ညနံရံတွေပေါ်မှာ
အိပ်မက်ပန်းချီကားတွေကို
ချိတ်တင်...
ဒါကို စိတ်ကူးတွေက ပိတ်ပင်တော့....
တကယ်ရိုးသားပွင့်လင်းစွာသာနေတဲ့
နှလုံးသားထဲက လမင်းကြောင့်
စိတ်ကူးကို ငါက စိတ်ချဉ်...။...
................................
အချစ်ကို အဆိပ်ဘုရင်လို့
သိသိကြီးနဲ့ငါ...
အချစ်ကို ခစားမြဲခစား...
ခြေလှမ်းတွေကိုလည်း
သူဆိုတဲ့ ခြစား...
ဆောင်းတွေကို ကုန်စင်အောင်
သတ်စားပစ်လိုက်တဲ့
လက်ရှိပွေ့ပိုက်ထားဆဲ
နွေလိုဘဝများ...နဲ့ ငါ...
ရှင်သန်မြဲ ရှင်သန်ဆဲ..
နိစ္စဓူဝဘဝတွေ...။...။...ဟာ
လေရူးထဲက ရနံ့တစ်ပွင့်လို
လေအဟုန်ထဲ ငါနစ်လိုက်၊
ပေါ်လိုက်နဲ့ ဘဝထဲမှာလည်း
ချီးကျူးမှုနဲ့ ဝေဖန်ရှုတ်ချမှုတွေကြားမှာ
ပေါ်လိုက်ပျောက်လိုက်ပေါ့..။..
............................
ဘာပဲဖြစ်ဖြစ်...
ငါအခုထိ တန်ဖိုးထားဆဲ
အချစ်ဟာ ဘဝတစ်ခုမှာ
ပြည့်စုံအောင် တန်ဖိုးရှိလာမှာတော့
မဟုတ်ဘူးဆိုတာတော့ ငါသိတယ်..
ဒါကြောင့်...
အိပ်မက်တွေနဲ့ ငါပုံဖော်နေတဲ့
အချစ်တွေဟာ
အိပ်မက်မဟုတ်ဘူး...။...။...
မသေချာတဲ့ မိန်းမဆန်ခပ်နွဲ့နွဲ့
မျှော်လင့်ခြင်းတွေသာ.............
No comments:
Post a Comment