အိမ်ရှေ့က သစ်ရွက်ခြောက်တွေ
လွမ်းနေလို့ နွမ်းကြွေသလား
ငါမသိပါ စိတ်ထဲက ဝိုးတဝါးနဲ့ အလွမ်းဖြေစကား
ရှာကြံနေလည်း မတွေ့ပါဘူးကွာ
မနဲ့ ဝေးသွားပြီးတဲ့ နောက်ပိုင်း
သွေ့ခြောက်အထီးကျန်နေတဲ့ နှလုံးသားကို
စာနာလွန်းလို့ မလင်းတလက် နီယွန်မီးကို
အဖော်ပြုကာ ခြောက်သွေ့အထီးကျန်နေရှာတဲ့
နွမ်းခြောက်ခြောက်ကတ္တရာလမ်းအိုလေးကို
မသနားစဖူးသနားမိပါရဲ့။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဝေးဖို့အကြောင်းရယ်လို့
ဖြစ်ပေါ်လာပြီ ဆိုတော့လဲ
ဘယ်သူကိုမှလည်းအပြစ်က
မတင်ရက်ဘူး၊ မတင်ချင်ဘူး
အလွမ်းပြေသစ်လွင်နေတဲ့ ဂီတာကိုတီးနေရပေမဲ့
ပွေ့ပိုက်ထားရတဲ့ နှလုံးသားကတော့ အိုဟောင်းပြီး
နွမ်းကြွေလုမတတ်ဖြစ်နေပါပြီ။
ညင်းသိုးသိုးအိမ်မက်တွေကပါ ကျရှုံးခြင်းဘက်ဦးတည်နေတော့
ဩော်.......ဘဝ၊ ဘဝ
ကံဆိုးမသွားရာ မိုးလိုက်ရွာပါလား
လျံနိုး
(နှင်းပွင့်တွေလည်း ဝေးလွင့်၊
ဆောင်းလတွေလည်း ပျက်ကြွေ၊
ဆောင်းရဲ့ အအေးဓာတ်တွေလည်းလျော့ပါးသွားခဲ့ပေမဲ့
ရေမြေခြားလို့ ပွေ့ပိုက်ထားတဲ့
အလွမ်းတွေက မလျော့ပါး
မပျက်ကြွေ၊ မဝေးလွင့်သေးဘဲ
ထာဝရအထိလားမှတ်ထင်ထားရမတတ်
နာနာကျင်ကျင်တည်ရှိနေဆဲပါ။)
လျံနိုး
No comments:
Post a Comment