နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, March 17, 2010

“သူ...ငါ့ကို”

အချစ်ကို ဂီတာတစ်လက်လို  
လှပနားဝင်ချိုတဲ့ သံစဉ်ချိုချိုတွေ
အဖြစ် ဖန်တီးဖို့
ငါကြိုးစားခဲ့တယ်...။
ဒါပေမဲ့...
ဂီတာမှာ လှပနားဝင်ချိုတဲ့
သံစဉ်ချိုတွေကို တီးခတ်တတ်ဖို့ရာ
ကြိုးစားနေဆဲ
လက်တွေထုံနာကျင်နေလဲပဲ
အချစ်ကြောင့် ငါ့ရင်ခုန်သံတွေ
ထုံနာကျင်နေဆဲမှာ
အချစ်က ငါ့ကို ငြင်းပယ်သွား..ခဲ့ပြီ..
စာတွေကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

2 comments:

  1. ကောင်းတယ်ကွာ... မငြင်းပယ်တဲ့အချစ်ကို တွေ့လာမှာပါ ..ဟဲဟဲ

    ReplyDelete
  2. ဟုတ်တယ်..ကိုရေ..အဲဒါအခုကွိုင်တက်နေတာပဲ

    ReplyDelete