နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Sunday, January 30, 2011

"ဒုက္ခကဗျာ"

ဘယ်သူမှ ငါ့ကို လက်သင့်မခံတော့တဲ့အချိန် ...
င့ါကိုယ်ငါ ခပ်နွမ်းနွမ်း ပြန်ဝတ်လိုက်တယ် ...
မျက်ရည်တိုင်ကီတပုံးလုံးကို
စိတ်လိုလက်ရ
ငါ သွန်ချခဲ့ပြီးတဲ့နောက်မှာ ...
လေယာဉ်လက်မှတ်တစောင် ...
မ လို့ ကျွန်တော်ခေါ်တဲ့ "...." ...
ကြေကွဲခြင်း အလင်းနစ်စကားလုံးပေါင်းသန်းပေါင်းများစွာ ...
တို့နဲ့ ပွင့်ပွင့်လင်းလင်း ရင်းနှီးခဲ့ရ ...

သက်တမ်းစေ့ သေဆုံးသွားတဲ့
လေယာဉ်လက်မှတ်ကို လည်ပင်းညစ် အပိုင်းပိုင်းဖြတ်တဲ့အခါ ...
တံမြက်စည်းတို့ရဲ့ အထာနဲ့ ကျောင်းစာအုပ်ပေါ်
ကဗျာဖြစ်လာပြီ ...

လက်ပွန်းတတီးနေလာခဲ့တဲ့ စကားလုံးတို့နဲ့ ...
ငါ့လက်တွေ သွေးရဲ လာခဲ့ပြီ ...

စကားလုံးမရှိတဲ့ နှုတ်ခမ်းနီဘူးထဲ
ရင်းနှီးနေကျ စကားလုံးတွေ ထည့်တယ် ...
ဆွတ်ပျံ့မှိုင်းညိုကဗျာစာအုပ်ထဲ မ လို့ ကျွန်တော်ခေါ်တဲ့
"..." ကို ထည့်တယ် ...
အဲဒါတွေကို ခေတ်မီညပေါင်းအိုးထဲ စနစ်တကျ ပြုတ်ထည့်လိုက်တဲ့အခါ ...
"ဟော ... ဘာတဲ့ နာမည်က ...
ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့ ..."
R ဇာနည် သီချင်းဆန်ဆန် ...
ဝေးမှာသိလို့ ကိုယ့်အနားမရှိစေချင်ခဲ့တဲ့ သူ့ ကို ...
မှော်နှုတ်ခမ်းသားတို့နဲ့ အနားဆွဲခေါ် ...
တစ်ခါ ...
နှစ်ခါ ... နမ်းမိခဲ့ပါပြီ ...

၂၀၁၁ ထိပါပဲ ...
၂၀၀၈ က ထုတ်လုပ်တဲ့ မျက်ရည်ပါးပါး မိတ်ကပ်တွေ
လူးလိမ်းတုန်းပဲ ...

၂၀၁၁ ထိပါပဲ ...
၂၀၀၈ က အကြောင်းတွေ အကြောင်း ...
တစေ့တစောင်း လွမ်းတုန်းပဲ ...

ဓါးထက်ထက် ...
ငါ့ဝိဥာဉ်အသက်ဆက်ဆက် ...
လင်းလက်လိုက်တဲ့အခါ ...
မိုးကုပ်စက်ဝိုင်းအောက်က ရောင်စုံဒဏ်ရာတို့နဲ့ ...
မ လို့ ကျွန်တော်ခေါ်တဲ့ "..." နာမည်လေးပေါ်
မှတ်မှတ်ရရ ဖင်သေမြဲ ဖင်သေ နေမိခဲ့ပြန်ပြီ ...

Tuesday, January 25, 2011

လူမိုက်

ညစ်ညစ်ပတ်ပတ် ဇာတ်ဝင်ခန်းတို့ကနေ
အလူးအလဲဖြစ်တည်လာခဲ့ ...

ငါ ဆိုတဲ့ သတ္တ၀ါက ...
..................................
..
ဘာတွေမှန်းတော့ မသိဘူး ...
အလင်းနှုတ်ခမ်းတွေက မျက်စိကျိန်းတယ် ...

တရားတဘောင်တို့နဲ့ ...
အကြိမ်ကြိမ် ငါ ပွန်းရှခဲ့ ...
လဲကျခဲ့ ...
သုည တလုံးကိုတောင် မမီမကမ်းလှမ်းဆုပ်ယူရတယ် ...

နောက်ဆုံးတော့ ...
ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကလေ ...
................................
........................
..........
လူမိုက်

၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၆ ဗုဒ်ဓဟူးနေ့ နံနက် ၁၀း၂၂ တွင်
ခေါ်တော်မူခြင်း/ခရစ်တော်တွင် အိပ်ပျော်သည် ...

လက်ဝါးကပ်တိုင်ခြေရင်းမှာ မျက်ရည်မဲ့ သုဘရာဇာလုပ်ပန်းခွေတို့က ...
အရိုင်းအစိုင်းသွေ့ခြောက်လွင့်ထူ ...
ဤတွင် ...

