နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, July 19, 2010

`` အသည်းနေတဲ့ လူတစ်ယောက် ´´

စက္ကူစွန်လို ပေါ့ပါးချပ်လှပ်တဲ့
ဗီးနပ်(စ်)ရဲ့ သမီးပျိုရေ ...
လေထုထဲ မင်း အပြုံးတွေ ပေါ့ပေါ့ပါးပါးစွန့်ကြဲလိုက်ပါ ...

သွားထက်လေးတွေကို ပေါ်အောင် ...
လှပ်ခနဲ လှပ်ခနဲ ပြုံးပေးပါ ...
........................
(၂)
တကယ်ပါ မိန်းမပျို ...
အသင့်ခူးထားတဲ့ ဟင်းတစ်ခွက်ကို
`` ခိုးမစားပါဘူး ...´´ လို့ ငါ့အာရုံငါးပါးကို ငါကိုယ်တိုင် ...
စိတ်မချဘူး ...

မင်း ...
သိသိ မသိသိ ...
မင်းရှိတဲ့ ကောင်းကင်ကြီးဆီ နာရီသံတွေကို
အစီအရီတီးခေါက်ပစ်ခတ်ပေးသူ ... ပါ ...
..............................
(၃)
တကယ်တော့လေ ...
ငါတို့ အသင့်ခူးဆွတ်ထားတဲ့ နှုတ်ခမ်းသားတွေအပေါ်က
စကားလုံးလေးတွေ ... အဖြစ် ချိုမြိန်စွာ ...
စားသောက် ခွင်းဖြိုကြတဲ့ အတိတ်တွေအတွက် ...
ပြောစရာစကားတခွန်းက ...
ခါးသက်တယ် ...
စိုရွဲတယ် ...
ရွဲ့နွမ်းတယ် ...
ပြိုပဲ့တယ် ... ကြေကွဲတယ် ...
မင်းပေးတဲ့ အတိတ်ကြောင့် ငါ့နှုတ်ခမ်းသားတွေ ...
အခုထိ စိုရွှဲအားနွဲ့နေတုန်း ...
အေးစိမ့်ချမ်းဖွေးနေတုန်း ...

ငါ ... နစ်မြောဆဲ ...
မြစ်ပြင်ကျယ်ကြီးတမြစ်အထက်မှာ ...
လူသားတွေရဲ့ မျက်ဝန်းတွေ အပြည့်အ၀နဲ့ ...
တွေ့ပါများတော့ ...
ငါ့စကားလုံးလေးတွေ ပြုတ်ကျထွက်ကွဲကြလာတယ် ...
`` ဒီလူတွေ ပြောဆိုနေကြဆဲ ...
ငါဟာ အသည်းကွဲနေတဲ့ လူတစ်ယောက် ...´´
..........................
(၄)
ငါ့မှာ ဘာမှတော့ မရှိ ...
ရှိတာဆိုလို့ ...
ကဗျာတွေ ရှိတယ် ...
ဘယ်နှစ်ခါရေးရေး အံမသေနိုင်တဲ့ လက်တစုံရှိတယ် ...
တူးဆွလို့ မကုန်နိုင်တဲ့ ပုတ်သိုးသိုး အတိတ်တစုံရှိတယ် ...
.................
တကယ်တော့ ငါ့မှာ ...
ဘာမှ မရှိ ...
...................
(၅)

