နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, September 20, 2010

``ဒဏ်ရာ´´

နေ့ရက်တွေပေါ်မှာ ...
စကားတခွန်းကို အခါခါသွေးနေတယ် ...

ရေးလာမယ့် ဒိုင်ယာရီစာမျက်နှာတိုင်းမှာ ...
ပူပူနွေးနွေးနဲ့ သွေးစိမ်းရှင်ရှင်  ချိတ်တင်ထားလိုက်တယ် ...

``ကိုလံဘတ်(စ်)ရဲ့ နိယာမ´´

ကဗျာတပုဒ်ကို အရှိအတိုင်း အန်ချဖို့ ...

ကဗျာဆန်တဲ့ အမှောင်ပျိုးလမင်းကို ရှာတယ် ...
ကဗျာဆန်တဲ့ နှင်းဆီဘုရင်မကို ရှာတယ် ...
ကဗျာဆန်တဲ့ ကောင်းကင်ဘုံက စံပယ်ကို ခူးတယ် ...
ကဗျာဆန်တဲ့ စာသားတွေကို တစစီဖြုတ်ပြီး ပြန်စီကြည့်တယ် ...

နောက်ဆုံးတော့ ...
ကဗျာတပုဒ် ငါ စပ်လိုက်တယ် ...
“ငါ့ကဗျာ နဲ့ ငါ ဝေးကွာခဲ့ပြီပဲ” ...
- - - - - - - - - - - - - -
- - - - - - - - - - - - - -
ရှေ့ကိုပဲ ရှုတတ်တဲ့ ငါ့မျက်လုံးတွေကြောင့် ...
ရှေ့ကိုပဲ လှမ်းတတ်တဲ့ ငါ့ခြေထောက်တွေကြောင့် ...
ရယ်သံတွေကို နောက်ပြန်မပို့တတ်တဲ့ ငါ့နှုတ်ခမ်းတွေကြောင့် ...
ဝေးခဲ့တယ် ... လို့သာ ခပ်ရှင်းရှင်း မှတ်ယူပေးပါ ...

ရောမတမြို့လုံး ငရဲမီးထွန်းပွဲ ကျင်းပနေတာတောင်မှ
တယောထိုးမပျက်ခဲ့တဲ့ နီရိုး ဘုရင်ကြီးလို ...
ငါ့အနာဂတ်တွေကို နင့်နှုတ်ခမ်းပါးထက်ဆီ ရက်ရက်ရောရောနဲ့
ဝေသန္တရာ ဇာတ်မခင်းခဲ့နိုင်တာ တခုလည်း ခွင့်လွှတ်ပါ ...
- - - - - - - - - - - - - - -
- - - - - - - - - - - - - - -
“အချစ်ဟာ ဘ၀မှာ ချိုမြိန်ပေမဲ့ ...
ဘ၀ဟာ အချစ်မှာ မချိုမြိန်ဘူး ...”
- - - - - - - - - - - - - - -
- - - - - - - - - - - - - - -
အသေကောင်မျှော်လင့်ခြင်းတွေ အခုချိန်ထိ
အသက်တော့ မျောမျောရှုနေပါသေးတယ် ...
စကားတစ်ခွန်းကို မရိုးမအီဘဲ ခေါက်တုံ့ခေါက်ပြန် ဆိုနေရင်းနဲ့ပေါ့လေ - -
“ဆုံကြဦးမှာပါ ...”
- - - - - - - - - - - - - - - -
- - - - - - - - - - - - - - - -
ကမ္ဘာကြီး လုံးဝန်းပြီး လည်ပတ်နေတဲ့အတွက် ...
ငါ ဖြတ်သန်းနေတဲ့ အရှေ့အရပ်ကလည်း
တနေ့တော့ အနောက်အရပ်ဆီ ခြေချဖြစ်ဦးမှာပါ ...

Thursday, September 16, 2010

``မျက်ရည်သော့ ...´´

အသက်ရှုသံ တမျှင်တစမှ မရှိတဲ့
သဘောင်္ကြီးကို စွင့်စွင့်ကားကားလွင့်ရင်း ...
မျက်ရည်ချောင်းဖေါက်နေသူ ကောင်မလေးကို စွန့်ခွာခဲ့တယ် ...
.........................................
ကောင်မလေး ရဲ့ နှုတ်ခမ်းပါးလေးကို
မျက်စိစုံမှိတ် ... ကြိတ်မှိတ်ဥပေက္ခာပြုထားလိုက်ရင်း ...
စကားလုံးတလုံးကို ခေါက်တုံ့ခေါက်ပြန်ရွက်ဆိုလိုက်တယ် ...
``မင်း(အချစ်)ထက် အရေးကြီးတဲ့ မနက်ဖြန်တွေကို ဖွင့်ဖို့
                          ``သော့´´
ငါ ရှာရဦးမယ် ...´´
(၂)
ငါ့ အနာဂတ်ကို လူယုံ ပြန်မသတ်စေချင်ဘူး ...

