အမှတ်တမဲ့အနမ်းတွေက
သခင်မဲ့ ကြောင်လေကြောင်လွင့်
တစ်ကောင်လို
ဘာမှမသိရှာတဲ့ နှလုံးသားကို
ပွတ်သီးပွတ်သတ်နဲ့
ရင်ခုန်သံတွေကို
မသိမသာဖဲ့ကာ ရန်ရှာနေတော့ကာ
သခင်မဲ့တဲ့ ဒီနှလုံးသားတစ်ခုလည်း
အယုအယလက်များငတ်နေတာမို့
ချစ်မိခဲ့ပါတယ်...
......................
ဘယ်လောက်ထိချစ်ရမလဲ...
ဆိုတဲ့ မေးခွန်းကို
အမှတ်တမဲ့အနမ်းတွေက
ဗေဒင်ဆရာ(သို့)
အကြားအမြင်ဆရာတွေအဖြစ်
ရင်ခုန်သံတစ်ခုရဲ့ ချစ်နိုင်စွမ်းအကွာအဝေးကို
မမှန်းဆနိုင်တော့
ရင်ခုန်သံတွေကို နှစ်သိမ့်ပေးတဲ့
စကားလုံးတွေ တုပ်ကွေးမိခဲ့တယ်...။
.......................
ဘယ်တော့ သူ့အချစ်ကို
အကြည့်တွေနဲ့ပဲမဟုတ်ဘဲနဲ့
ပါးစပ်က ဆက်ကျော်သက်
ရှက်ဖြန်းသွေးလေးတွေ မပါဘဲ
နှုတ်က တရားဝင်အနမ်းများကို
တုံ့ပြန်စေသားလို့ ကြေညာမှာတဲ့လဲ...
မေးခွန်းလေးတွေပါ...
ဒါပေမဲ့ မျှော်လင့်ုခြင်းက
ခစားရက်ပေါ့....
..................
ဟင်း....ဖြစ်ပျက်တာတွေအားလုံးရဲ့
အဆုံးမှာ အပြုံးတွေမပါဘဲ
သက်ပြင်းနဲ့ အမြဲပြီးတတ်ပေမဲ့
ချစ်တတ်တာတွေရဲ့
အဆုံးမဟုတ်
အချစ်ရဲ့ နိဂုံး
အပြုံးတွေရဲ့ အစမှာ ငါ
သက်ပြင်းတစ်ရှိုက်နဲ့သာ......
No comments:
Post a Comment