နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, October 7, 2010

``ဘ၀ဋီကာ´´

ဒီမှာ လူကြီးမင်းများ ...
ငါဟာ ဘာမှမဟုတ်တဲ့အတွက်
ခင်ဗျားတို့ရဲ့ ပရမ်းပတာဥပဒေနဲ့ ငါ့လွတ်လပ်မှုကို
တရားစွဲဆိုစရာမလိုဘူး ...

ငါ့လွတ်လပ်မှုနဲ့ ငါ
မီးစာမကုန်ခမ်းသေးတဲ့ နေမင်းကြီးကို
ကောင်းကင်ထက်ထွန်းညှိထားတယ် ...

ငါ့လွတ်လပ်မှုနဲ့ ငါ
မာသာထရီဆာလို မိဘမဲ့နေတဲ့ မြန်မာပြည်သူပြည်သားတွေကို
နှလုံးသားနဲ့ ချစ်တယ် ...
တလက်စတည်း ငါ့လွတ်လပ်မှုနဲ့ပဲ
သူတို့ကို ပြုစုပျိုးထောင်သွားမယ် ... လို့ စိတ်ကူးတယ် ...

ကဲ ... ထားပါ ...
အခုလောလောဆယ်တော့ ငါ့နှုတ်ခမ်းများကို
သွေ့ခြောက်ခွင့်ပေးကြပါဦး ...
သွေ့ခြောက်တဲ့ ငါ့နှုတ်ခမ်းနဲ့ ကဗျာစမ်းရေကို သောက်တဲ့အခါ
ငါဟာ နတ်ပြည်က အအေးဆိုင်တစ်ဆိုင်မှာပဲ ...
- - - - - - - - - - - - - - - - - - -
- - - - - - - - - - - - - - - - - - -
ငါ့ လွတ်လပ်မှု နဲ့ ငါ
သထုံမြို့ဟောင်းက ကောင်မလေးကို လွမ်းတယ် ...
သရေခေတ္တရာက အကြော်သည်ကို အိပ်မက်မက်တယ် ...
တကောင်းမြို့ဟောင်းက ဗမာစကားသိပ်မပီတဲ့လူကြီးကို စကားလှမ်းပြောတယ် ...

ဒါတွေ အားလုံးဟာ ခင်ဗျားတို့အားလုံးနဲ့ လားလားမျှမသက်ဆိုင်တဲ့
ငါ့လွတ်လပ်မှုတွေပဲ ...

လူလွတ်လပ်မှ စိတ်လွတ်လပ်မယ် ...
စိတ်လွတ်လပ်မှ အတွေးအခေါ်တွေ လွတ်လပ်မယ် ...
အတွေးအခေါ်လွတ်လပ်မှ ခြေလှမ်းတွေ လွတ်လပ်မယ် ...
ခြေလှမ်းတွေ လွတ်လပ်မှ အနာဂတ်တွေ လွပ်လပ်မယ် ...
အနာဂတ်တွေ လွတ်လပ်မှ ငါတို့ရဲ့ မိဘတွေ အသက်ပြန်ရှင်မယ် ...

ဒါပေမဲ့ တခုတော့ရှိတယ် ...
ခင်ဗျားတို့လွတ်လပ်မှုနဲ့ ကျွန်တော့်လွတ်လပ်မှုမှာ လေးစားမှုတော့ ရှိပါစေ ...

                                                 လျံနိုး
                                          အောက်တိုဘာ ၇ ည ၁၀ နာရီ ၃၆ မိနစ်

Monday, October 4, 2010

“အာလဖ နဲ့ ဩမေဃ”

ကျေးဇူးပြုပြီး …
နာကျင်မှု ဟောက်သံတွေကို
အဆုံးစွန်ထိ အသံချဲ့ပေးကြပါ …

ကာလသူတောင်းစားတွေက တဖြည်းဖြည်းချင်း
ကြီးထွားလာတာမို့ …
- – - – - – - – - – - – - – - – - – - – - – -
- – - – - – - – - – - – - – - – - – - – - – -
လသားကလေး တစ်ယောက်အနေနဲ့
တခါတလေ ကိုယ့်တွန်းလှည်းကိုယ်
ထမ်းပြေးရတဲ့အချိန်တွေရှိတယ် …
ဘာဖြစ်လို့လဲ ?
ငါဟာ မြန်မာပြည်သားတစ်ယောက်ဖြစ်တယ် …

