တကယ်လို့ မင်းဟာ တစ်(၁)သာ
ဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ အချစ်ပဲ…
ဘာဖြစ်လို့လဲဆိုတော့ ရင်ခုန်သံကာရံချင်း
ထပ်တူညီကျတယ်လို့ ထင်ရပေမယ့်
တကယ်တမ်းမှာ
ယောင်ရမ်းပြီးပြောတာမဟုတ်ဘူး…
မင်းနဲ့ငါဟာ အခြေအနေချင်း
လုံးဝကို မအပ်စပ်ခဲ့တော့
မင်းထားသွားပြီးတဲ့ နောက်ပိုင်း ငါ့မှာအရူး…
……………………………………
မင်းထားသွားပြီးတဲ့နောက်ပိုင်း
မင်းသိရဲ့လား…
နွေရက်တွေဟာ ငါ့ကို စပ်ဖျင်းဖျင်း
လေညင်းတွေနဲ့ အမြဲပမာမခန့်ပြုနေကြတာကို…
နောက် နွေညတွေမှာလည်း လက်တစ်ဆုပ်သာသာ
လောက်စာပဲရှိတဲ့ ကောင်းကင်ကပ်ပါးကောင်
ကြယ်တာရာတွေ ငါ့ကို အမြဲလှောင်တာတွေကို
ဒီကြားထဲ လမင်းကြီးကလည်း ငါ့ကို ပျက်ရည်ပြုတဲ့
အပြုံးတွေနဲ့ အမြဲရယ်သွမ်းသွေးနေသယောင်ယောင်
ထင်ယောင်ထင်မှားချောက်ချားနေတာတွေကို…
ငါအခံရအရမ်းခက်တယ်…
ကောင်မလေးတစ်ယောက်ရဲ့ ထားသွားတာခံရတဲ့ကောင်ဆိုပြီး
မင်းမရှိတဲ့နောက်ပိုင်း
ဆောင်းမနက်တိုင်းကလည်း ငါ့ကို
အေးမြမှုတွေပေးဖို့ မသထီကြတော့ဘူး…
နောက် မိုးရာသီနေ့တွေကလည်း
ခပ်စပ်စပ် မိုးမီးလောင်မတတ်အောင် ပူလောင်တဲ့
မိုးသီးတွေနဲ့ ပစ်ပေါက်ကြတယ်…။
ဘယ်လိုလုပ်ရမလဲ…
တုံ့ပြန်ဖို့ လက်နက်ရော
အင်အားတွေရော…
အဆိုးဆုံးအခြေအနေတွေအတွက် ကင်းမဲ့နေတယ်…။
ခြေလှမ်းတွေရော
အဆိပ်သင့်နေတယ်..
တကယ်… ဆက်ပြောရင်
ယောက်ျားတန်မဲ့ ခိုဘုရင်တစ်ကောင်လို
အခြေအနေတွေပေါ် အငြိုအငြင်ကြီးစွာနဲ့
ရှက်ဖွယ်ဆိုတဲ့စကားကို နံဖူးထက်
စုတ်ချက်ထိုးပြီး ညည်းတယ်ဖြစ်မှာ…
မင်းသာ ကြားနိုင်မယ်ဆိုရင် ယုံပေးပါ…နော်…
မင်းမထားသွားခဲ့ခင်
အဓိပ္ပာယ်ရှိအောင် စွင့်ကားပွင့်ထားတဲ့
ငါ့တန်ဖိုးအရှိဆုံး ပန်းပွင့်စက္ကန့်လေးတွေ
အခုတော့…
မိုးတိမ်တွေဝှက်လိုက်ပြီ…
အတည်နော်..အပျော်မဟုတ်ပါဘူးကွာ..
မင်းကိုငါချစ်ခဲ့တာ…။…
ဒါပေမဲ့ မိုးတိမ်တွေရဲ့
မိုးစက်တွေနဲ့ အတူ ငါ့နွေရက်တွေမှာ
ပြန်မလာနိုင်တဲ့ခရီး မင်းနှင်သွားပြီ…။…။..။.။။။
No comments:
Post a Comment