Friday, July 16, 2010

“တီးခတ်၍ မရနိုင်သော မတော်တဆများ …´´

ဒီကမ္ဘာကြီးထဲ ...
ဖန်ဆင်းရှင် ဘုရားသခင်ပေးတဲ့
အခမဲ့လေကို ငါ့နှာခေါင်းနဲ့ ငါ ...
လွတ်လွတ်လပ်လပ် ရှုရှိုက်နေသ၍တော့ ...
သေချာတာတစ်ခုက ...
ငါဟာ ဒီလောကကြီးကို မတော်တဆပြုတ်ကျလာတာ မဟုတ်ဘူး ...
(၂)
မတော်တဆခြေလှမ်းတစုံအတွက် ...
အာရုံငါးပါး လဲကွဲမှောက်ရှပျက်ယွင်းခဲ့ ...
(၃)
မတော်တဆတစ်စက္ကန့်အတွက် ...
သက်ပြင်းတွေ၊ မျက်ရည်တွေ၊
နာကျင်မှုတွေ၊ စုတ်တသတ်သတ်ဖြစ်မှုတွေ ... အားလုံး ...
တိုးတက်ကြီးပွားဖွံ့ဖြိုးထွန်းကားလာတယ် ....
ငါ ...
တစ်ယောက်တည်း မတော်တဆတစက္ကန့်လေးရဲ့ ခါးသီးမှုအောက်မှာ ...
ကော်ဖီခါးခါးကို တမာရည်နဲ့ ရောကျိုသောက်ခဲ့ရ ...
(၄)
နောက်ဆုံးတော့ ...
မတော်တဆရေးထားတဲ့ ကဗျာတပုဒ်အပေါ်မှာပဲ ...
(လူသားအားလုံးကို အလံဖြူပြနှုတ်ဆက်တယ် .... လို့ ပြောကြားရင်း ...)
အချစ်ကို ကိုးကွယ်အသက်ပေးသွားတဲ့ လူစွမ်းကောင်းကြီးရိုမီယိုကို ...
ဟားတိုက်လှောင်ပြောင်ရင်း ...
မတော်တဆကောက်ရလာတဲ့ ဘောပင်လေး ...
အခုဆို ...
မင်ကုန်သွားတဲ့ အကြောင်း ....
ဝမ်းပန်းတနည်း မျက်ရည်တွေ စိုရွှဲကာ ...
ရင်ခွင်မိုးတွေနဲ့ နှုတ်ခမ်းပြင်နှစ်စင်း ရေနှစ်ခဲ့ရတယ် ...

Wednesday, June 30, 2010

``မိုးလှိုင်ည´´

မိုးမြှားတွေ ...
မိုးမြှားတွေ ...
ရက်ရက်စက်စက်ပဲ မြေပြင်ပေါ်ကို သူတို့ခန္ဓာကိုယ်တွေ
ဒေါင်လိုက် အလျားလိုက် သွန်ကြဲချကြ ...

ကောင်းကင်တစ်လျှောက်ကလည်း ....
အလင်းအိမ်တွေနဲ့ ကခုန်ပျော်မြူးလို့ .... မို့လို့ မောက်လို့ ...

မြေပြင်တစ်လျှောက်လုံးက မိုးရာသီထဲ ပြိုလဲကာ ...
ခါးသီးတဲ့ ပူလောင်ခြင်းတွေ
အပြိုင်အဆိုင် အိုမင်းရင့်ရော်သွားကြတာ ...
ဘယ်သူသိနိုင်မလဲ ...

ဩော် ...
တမ်းခြင်းတစ်စုံနဲ့ ပျိုးခဲ့တဲ့
တရှိုက်မက်မက်မိုးရာသီအနမ်းလေးတခုတော့ ....
အသက်ဝင်စပြုလာပါပြီ ...။ ...
(၂)
ကောင်းခြင်းအဖြာဖြာနဲ့ ...
ငါ့ရဲ့ ....
ကြေကွဲခြင်း ရင်ဘတ်တစ်စုံ ...
ပူလောင်ခြင်း သက်ပြင်းတစ်အုံ ...
နာကျင်ခြင်း ၀ိဥာဉ်အစုံတို့ကို ရိုက်ခွဲခုတ်ချသွားပေးကြပါ ...
စောင့်ဆိုင်းခြင်း အခါခါ ...
စောင့်လာခဲ့ရတာ ...
(၃)
မိုးတိမ်တွေကတော့ ...
ညတွေနဲ့ သူတို့ကိုယ်သူတို့ ဖုံးအုပ်ထားကြလေရဲ့ ...
ဟိုး ... မြင်နေရတဲ့
မိုးကုပ်စက်ဝိုင်းကြီးရဲ့ ၀င်ရိုးစွန်းအစနဲ့ အဆုံးတလျှောက် ...
ပြေးလွှားနေတဲ့ ကောင်းကင်ကမ်းရိုးတန်းကြီးဟာ အော်မြည်တာ ...
အွား ...
သွေးပျက်စရာကောင်းလိုက်တာ ...
ကြောက်ခမန်းလိလိ တချက်တချက် ထထအော်မြည်ပြီး ....
ခံစားချက်တွေကို အပူပြင်းဆုံးတောက်ကျွမ်းနေတာ ...