Thursday, January 13, 2011

သုံးရာသီမမနှင်း

ကျွန်တော် မိုးတွေ ရွာနေတယ် မမနှင်း …
ရင်ဘတ်ထဲ နှင်းတွေ ဝေနေတယ် မမနှင်း …
ဦးဏှောက်ထဲ နေပူတာ အရမ်းကြဲတယ် မမနှင်း …
မမနှင်း …
ကို ချစ်တယ် ဆိုတဲ့အတိုင်း …
မမနှင်း ဆံဖျားမှာ ကျွန်တော့်ရင်အုပ်ကို ပန်ဆင်ခွင့်ပေးပါ …
ဟော … မမနှင်း …
ဟိုမှာ မိုးတွေ ရွာနေတယ် …
ရဲရဲလျှောက် မမနှင်း … ရဲရဲလျှောက် …
အနောက်ကနေ ကျွန်တော့်ဘ၀နဲ့ မမနှင်းကို …
ခပ်မို့မို့လေး မိုးပေးထားတယ် …
အဲ … ဗြုန်းစားကြီး နှင်းတွေ ကျလာပါလား …
ကျွန်တော့်လက်ကို ကိုင်ပြီး ထွက်သွားပါ မမနှင်း
ကျွန်တော့်ဘ၀ကို ခြုံပေးပါ့မယ် …
အိုဇုန်းလွှာကြောင့် …
မီးနဲ့ အဆေးခံရသလိုပဲနော် …
မမနှင်း …
ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေပါ မမနှင်းပိုင်တဲ့ ပျော်စရာဘ၀မှာ …
ကျွန်တော့် မမနှင်းအစား မီးနဲ့ အဆေးခံမယ် …
ခရမ်းလွန်ရောင်ခြည်တွေ လိမ်းချယ် လိုက်မယ် …
သုံးရာသီ မမနှင်း …
ကျွန်တော် ပြာကျ ပြုံးရွှင် ငိုယိုနေတယ် …


ဝန်ခံချက် = မီး နဲ့ ဆေး ဆိုတဲ့ စကားလုံးကို ကဗျာဆရာဟိန်းလတ်ဇော်ဆီက ယူထားပါတယ် …

Friday, December 24, 2010

ခရစ်စမတ်ဆိုတာ ...???

အမေရိကန်က အတွေးအခေါ် …
ဆွိဒင်က အတွေးအခေါ် …
ဘေဂျင်းက အတွေးအခေါ် …
ဖိလစ်ပိုင်(မနီလာ)က အတွေးအခေါ် …
ရန်ကုန်က အတွေးအခေါ် …
ကမ္ဘာတ၀ှမ်းက အတွေးအခေါ်တွေ ခရစ်စမတ်ကို
အဓိပ္ပာယ်ဖွင့်ဆိုပုံမတူကြဘူး …

အမေရိကန်တို့ ဆွိဒင်တို့ ဘေဂျင်းတို့တွေက အေးတော့
ခရစ်စမတ်ကို အနွေးထည်လို ၀တ်ကြတယ် …
ဖိလစ်ပိုင်(မနီလာ)တို့ ရန်ကုန်တို့က ပူတော့ ခရစ်စမတ်ကို
ပန်ကာလို ဖွင့်ကြတယ် …
အဲ … ရန်ကုန်မှာ မီးမလာတော့ ပန်ကာလို ဖွင့်ကြသတဲ့ …

ကဲ …
စဉ်းစားကြည့်ပါ …
ခရစ်စမတ်ဆိုတာ ???

ဘယ်သူက ဘာအတွက် ဘယ်ကို ဘယ်လိုလာပြီး ဘာတွေလုပ်ခဲ့တယ်… ဆိုတာ …
ခင်ဗျားတို့ ရိုင်းစိုင်းတဲ့ ဒီမိုဂရေစီဗန်းပြနိုင်ငံအချို့မှာ …
ရိုင်းစိုင်းတဲ့ မြန်မာနိုင်ငံဒေသအချို့မှာ …
ခရစ်စမတ်ကို ဘီယာဘူးထဲက အမြုပ်တွေ အချို့နဲ့ …
အရက်ပုလင်းထဲက နတ်ဆိုးရယ်သံတချို့နဲ့ အဓိပ္ပာယ်ဖွင့်ကြသတဲ့ …
ခင်ဗျားတို့ ရိုင်းစိုင်းမှုတွေ အော့နှလုံးနာတယ်ဗျ…

ခင်ဗျားကို ချစ်တဲ့ လူတစ်ယောက်တွေးကြည့်ဦး …

                                                                           လျံနိုး
ဒီဇင်ဘာ ၂၂၊ ၂၀၁၀ ည ၉း၃၀

Thursday, December 23, 2010

ဆဌဂံ

နက်နေတဲ့ ဒဏ်ရာကို

ဓားနဲ့ ...

ထပ်မွှန်းတယ် ...



