ရက်စက်တဲ့ ထုံးတမ်းအောက်မှာ
သက်သက်မဲ့ ရှုံးတမ်းကစားတယ်။
ဒီပြိုင်ပွဲငါမနွဲခင်ကတည်းက မင်းဆီကို
အရှုံးပိုက်အပြုံးဆောင်၊ မမုန်းအောင်လာခဲ့တာပါကွာ။
ပြိုင်ပွဲပြီးသွားတော့လဲ ငါ့ဘဝယိုင်လဲသွားသလိုပါပဲ
အပြင်မှာ လွမ်းလျက်၊ အိပ်မက်ထဲမှာ နမ်းလျက်ပါ။
ကျေနပ်ရောင့်ရဲမှုတွေက အစွန်းရောက်နေတော့
မင်းပြောသမျှခံ၊ မင်းလုပ်သမျှမှန်တယ်လို့ ငါထင်နေမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါကွာ...
မင်းစိတ်ကြိုက်ငါ့ကို အသုံးချပြီးရင်တောင်
အနားမှာ ဆက်နေခွင့်ပေးပါ။
တောင်းဆိုမှု အထိမ်းအမှတ်(သက်သေ)အဖြစ်
မျက်ရည်အစစ်တွေကို ပြရမှာလား။
ကျေးဇူးပြု၍.. ငါ့အား
သနားစွာ ထွေးပွေ့ပါ၊ ကြင်နာစွာ ဖေးမပါလို့
မတောင်းဆိုချင်တော့ပါဘူး။..
အနားမှာ ဆက်နေခွင့်လေးပဲ..
ဒါလေးပဲ..တကယ်ဒါလေးပဲ။
လျံနိုး
No comments:
Post a Comment