ကောင်းကင်ကြီးရဲ့ မျက်နှာပြင်တစ်လျှောက်မှာတော့ ...
အက်ကွဲမှုနဲ့ တုန်ခါမှုတို့ ဆောက်တည်ရာမရ ပြေးကြလွှားကြ ...
(၃)
ငါ့တစ်ယောက်တည်း ...
မူးဝေခြင်းတွေထဲမှာ ...
ကဗျာတပုဒ်၊
ကောင်မလေးတစ်ယောက် ... တိုနဲ့
ယစ်မူး...လို့ပါလျက် ...နဲ့ ...

ကောင်းကင်ရဲ့ တဟုန်ထိုးမိုးစက်လေးတွေဆီက
အငွေ့အသက်တွေ ...

ချမ်းအေးအေးလေးနဲ့ ...
အဲဒီည အိပ်မက်တွေထဲ တော်တော်ပျော်ခဲ့ပါတယ် ...
(၄)
ရှိုက်ပါတငင် မိုးကြီးရှင် ...

Thursday, June 24, 2010

``ကွဲကြေခြင်း သီအိုရီ´´

အလွမ်းနေမ၀င်သေးခင်အထိ ...
ငါဟာ ...
အချစ်ကို ကပိုကသီဝတ်ဆင်အလှပြင်ထား သူ ...

သူ့နှုတ်က ဖိတ်စင်လျှံကျလာသမျှ ...
ဆိုင်ဆိုင်မြိုင်မြိုင် ရယ်သံတီးလုံးတွေအောက်မှာ ...
ရှုသူမရှိဘဲ ကပြယောင်တမ်း သူ ...

ကောင်းကင်မရှိတဲ့ မိုးတိမ်တွေဆီ ...
ကျရှုံးပြိုလဲ နေကြောင်း ...
ကောင်မလေး သိပါ ...
မျက်ရည်တွေ ရှိုက်ကြီးတငင် အကြောင်းပြချက်မဲ့
ရွာချနေတာ ...
တီးတိုးရွတ်ဆိုမိ သူ ...

နှင်းဆီဆူးလို ချိုမြိန်ခြင်း နှုတ်ခမ်းပါးလေးနဲ့ အဆိပ်သင့် သူ ...

နေမ၀င် တမ်းတမှုအင်ပါယာနဲ့ ...
သုံးပန်းဖြစ်နေမှန်းတော့ မသိဘဲ ...
ကိုယ် တကောကော ...
ချစ်တယ် ... ဆိုတဲ့ စကား တသွင်သွင် ပြောတတ် သူ ...
တကယ်တော့ ...
ကောင်မလေး နေမ၀င်ခင် ကျရှုံးသင့်တာက ငါ ပါ ...
(ဒါပေမဲ့)
ငါ့မှာ ကောင်းကင်မရှိတာ ...
ဒိုင်ယာရီတွေ အရွက်လိုက် အလိပ်လိုက် ...
ကွာကျပျောက်ရှသွားသလိုပ ...
....................................
အဆုံးမှာတော့ ...
ပြက္ခဒိန်တွေထဲက ``အထီးကျန်ခြင်း´´ ... ဆိုတဲ့
စကားလုံးတွေ အစိုင်အခဲဆန်လာခဲ့ ...

ခပ်ယဲ့ယဲ့ ပူပြင်းစပ်လောင်ခြင်းတွေထဲ ...
နေခုနစ်စင်းကို လက်သင့်ခံထားရတာ ...
အရင်က ခင်မင်ခဲ့တဲ့ ...
ဆောင်းပျိုအလင်းတွေကို အားနာတယ် ...

