
ဒဏ်ရာရထားကြီးက စိတ်သက်သာမှုကို ရှာဖို့
ဥဩသံပေးနေပြီ.။ မောင်းနှင်သူငါ့စိတ်ထဲမှာတော့
ဒွိဟဖြစ်နေဆဲ..။ အကြိမ်ဖန်များစွာ
သာယာသက်သာမှုကို ငါရှာဖွေပြီးပြီ.
နာကျင်တဲ့ ရင်ခွင်ထဲက ရုန်းထွက်ဖို့ရာ...
ဘာမှန်းမသိရတဲ့ ဒီလောကကြီးထဲမှာ
ငါ့ကိုယ်ငါလည်း ဘာကောင်မှန်း တိတိကျကျ
မသိသေးဘူး..။ နိစ္စဓူဝ နာကျင်မှုတွေပေးနေတဲ့
ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ နှလုံးသားကို
ငြီးငွေ့နေပြီ..ဘယ်မှာလဲ..ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်း..ဘယ်မှာလဲ..ပျော်ရွှင်မှု..တခါတလေ
ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိတယ်..ပျော်ရွှင်မှုဆိုတာ
ဘာလဲလို့..ကဲပါ..စာဖွဲ့နေပြန်ပြီ..နိစ္စဓူဝနိယာမတွေကို
တစ်စုံတစ်ယောက်များ ပျော်ရွှင်ခြင်းဆိုတာရဲ့
အဓိပ္ပာယ်ကိုသိရင် မေးလိုက်ချင်ပါဘိ.........
ဘာလုပ်ဖို့လောကကြီးမှာ ငါဆက်နေထိုင်ရမှာလဲ..
မေးခွန်းပေါင်းများစွာနဲ့ ခေါင်းကုတ်နေဆဲ.........
အဲဒီအချိန် ဗြုန်းစားကြီး ငါ့အတွေးထဲဝင်လာတာက
ကျမ်းစာတစ်ပိုဒ်
“ဝန်လေး၍ ပင်ပန်းသောသူ အပါင်းတို့ ငါ့ထံသို့ လာကြလော့
ငါသည် ချမ်းသာပေးမည်”
ရေနှစ်သူတောင်မှ ကောက်ရိုးတစ်မျှင်ကိုတောင်
အသက်လွတ်ဖို့ အားကိုးသေးတာပဲ..
ငါ့မှာလည်း မျှော်လင့်ချက်ကုန်နေပြီ..။
“အဖကြေကွဲသောနှလုံးသားအား လက်ခံပါ”..
နောက်..အမျိုးအမည်မသိတဲ့ စိတ်သက်သာမှုက
ကမ်းလက်တစ်စုံနဲ့ အတူ
ငါ့နှလုံးသားထဲကို ဆို့ဝင်လာတော့
“ငါ့အနားသခင်တစ်ပါးရှိနေသေးပါလား”.......
No comments:
Post a Comment