နေ့တွေနဲ့ စိုပြေရမလားမှတ်တယ်..
နေ့ဆိုတာ ငါ့ဘဝမှာ
အလင်းပျောက်ခဲ့တာ..
ဘယ်တုန်းကပါလိမ့်...။
ကြာလွန်းတော့ နည်းနည်းမေ့တေ့တေ့
ဖြစ်နေတယ်..။
မှီခိုထားတဲ့ နံရံတွေပေါ်မှာ
အချိန်နာရီတွေက အပျင်းကြီးပြီး
အိပ်တောင်အိပ်နေကြသေး
ကြားထဲ မနက်ရောက်ပြီတဲ့
ကြည့်လိုက်တော့..
သန်းခေါင်းယံနဲ့ မခြား...
အမြင်အာရုံတွေက အမှောင်ထုကြီးကို
ကျော်ဖြတ်ပြီး ဘယ်မှ မသွားရဲသေးဘူး..
ရုန်းထွက်လို့မှ မရတာကိုး..
ခြေလှမ်းတွေကလည်း အားအားရှိ
နံနက်ခင်းတွေကို တမ်းတကာ
အမှောင်ထုတွေဆီပဲလမ်း
မပြောလိုက်ချင်တော့ပါ
ဘာပဲဖြစ်ဖြစ်
အမှောင်တွေက ဟိုနေရာလည်းရှိ
ဒီနေရာလည်းရှိ
ပါလေရာ ငပိဖြစ်နေသ၍
အိပ်လျက်နဲ့လည်း
နှိုးနေရတာမို့
အိပ်မက်တွေဟာ အဆိပ်သင့်လျက်သာ.....
No comments:
Post a Comment