တောတွင်းသားလေး ငါ ပေါ့ …
သွေးပင်လယ်တွေကြား ခြေထောက်တွေ
ပွန်းကြေနေအောင် လျှောက်ရတဲ့အခါတွေလည်း ရှိပါ့ …
ခြေပစ်လက်ပစ် ဒရောသောပါးပြေးနေရတဲ့အချိန်တွေလည်း ရှိပါ့ …
- – - – - – - – - – - – - – - – - – - – - – - -
– – - — – - – - – - – - – - – - – - – - – - –
ငါဟာ ဆွတ်စိုပြီးသားဖြစ်တဲ့အတွက်
မျက်ရည်တွေကို အပုံးလိုက် အခွက်လိုက်
ဗွမ်းဗွမ်းကြဲလောင်းချကြပါ …
လောင်းချပေးကြပါ …
- – - – - – - – - – - – - – - – - – - – - – - – - -
ကမ္ဘာကြီးရဲ့ နောက်ဆုံးချိန်မရောက်သေးခင် …
နောက်ဆုံးအနေနဲ့ တခွန်းစကားလေးကို …
ခုနစ်ကမ္ဘာကြား၊ ရှစ်ကမ္ဘာကြားအောင် အော်လိုက်မယ် …

“အချစ်”
……………………………………………..

အာလဖ နဲ့ ဩမေဃ ဆိုတာ အစ နဲ့ အဆုံး ဖြစ်ပြီး
ဂရိဘာသာစကားကနေ လာတာပါ …(မသိသေးသူများအတွက်)
လောကမှာ အချစ်က ကမ္ဘာကြီးကို စခဲ့တာဖြစ်ပြီး အချစ်ကပဲ ကမ္ဘာကြီးကို
အဆုံးသတ်သွားမှာ ဖြစ်ပါတယ် … ဘာ ဘာသာရေးမှ မပါ ပါဘူး …
ကောင်လေး နဲ့ ကောင်မလေး ချစ် တယ် … နောက် ညားတယ် …
ကလေး မွေးတယ် … နောက် မွေးတယ် မွေးတယ် …

လောကမှာ အချစ်ငတ်တဲ့လူတွေဟာ ကံအဆိုးဆုံးလူတွေပါ …
ဒါကြောင့် …
ချစ်ပေးကြပါ အချင်းချင်း …

Thursday, September 23, 2010

``ဘ၀စည်းဝါး´´(သို့)``တစ်´´


တ ခါ တ လေ က န္တာ ရ ကို  အ လည် ရောက် သွား တဲ့ အ ခ
ကိုယကို ကိုယ်  အ ငမ်း မ ရ ပြန် သောက် သုံး တယ်

တ ခါ တ လေ  ရာ ဇ ၀ငထဲ  မျကလည် သွား တဲအ ခါ
ကိုယ့် ကို ကိုယ်  အား မ နာ တမ်း  ပြန် သတတယ်

ဂီ တာ တစ် လက် ကိ  အ လေး ဆုံး အ ရာ တခု လို  ထင် မိ တဲ့ အ ခါ
ကိုယ့် ကို ကိုယ်  ချို မြိန် စွာ  တီး ကာ ညည်း နေ တတ် လေ့ ရှိ တယ်

အ ပြည့် ၀ ဆုံး လ ရောင် အောက် မှာ  လမ်း ထွက် လျှောက် တဲ့ အ ခါ
က ဗျာ တ ပုဒ် လို  ကိုယ်ကိကိုယ်  ခေါက် တုံ့ ခေါက် ပြန် ရေး စပ် လေ့ ရှတယ်

ငါ့ စည်း ၀ါး တွေ နဲ့  ငါ
ဒီ ဘ ၀ ထဲ မှာ  နေ ပျော် ပါ တယ်
ငါ့ စ ကား လုံး တွေ နဲ့ ငါ
တ ခါ တ လေ  ဖွက် ထား ရ ကောင်း မှန်း တော့  သိ ပါ တယ်
ငါ့ မိ နစ် တွေ နဲ့  ငါ
အ ချိန် တော့  မှန် လေ့ ရှိ ပါ တယ်

ဘယ် သူ ရှိ တဲ့ အ ခါ
ရယသံ တွေ ကိ  မိ တ္တူ ပွား ပြီး
ကိုယ့် ကို ကိုယ်  ပြန် စည် ကား နေ လေ့ လည်း  ရှိ ပါ တယ်


                                                          လျံနိုး
                                                စက်တင်ဘာလ ၂၂၊ ၂၀၁၀

Tuesday, September 21, 2010

“သင်ရိုးကဗျာ”

မလှမွန် ...