တကယ်တော့ ...
ကောင်မလေးရယ် ...
ငါလေ ...
(အရာအားလုံး)
တစ်စစီကွဲကြေနေတယ် ...

Wednesday, June 23, 2010

လျှို့ဝှက်သည်းဖိုဆန်ဆန် မိန်းမတစ်ယောက်အား ဖတ်ရှုခြင်း

လျှို့ဝှက်သည်းဖို ဆန်တဲ့မိန်းမ …
ငါ့ကောင်းကင်ကို ဟားတိုက်ဝတ်ဆင်ထားတယ် …
ငါ့မှာတော့ …
အသက်ရှုသံတွေ ပင့်လိုက် ရှိုက်ခိုက်နဲ့
အပင့်အရှိုက်တိုင်းမှာ စက္ကန့်လေးတွေနဲ့ အတူ …
မင်း အပြုံးတွေရဲ့ အဓိပ္ပာယ်ကို ဖွေရှာတယ် …

မင်းရဲ့ အနံ့အသက်တွေမှာတောင်မှ …
? ဆိုတာ အမြဲတမ်းရှိတယ် …
တကယ်တော့ မင်းကို ချစ်မိတာဟာ …
ငါဘ၀မှာ ကိုယ့်စကားကို ပြန်မျိုချရတဲ့ အဖြစ်မျိုး …

…………………………………..
မင်းအပြုံးတွေမှာ ရူးသွပ်ခြင်းတွေပါတယ် …
ကြောင်စီစီဖြစ်ခြင်းတွေ ပါတယ် …
ရယ်မောခြင်းတွေ ပါတယ် …
ငူတူတူဖြစ်ချင်းတွေ ပါတယ် …
ငိုယိုမျက်စပ်ခြင်းတွေ ပါတယ် …
အားလုံးပါပဲ …
မင်း ငါ့အာရုံထဲမှာ မီးဖွားသန့်စင်တဲ့နေ့တွေက စလို့ …
ငါသိလာတာက …
မင်းမှာ အဓိပ္ပာယ်ပေါင်း သန်းပေါင်းများစွာရှိတယ် …
ဘာသာစကားပေါင်း သန်းပေါင်းများစွာကို သိုသိပ်လျှို့ဝှက်ထားတယ် …
…………………………………………
မင်းကို ဖတ်နေရတာ …
အာရုံငါးပါးစလုံး နေ့တိုင်းမောရတယ် …
မိနစ်တိုင်းဟာ မင်း အကြည့်လေးတွေရဲ့ အဓိပ္ပာယ်ကို မှန်းဆမှုနဲ့ …
လွဲချော်မှုလှလှလေးတွေကို ဖြတ်သန်းလွဲချော်ရှပ်သီသွားတယ် …
မင်း အနား ငါခစားလို့ ….
တစက္ကန့်လေးပဲ ငါပြုံးနေခဲ့ရင်တောင်မှ …
ငါ့ရင်ခုန်သံတွေရဲ့ လွဲချော်မှုတွေ မင်း အာရုံတွေမှာ
လွတ်ချနေတယ် … ဆိုတာ
မင်း နားလည် …

? ? ? ? ? ? ? ?
? ? ? ? ? ?
? ? ? ? ? ? ? ?
? ? ? ? ? ?
ငါ ဘယ်မှာလဲ ….
ဘယ်မှာလဲ ငါ ….
မင်းကြောင့် ? တွေထဲမှာ …
ငါ ရွာလည်တယ် …

တောက် !!!!!!!!!!!
မီးခိုးတွေ ဝေတဲ့ မျက်ရည် မျက်ခုန်းတွေ …
မေးခွန်းဆန်တယ် …
မင်း မှတ်ထားပါ …
မေးခွန်းဆိုတာ ဖတ်တတ်မှ …
အချစ်ဆိုတာ ချစ်တတ်မှ …
အဖြေတွေ့တယ် …တဲ့ …။….
မင်းကိုငါ ချစ်တတ်ခဲ့တာ …
ငါ့ မျက်စိရှေ့မှာတင် သွေးယိုနွေအိုတွေ ပြန်ပြန်နုပျိုမျစ်နုလာတာ ….
ဆောင်းပျိုလင်းညိုတွေ အိုမင်းရင့်ရော်လာတာ …
နားလည်စမ်းပါ …
မင်း အပေါ် အချိန်ကာလနဲ့ တကွ …
ဘယ်လောက်ချစ်ခဲ့လဲ ဆိုတာ …
ဒါပေမဲ့ အခုချိန်ထိ မင်းရဲ့ တခါပြုံးလေးကိုတောင်မှ …
အဖြေရှာမတွေ့ဘူး …

