မျက်လုံးသာမကဘဲ
နှလုံးသားတွေကပါ
ဝေဝါးခြင်းနဲ့ မနက်ခင်းလှလှထဲ
နေ့တစ်နေ့ကို စနှုတ်ဆက်တဲ့
နောက်မှာ ပစ္စုန်ပ္ပန်တွေ
ရှိုက်ကြီးတငင်ငိုကြွေးနေကြလေရဲ့...
ခဏနေအတွက် အနာဂတ်တွေက
စုတ်ပဲ့နေလို့တဲ့လေ..
ကောင်းကင်ကြီးအောက်မှာ
လျှောက်နေရဲ့နဲ့ ကောင်းကင်ကြီးကို
မမြင်နိုင်လို့ရောတဲ့...
ဒီလိုနဲ့.....
အဲဒီငိုကြွေးခြင်းရဲ့ ရှိုက်ကြီးတငင်ဖုတ်ကောင်တွေနဲ့
ခဏတာ စကားပြောမိတော့
မျှော်လင့်ခြင်းတွေကိုပဲ
မရေမရာဘဝကြီးမှာ ပုံပြင်ထဲက
ခြုံဘုရင်လို အကောင်အထည်
ရရမယ်မယ် မမြင်ရဘဲ
ဝတ်ထားရမတဲ့လား...တဲ့....
နောက် ပြောသေးတယ်..
အိပ်နေတဲ့ ညတွေ ခရီးထွက်သွားခဲ့တာ
ကြာပြီ..အခုထိလည်း ခဏလေးနဲ့
ပြန်လာမယ်ဆိုပြီး ပြန်မလာသေးဘူး..
နောက် ကောင်းကင်ကြီးကလည်း
အငြိုးနဲ့ ကိုယ်ယောင်ဖျောက်ထားတာ
ကြာပြီတဲ့...
နောက် မြေပြင်ကြီးကလည်း
မတတ်သာလို့ပဲ ကိုယ့်ကို
သယ်ဆောင်ထားသလိုမျိုး
အထင်သေးအမြင်သေး
အနံ့ဆိုးနေတဲ့ လေပြေသွေးတွေနဲ့
ပက်ဖျန်းလိုက်သေး..
တော်တော်ဖင်ဂေါင်းကျယ်တဲ့
မြေပြင်ကြီး..တဲ့..
အော်..ကိုယ်ကလည်း
အားပေးလိုက်ပါတယ်..
မင်းတို့တွေ
ကောင်းကင်ကြီးက
အကြောင်းအစင်ရှိမှ အဲဒီလို
လုပ်တာနေမှာပါ.....လို့....။
No comments:
Post a Comment