ငါ့ကို ထူပါ ...
စေတနာတွေ နောက်ထားပြီး ငါ့ဒဏ်ရာကို ဆေးထည့်ပါ ...

ဩ၀ါဒတွေ ... ဒေါ်လာ($)တွေ
နောက်ထားပြီး ကျွန်တော်ဘာမှားနေလဲ ဆိုတာသာ
သင်ပြပေးပါ ဦးဖိုးကျား ...

လူဘယ်နှစ်ယောက်ကို ခင်ဗျား ကယ်ခဲ့တယ် ...
ခင်ဗျား တဆိတ်ကို တအိတ်လုပ်ပြီး
နာမည်ကောင်း ဘယ်လိုယူခဲ့တယ်... ဆိုတာ ကျွန်တော်မသိဘူး ကိုသာဇံ ...
အရေးကြီးတာ အရေးကြီးတာပါပဲ လို့ ခင်ဗျား သိထားဖို့ပါပဲ ...

လူဆိုးတွေကို ဟိတ်ဟန်ကြီးဖမ်းပြဖို့ထက်
သိုးရေခြံ အတုအယောင်မြေခွေးတွေကိုသာ
ထိုက်ထိုက်တန်တန်အရေးယူပေးပါ ကိုလှရွှေ ...

တကယ်တော့ ကျွန်တော်တို့တွေဟာ
အလုပ်ချိန်မှာ အိပ်နေရပြီး ဆာလောင်ငတ်မွတ်နေကြတဲ့ သူတွေဆိုတာ ...
ခင်ဗျား အသိဆုံးပါ ကိုဖိုးမောင် ...
ဒါကြောင့် ကျေးဇူးပြုပြီး ဟောက်သံကို နည်းနည်းလျှော့ပါ ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ခင်ဗျားတို့ ဘာတွေ တွေးနေကြတာလဲ ...???
ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ ...???
ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ ...???

အကြံတခုတော့ ပေးချင်တယ် ...
ခင်ဗျားတို့ ရွတ်ဖတ်သရဇ္ဇာယ်နေတဲ့ ဇာတ်ညွှန်းစာအုပ်ကြီးကို
ခင်ဗျားတို့ နှလုံးသားမှာ မရိုးမရွလေး ချိတ်တင်ထားရင်တော့ ...
ခင်ဗျားတို့ဟာ ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ တလုံးတ၀ဖြစ်သွားမှာ အမှန်ပဲ ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ခင်ဗျားတို့ တွေးနေတာရဲ့ တစ်သန်းပုံတပုံလောက်
ကျွန်တော့်ကို နားလည်ခွင့်ပေးကြပါ ...
နောက် ...
ကျွန်တော် ခင်ဗျားတို့ကို ချစ်တတ်ဖို့ ကြိုးစားမိပါလိမ့်မယ် ...

ခင်ဗျားတို့ လုပ်ရပ်တွေကို အမှန်အမှား မဟုတ်ဘဲ
မျက်ရည်ချိန်ခွင်တရားနဲ့ ချိန်ကြည့်ရင် ...
ခင်ဗျားတို့ လုပ်ရပ်တွေက အလေးသာနေမှာကို တွေ့ရမှာ ဖြစ်တဲ့အတွက် ...
နည်းနည်းလောက်တော့ လျှော့ပေါ့ပေးပါ ...
ခင်ဗျားတို့ကို ကျွန်တော်ချစ်တတ်လာပါလိမ့်မယ် ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ခင်ဗျားတို့ ဖတ်နေကြ ဇာတ်ညွှန်းစာအုပ်ကြီးကို
ကျွန်တော့်ကို ခဏလောက် ပေးဖတ်စမ်းပါ ...
ကျွန်တော့်ဘေးနားက လူတွေကို ဟာဒယရွှင်ဆေးအဖြစ်
ခဏလေးပဲ ရယ်, ရယ်ဗျာ ... တ၀ကြီး တိုက်ကျွေးချင်လို့ ...
- - - - - - - - - - - - - - - - - - - - - - - - -

Monday, September 20, 2010

``ဒဏ်ရာ´´

နေ့ရက်တွေပေါ်မှာ ...
စကားတခွန်းကို အခါခါသွေးနေတယ် ...

ရေးလာမယ့် ဒိုင်ယာရီစာမျက်နှာတိုင်းမှာ ...
ပူပူနွေးနွေးနဲ့ သွေးစိမ်းရှင်ရှင်  ချိတ်တင်ထားလိုက်တယ် ...

