တိမ်ညိုတွေ ခရီးထွက်သွားခဲ့…..
လေညင်းတွေ
အကြောင်ရိုက်ပြီး
ပူအိုက်ခြင်းတွေရဲ့ အလှောင်ပြောင်ခံရတဲ့နေ့…..
ငါမေ့နေတဲ့ အတိတ်တွေတောင်
အရိပ်တွေအဖြစ် ဘေးနား
ခစားရလောက်အောင်…
ခန္ဓာကိုယ်ရဲ့ ရှိမဲ့မရှိမဲ့အအေးဓာတ်လေးတွေတောင်
မှုံမှိုင်းကာ နေ့လည်ခင်းတစ်ခုထုံထိုင်းတဲ့နေ့…..
……………………………………………
ထိုင်ခုံတစ်ခုပေါ် ကုလားလိုရို့ရို့လေးထိုင်ပြီး
ကုလားထိုင်လို့ အမည်တွင်စေရစ်…
ဟာတာတာရင်ဘတ်တစ်ခုကို
ချွေးတွေနဲ့ စိုပြေစေလိုငြား
အပြင်ဘက် ဟထုတ်ထားရတဲ့ ငါ့အဖြစ်…
………………………………………
မိုးရယ်…
မြင်နိုင်ရင် ဖြစ်ပျက်နေသမျှအားလုံးအတွက်
သနားပါကွယ်…
ဘယ်ပျောက်နေတာလဲ…
အိပ်မက်ခွေးတွေနဲ့ အနံ့ခံကာ
လိုက်ရှာနေပါတယ်…
ဘယ်မှာလဲကွယ်…
တိမ်ညိုတွေ မိုးကို လိမ်လှည်လှည့်ဖြားကာ
မြှားခေါ်သွားပြီလား…
အဆုံးအစမဲ့ကောင်းကင်ကြီးရေ…
မိုးကို တွေ့ရင်ပြောပေးပါ…
“မိုး… ဘယ်နေရာမှာပဲရှိရှိ
သတိရစွာ ပြန်လာမယ့်နေ့ကို
ဆောင့်အော်ကာ…
စောင့်မျှော်နေပါတယ်…
မိုးအတွက် အစစအရာရာစိတ်ပူပေးနေပါတယ်…
နောက်…
မိုးပြန်လာရင် စိတ်ကြိုက်ရွာချဖို့
ကန္တရရင်ခွင်ကြီးနဲ့
အိုအေစစ်မဲ့ ရင်ခုန်သံနွေအနားပဲ့တွေ
သိမ်းပိုက်ပွေ့ရှိုက်ထားပါတယ်…”…လို့…။..။.။။။…။
No comments:
Post a Comment