါတယ်။
နာကျင်မှုကြားက တောင့်တနေတာ ကဗျာ..
ပျော်ရွှင်မှုကြားက မကြောင့်မကြတည်ရှိနေတာ
အလင်္ကာံညရဲ့ ကဗျာလ။
ကဗျာမရှိတဲ့ ညတွေအိပ်ပျော်ဖို့ ခဲယဉ်းတယ်..
ကဗျာမရှိတဲ့နေ့တွေ နေမထိထိုင်မသာ
ရှိနေရင်လာပါ တစာစာ အော်ခေါ်နေတာ
အကြွင်းမဲ့ ချစ်ခင်သော အပြစ်စင်တဲ့ ကဗျာကိုပါ..
နေ့တွေကို ကဗျာနဲ့ ဖြတ်သန်း
ညတွေကို ကဗျာနဲ့ အနမ်းလေးတွေဆင့်ပြီး
သေဆုံးသည်အထိ ငါဆုပ်ကိုင်ထားမှာက
ကဗျာ..
ကဗျာ...
ကဗျာ။
လျံနိုး

No comments:

Post a Comment