``ကိုလံဘတ်(စ်)ရဲ့ နိယာမ´´

ကဗျာတပုဒ်ကို အရှိအတိုင်း အန်ချဖို့ ...

ကဗျာဆန်တဲ့ အမှောင်ပျိုးလမင်းကို ရှာတယ် ...
ကဗျာဆန်တဲ့ နှင်းဆီဘုရင်မကို ရှာတယ် ...
ကဗျာဆန်တဲ့ ကောင်းကင်ဘုံက စံပယ်ကို ခူးတယ် ...
ကဗျာဆန်တဲ့ စာသားတွေကို တစစီဖြုတ်ပြီး ပြန်စီကြည့်တယ် ...

နောက်ဆုံးတော့ ...
ကဗျာတပုဒ် ငါ စပ်လိုက်တယ် ...
“ငါ့ကဗျာ နဲ့ ငါ ဝေးကွာခဲ့ပြီပဲ” ...
- - - - - - - - - - - - - -
- - - - - - - - - - - - - -
ရှေ့ကိုပဲ ရှုတတ်တဲ့ ငါ့မျက်လုံးတွေကြောင့် ...
ရှေ့ကိုပဲ လှမ်းတတ်တဲ့ ငါ့ခြေထောက်တွေကြောင့် ...
ရယ်သံတွေကို နောက်ပြန်မပို့တတ်တဲ့ ငါ့နှုတ်ခမ်းတွေကြောင့် ...
ဝေးခဲ့တယ် ... လို့သာ ခပ်ရှင်းရှင်း မှတ်ယူပေးပါ ...

ရောမတမြို့လုံး ငရဲမီးထွန်းပွဲ ကျင်းပနေတာတောင်မှ
တယောထိုးမပျက်ခဲ့တဲ့ နီရိုး ဘုရင်ကြီးလို ...
ငါ့အနာဂတ်တွေကို နင့်နှုတ်ခမ်းပါးထက်ဆီ ရက်ရက်ရောရောနဲ့
ဝေသန္တရာ ဇာတ်မခင်းခဲ့နိုင်တာ တခုလည်း ခွင့်လွှတ်ပါ ...
- - - - - - - - - - - - - - -
- - - - - - - - - - - - - - -
“အချစ်ဟာ ဘ၀မှာ ချိုမြိန်ပေမဲ့ ...
ဘ၀ဟာ အချစ်မှာ မချိုမြိန်ဘူး ...”
- - - - - - - - - - - - - - -
- - - - - - - - - - - - - - -
အသေကောင်မျှော်လင့်ခြင်းတွေ အခုချိန်ထိ
အသက်တော့ မျောမျောရှုနေပါသေးတယ် ...
စကားတစ်ခွန်းကို မရိုးမအီဘဲ ခေါက်တုံ့ခေါက်ပြန် ဆိုနေရင်းနဲ့ပေါ့လေ - -
“ဆုံကြဦးမှာပါ ...”
- - - - - - - - - - - - - - - -
- - - - - - - - - - - - - - - -
ကမ္ဘာကြီး လုံးဝန်းပြီး လည်ပတ်နေတဲ့အတွက် ...
ငါ ဖြတ်သန်းနေတဲ့ အရှေ့အရပ်ကလည်း
တနေ့တော့ အနောက်အရပ်ဆီ ခြေချဖြစ်ဦးမှာပါ ...

Thursday, September 16, 2010

``မျက်ရည်သော့ ...´´

အသက်ရှုသံ တမျှင်တစမှ မရှိတဲ့
သဘောင်္ကြီးကို စွင့်စွင့်ကားကားလွင့်ရင်း ...
မျက်ရည်ချောင်းဖေါက်နေသူ ကောင်မလေးကို စွန့်ခွာခဲ့တယ် ...
.........................................
ကောင်မလေး ရဲ့ နှုတ်ခမ်းပါးလေးကို
မျက်စိစုံမှိတ် ... ကြိတ်မှိတ်ဥပေက္ခာပြုထားလိုက်ရင်း ...
စကားလုံးတလုံးကို ခေါက်တုံ့ခေါက်ပြန်ရွက်ဆိုလိုက်တယ် ...
``မင်း(အချစ်)ထက် အရေးကြီးတဲ့ မနက်ဖြန်တွေကို ဖွင့်ဖို့
                          ``သော့´´
ငါ ရှာရဦးမယ် ...´´
(၂)
ငါ့ အနာဂတ်ကို လူယုံ ပြန်မသတ်စေချင်ဘူး ...