………………………………
ချစ်တတ်တဲ့ …
ဒီ နွေလို သတ္တ၀ါကောင် …
နေခုနစ်စင်းနဲ့ မီးလောင်သန့်စင်မယ် …

အိနြေ္ဒရှင်

ကြုံတောင့်ကြုံခဲမနက်ခင်းတစ်ခု ...
ယဲ့ယဲ့လေး သူ ပြုံးခဲ့ ...
သွားထက်လေး ...
ကျွန်တော့်အာရုံထဲ ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ...
ဦးဏှောက်ထဲ ? တစ်ခု ကစုန်ပြေးပေါက်ရောက်ချလာတယ် ....

... ? ...

သိက္ခာတွေအောက်မှာ အလံဖြူတွေသာ ....
ရက်ရက်ရောရော လွှင့်ထူရင်း ...
ရင်ခုန်သံတွေဟာ တစ်ကောင်ကြွက်တစ်ကောင် ရဲ့ ...
လာသူမဲ့ ... ခိုသူမဲ့ ...
မြေပုံဟောင်းတစ်ခုလို ...
ဆွေးမြေ့ဟောင်းနွမ်းအထီးကျန်တာ ...
... ဪ ...
ကြာပြီပေါ့လေ ...
...................................
ဒီရင်ခွင်ဟာလည်း ...
မိုးငတ်လယ်ပြင်တစ်ပြင်လို ၀ုန်းဒိုင်းကြဲ
ခြောက်သွေ့ပေါက်ကွဲနေပါပြီ ...
.......................................
..................................
အာရုံတွေမှာ ...
အိနြေ္ဒတွေသာ မရှိခဲ့ရင် ....

Thursday, June 17, 2010

ကဗျာတွေ ရှိနေသေးသ၍တော့

မိန်းမပျိုလေးရေ …
ကဗျာတွေ ရှိနေသ၍
မင်း ဟာ ငါ နဲ့ …
လုံးဝအချိတ်အဆက်မဲ့မှာ မဟုတ်ဘူး …

နောက် …
ကဗျာတွေ ရှိနေသေးသ၍လည်း
မင်းငါ့နှလုံးသားကို …
ဘယ်လိုခွဲခွဲ ကွဲမှာမဟုတ်ဘူး …
? ? ? —–
မင်း ငါ့နှလုံးသားမှာ …
မမွေးဖွားခင်ကတည်းက …
ငါ ဟာ …
ကဗျာတွေမှာ ကွဲကြေပြဲစင် … ခဲ့ပြီးလို့ပဲ …
(၂)
ငါ့ခြေထောက်တွေ အမေမွေးကတည်းက အတိုင်းပဲ …
မပြောင်းလဲဘူး … နှစ်ချောင်းထဲ …
လမ်းပေါ်မှာလည်း …
တစ်စက္ကန့်ကို ခြေသံတစ်ခါထက် ပိုမသွားဘူး …
ရင်ခုန်သံတွေ အဖော်မရှိဘူး …
အာရုံတွေ အထီးကျန်လျက် … ပဲ …

ဒါပေမဲ့ …
မိန်းမပျိုလေးရေ မင်း မှတ်ထား …
ကဗျာတွေ ရှိနေသေးသ၍တော့ …
စကားလုံးတွေက
“ တစ်ယောက်တည်းပဲ ”
“အစစ်အမှန်” ကို လှစ်ပြရမယ် …ဆိုရင်တော့ …
“သိုက်မြုံစည်ကားခြင်း”
… ပါ ပဲ …။