Saturday, September 11, 2010

”မနုဿသီချင်း”

နေ၀င်တိုင်း ကြယ်စင်တွေကို
ကောက်ကောက်ပါ မျှားနေမိတတ်တဲ့ ငါ့ကိုယ်ငါ …
လက်တွေ အံသေလာတော့
ညပျောက်သူ …
တစ်ယောက်ပဲ ဆိုတာ သိခဲ့လိုက်ရ …
………………………………………………
တကယ်တော့ ငါဟာ ...
သာမညမနုဿလူသား တစ်ယောက်သာ ဖြစ်တယ် …
(၂)
ခြေထောက်ညောင်းရင် ပြန်လာလိမ့်မယ် … ဆိုတာ
မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်(နေထိုင်)လာခဲ့တဲ့
အိမ်အိုကြီးက တိုးတိုးလေး သိနေခဲ့တယ် …
ဒီတော့ …
မမျှော်လင့်ဘဲ သူ မှန်းထားတာထက် သာလွန်ထူးကဲစွာ …
ငါ့အသွေးအသားအားလုံး ခြေကုန်နှုန်းကျလာခဲ့ …
(၃)
ကတိုက်ကရိုက်လွတ်လပ်တဲ့ ဟိုတုန်းက ငါ့ခဏလေးများ လေးတွေ …
သတ်မှတ်ထားတဲ့ ကိုင်နေဆဲ
ဒိုင်ယာရီကောင်းကင်ကြီး ပြိုမကျလာခင် …
ငှက်တစ်ကောင်လို ကဆုန်စိုင်းပျံသန်းသွားပြီး
“အမေနဲ့ အဖေ ရေ …
သားပြန်လာပြီ …” လို့ အားရပါးရ ၀ုန်းဒိုင်းကြဲအော်လိုက်ချင်တယ် …
………………………………………………….
ဒီလိုနဲ့ …
ငါ့လမ်း ငါ လျှောက်ရင်း …
ချွေးသီးတွေ တဖြည်းဖြည်းချင်း တသွယ်သွယ်ပြိုကျလာခဲ့တယ် …
ပွန်းပဲ့ခြင်းနဲ့ နှုန်းချိမှုတွေ ခြေထောက်တွေပေါ် အစီအရီပြွတ်သီးလာခဲ့တယ် …
(၄)
“ပတ် ဗေ ဒိုး ဗေ …
ပတ် ဗေ ဒိုး ဗေ … ဗေ ဗေ ပတ် ဗေ ပုံ ပတ် …”
ပီပြင်အောင် ဆက်ကစမ်းပါ ကွ ငါ့ကောင်ကြီးရ …
မင်း အိမ်ရှေ့မျက်နှာစာကို မရောက်ခင်ထိ မင်း ပီပြင်အောင် ဆက်ကရမယ် …
………………………………………………………..

Thursday, September 9, 2010

"MORE THAN NOTHING"

Baby!

Just call me when you need...

Just tell me when you feel something...

Just join me when you feel lonely...

I am yours...!!!

.............................
The nights always come and the days
Becomes blind...

The days hours becomes dreams b'cause
I think of you in all days for the nights are poisonous
By my being madness.
.........................................
Baby!
Do you copy me?
Do you hear my heart beating?

For the last of this poem,
Nothing I can say but I love you...
Nothing I can do but I cherish you...
Nothing I can think but you...

Wednesday, September 8, 2010

“၀န်ပေါ့ခြင်းနှင့် စောင့်ကြိုသူ …”


ဘူတာရုံကြီးက တဖြည်းဖြည်းနဲ့
ငါ့ကို စွန့်ခွာပြေးထွက်ခဲ့ …
ဒီလိုနဲ့ပဲ …
ဘူတာရုံနဲ့ ငါနဲ့ တဖြည်းဖြည်းလွတ်လပ်စွာ
တစစီကွာဝေးခဲ့ …
ဒီလိုနဲ့ပဲ …
ကြယ်စင်နှိုးထမှုတွေကို အဖော်ပြုသူအဖြစ်
အထီးကျန်မှုတွေကို ကပိုကသီဝတ်ဆင်ခဲ့ …

ဒီလိုနဲ့ပဲ တနေ့ကျ …
ငါဟာ ရထားတစင်းဖြစ်မှန်း ငါ့ကိုယ်ငါ သိလိုက်ရတဲ့ အချိန်မှာ …
……………………………………………….
(၂)
“အို အဖ … အိုအဖ …
အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း …
ကျွန်ုပ်လဲနေသောအချိန် အဘယ်ကြောင့် မျက်နှာတော်ကို
ဝှက်ထားတော်မူသနည်း …”

