မင်းလိုပဲ သိပ်လှတဲ့ မရဲ့ အကြောင်းမင်းကို
ပြောပြဖို့ မင်းဆီ တစ်ခေါက်ငါချဉ်းလာပြန်ပြီ။
ပထမဦးဆုံး ကာယံမညီပဲ လွမ်းချင်းသက်သက်နဲ့
ငါ့ခံစားချက်တွေကို အန်ချပါရစေ…..
မ တဲ့ကွာ..ဟေ့ရောင်..ဘယ်လိုထင်လဲ..?
အိပ်မက်ဆိုတာကြီးကို မခုံမင်၊ မတွယ်တာတတ်တဲ့ငါ
မက တွယ်တာအောင်၊ ခုံမင်အောင်ဖန်တီးပေးလိုက်ပြီ..။
နောက်…အမျိုးအမည်မသိလောကြီးနေတဲ့ ငါ့ရဲ့စိတ်က
ညအိပ်ချိန်ဆို သူ့အလိုလိုထွက်ပေါ်တတ်တယ်.။
ဘာကြောင့်လဲလို့ ထင်ကြေးပေးရမယ်ဆိုရင်…
ငါ့ရဲ့ အိပ်မက်တွေက မကို အိပ်မက်ပါတီ ဆင်နွဲဖို့
ဖိတ်စာကမ်းထားလို့ ထင်တယ်..။ ဒါကြောင့်ငါ့ရဲ့
မသိစိတ်က အိပ်မက်တွေဆီကို မသိမသာ(သွားဖို့)ချင်ခြင်း
တက်နေတာ(အထင်ပေါ့ကွာ)..ဘယ်လိုပဲဖြစ်ဖြစ်ကွာ..အနေမနီးတဲ့
ငါနဲ့မကို ဆုံစည်းစေတဲ့ အိပ်မက်ကို ငါတော်တော်ကျေးဇူးတင်တယ်..။
(အိပ်မက်ရေ..မင်းသာဒီတမ်းချင်းရင်ခုန်သံတွေကို သိနိုင်မယ်ဆိုရင်
မင်းကို ကျေးဇူးပါပဲလို့ ပြောချင်ပါတယ်.။)
နောက်..ကဗျာရေ..အချိန်အကြာကြီးခွဲခွာမှုကြောင့်
ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို မနဲ့ တွေ့တဲ့ခဏ
ငါအန်ချချင်ပေမဲ့ကွာ..အခြေအနေအရပ်ရပ်ရဲ့ တားဆီးမှုကြောင့်
ငါဘေးနား မရဲ့ စကားသံတွေကြားက တိုးထွက်ပေါ်ပေါက်လာတဲ့
ငါ့ရင်ခုန်သံတွေကိုတောင် ဖျက်ဆီးပစ်လိုက်တယ်..တောက်..
ကဗျာရယ်…စကားလေးတစ်ခွန်းလောက်ပြန်ဖြေပေးပါ..တစ်ခုခုပါပဲ..
ငါဘာလုပ်သင့်သလဲ..ဘယ်လိုနေရမလဲ…ငါဘာကိုမှ မသိတော့ပါဘူးကွာ..
ဒါပေမဲ့..ငါလုပ်သင့်တာတစ်ခုတော့ရှိတယ်ထင်ရဲ့..အဲဒါကတော့
“မ…အမြဲတမ်းပျော်ရွှင်နိုင်ပါစေ”
လို့ အမြဲတမ်းဆန္ဒပြုဆုတောင်းပေးနေခြင်းပါပဲ..
ကဲ…ဆုံကြဦးမယ်ကဗျာရေ …။..။..။……………..
No comments:
Post a Comment