(၂)

"မင်း မမွေးခင်

လူ့ဘ၀ကြီးအကြောင်း နည်းနည်းလေ့လာထားတော့

ကောင်းတာပေါ့ ..." ဆိုပြီး အလုပ်ထုတ်ပစ်တယ် ...



(၃)

ကွဲနေတဲ့ အသည်းကို

ညတိုင်း ...

အိပ်မက်လာပေးတယ် ...



(၄)

ကဗျာရေးချင်နေသေးတဲ့

လက်ကို ...

နိဂုံးစာရွက်လှမ်းပေးတယ် ...



(5)

လျှံကားပြည့်ဝနေတဲ့ အာသာကို ...

အဆီအစိမ့်တွေ ...

ထိုးကျွေးတယ် ...



(၆)

အိပ်နေတဲ့ နှုတ်ခမ်းကို

အနမ်းနဲ့ ...

နှုတ်ဆက်ပြီး ကဆုန်စိုင်းထွက်ခွာသွားတယ် ...

Tuesday, December 21, 2010

မွေးဖွားခြင်း

ကိုယ့်နာမည်ကို ကိုယ့်အသိုင်းအ၀ိုင်းထဲ
စတင်လက်ဆင့်ကမ်းတဲ့အခါ …

နတ်ဆိုးမျက်ဝန်းတချို့ …
သူရဲကောင်းမျက်ဝန်းတချို့ …
မုဒိတာမျက်ဝန်းတချို့ …
မေတ္တာမျက်ဝန်းတချို့ …
ဥယျာဉ်မှူးမျက်ဝန်းတချို့ …
အနုပညာမျက်ဝန်းတချို့ …
လူမိုက်မျက်ဝန်းတချို့ …

ငါ့ကို ၀ိုင်းကြည့်ကြတယ် …

ဆက်လက်ပြီး ငါ့နာမည်ကို သူတို့တွေလက်ထဲ ဝေဖန်ခိုင်းတယ် …
ဝေဖန်ချက်တချို့ကို မကြိုက်ဘူး …
တချို့ကို ကြိုက်တယ် …
တချို့ကို လိုအပ်တယ် …
တချို့ကို သဂြိုလ်လိုက်တယ် …

ဒီမှာ ညီမလေး …
လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကြီးပြင်းတာကွဲ့ …

သင်မပိုင်တဲ့ ကမ္ဘာ

ငါ့ကမ္ဘာမှာ အမှိုက်စတွေ အများကြီးပဲ ...
အဲဒါကို ရှင်းမယ့်စိတ်က တံမြက်စည်းကို ဖက်ပြီး အိပ်နေတုန်း ...

ငါ့ကမ္ဘာမှာ နို့သောက်ထားတဲ့
ဝလုံးလေးလည်း ရှိတယ် ...
အဲဒီဝလုံးလေးက အဘိုးအိုနဲ့ ယုန်သူငယ်ကို
မြိန်ရေယှက်ရေအကောင်လုံးလိုက် မျိုချထားတယ် ...

ငါ့ကမ္ဘာမှာ ပဉ္စဂံတစ်ခုနဲ့ သုံးနားညီတြိဂံအချို့ပေါင်းစည်းခြင်းတွေ
မိုးပေါ် ချိတ်တင်ထားတယ် ...
သူတို့က မကြားတတ်ပေမဲ့ ငါသူတို့ကို
စကားပြောလေ့ရှိတယ် ...
တခါတခါ ငါ့ကို နှစ်သိမ့်ဖို့ သူတို့ထဲက တချို့ခုန်ဆင်းလာကြတော့ ...
လမ်းတ၀က်မှာ သူတို့ပျောက်သွားတယ် ...
သူတို့ပျောက်ဆုံးခြင်းအတွက် ငိုလိုက်ရတာအမော ...

ငါ့ကမ္ဘာမှာ ...
မနက်တိုင်း အိပ်ရာပေါ်က င့ါကိုယ်ငါ
ပြန်ခူးပြီး ...
ညတိုင်း အိပ်ရာထဲကို ငါ့ကိုယ်ငါ
သမ်းဝေမျည်းငိုက်ပြန်သီးလေ့ရှိတယ် ...

ငါ့ကမ္ဘာမှာ ...
ဘယ်သူကမှ လက်သင့်မခံတဲ့ အနမ်းတွေ
ငါ့ကဗျာမှာ ပုံအပ်ထားခဲ့တယ် ...
ကဗျာဆရာတော့ မဟုတ်ပေမဲ့ ကဗျာမာယာမှာ
ယစ်မူးတတ်သူမို့ ...

ငါ့ကမ္ဘာမှာ ...
``မသော်တာအကြောင်း တွေးတောခြင်း´´ ဆိုတဲ့ ရိုးရာနဲ့
အိပ်မက်တွေကို ကုလားရှင်ပြု ပြုပေးရင်း ဘာညာကွိကွငါဟာ
သန်းခေါင်ယံကျော်မှ အိပ်တတ်လာပြီ ...


                                                     လျံနိုး
                                            ဒီဇင်ဘာ ၂၁၊ ၂၀၁၀(ည ၁၁:၂၃)