ကျွနုပ်သည် နာကျင်ခြင်းမြစ်အစင်းပေါင်။များစွာကို
နေ့စဉ် အဟုန်လိုက် အစီးလိုက် ကူးခတ်နေရပါသည် …

ကျွန်ုပ်ဝန်များသည် ပခုံးများကို
နာကျင်တောင့်တင်းစေပါသည် …
………………………………..
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါထံသို့ လာကြလော့
ငါသည် ချမ်းသာပေးမည် …” (ရှင်မသဲခရစ်ဝင်ကျမ်း ၁၁း၂၈)

တရားဟောချက်တွေကြောင့်လား …
တစုံတယောက်ရဲ့ စကားလုံးတွေကြောင့်လား …
မတော်တဆကြားမိတဲ့ နားသောတအာရုံကြောင့်လား …
အဲဒီ ကျမ်းပိုဒ် လေး ငါ့ဘ၀ထဲကို မတော်တဆပြုတ်ကျလာခဲ့တယ် …
…………………………………………
(၂)
နောက်ဆုံးတော့ ငါဟာ ရထားတစင်းသာ ဖြစ်ခဲ့တယ် …
ငါ့ကို သက်သာစေတဲ့ …
ဝန်ပေါ့စေတဲ့ ဘူတာရုံကြီးကို ငါမေ့လျော့နေခြင်းသာ ဖြစ်ခဲ့တယ် …
……………………………………….
(၃)
ငါဟာ …
ဘ၀တစင်းသာ ဖြစ်ခဲ့တယ် …

Saturday, August 28, 2010

``ဘ၀ချော့တေး´´

ကျွန်တော့်လက်ထဲမှာ ...
ဘာဆိုဘာမှ မရှိတော့တဲ့အချိန် ...

အာရုံထဲမှာ အိပ်မက်တွေ တခုမှ
မရေရာတော့တဲ့အချိန် ...

မြင်မြင်သမျှ အရာအားလုံးဟာ ဆည်းဆာတွေပဲဖြစ်တယ် ...
...................................
အိမ် နဲ့ ဝေးတဲ့ အချိန် ...
....................................
(၂)
စကားလုံးတခွန်းထက် ပိုပြီး အဓိပ္ပာယ်ပြည့်စုံတယ် ...

အိမ်ထဲမှာ ...

ကျွန်တော်ညတွေအတွက်
အမေ့ချော့တေးတွေ ရှိတယ် ...

ကျွန်တော့်ဒဏ်ရာတွေအတွက်
အဖေ့ဒသနတွေလည်း ရှိတယ် ...

စကားလုံးပေါင်းများစွာထက် အဓိပ္ပာယ်ပြည့်စုံတဲ့
ဖတ်နေကျ ကဗျာစာအုပ်တွေလည်း အထီးကျန်နေလျက် ရှိတယ် ...

ရင်မခုန်တာ ကြာတဲ့ ငယ်ချစ်ဦးရဲ့
ညှိ့အားပြင်း မျက်ဝန်းတစုံလည်း
ကျောင်းသားဒိုင်ယာရီထဲမှာ ...
ညှိုးငယ်စွာ ရှိတယ် ...

အားလုံးကို ကျွန်တော်သိတယ် ...
...........................................
ရှေးဟောင်းနှောင်းဖြစ် မွှေနှောက်ဖောက်ယူပြောကြတဲ့
အဖေနဲ့ အမေရဲ့ သိုက်မြုံခြင်း
အလွမ်းဖြေစကားသံတွေကိုလည်း ကြားတယ် ...

အိမ်ထဲ တွယ်ကပ်နေတဲ့ ကျွန်တော့်ဝိဥာဉ်တပိုင်းတစရဲ့
ခေါ်သံတွေကိုလည်း ကြားတယ် ...

အိမ် ...
..................................................
(၂)
ကျွန်တော် နေ့ရက်တွေမှာ အသက်ရှင်ခွင့်ရှိသေးတယ် ...
ကျွန်တော့်အိပ်မက်တွေမှာ အထီးကျန်ခြင်းနဲ့
မိတ်ဖွဲ့ခွင့်တွေ ရှိသေးတယ် ...

ကျွန်တော့်လက်တွေကလည်း ကျွန်တော့်အနာဂတ်တွေကို
ပြုစုပျိုးထောင်ဖို့ ရှိသေးတယ် ...
.............................................
ကဗျာတွေရေ ...

ဒီလမ်းလေး အတိုင်း မင်းတို့ လိုက်သွားရင် ...
ငါနေတဲ့ အိမ်လေးကို အသံဝင်နေတဲ့
ငါ့ဝိဥာဉ်တပိုင်းတစနဲ့ တွေ့လိမ့်မယ် ...