နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Saturday, April 10, 2010

“အနောက်လေရဲ့ အသွေးအသားများ


ရပ်မထားပါနဲ့…

ထပ်သွားပါ။။..

ရည်မှန်းချက်တစ်ခုရဲ့ တပ်သားငါ

ရပ်ထားဖို့ ထပ်ပွားစရာ

စကားရှာမရလို့

ဒီတိုက်ပွဲကို အောင်မြေ(အောင်ချိန်)

နင်းမိသည်အထိ

ဆက်တိုက်ရမှာပေါ့

အဲဒါငါ့နှလုံးသားထဲ မှတ်စာတင်ထားတယ်

ကျောက်သားအတိဆိုတော့

……………………………………

အောင်သံခလောက်နားထိနေတဲ့

ငါ့ခြေလှမ်းတွေရဲ့

အလိုအရ

ငိုပြဖို့ မဟုတ်

ဒီတိုက်ပွဲရဲ့ မိန်းမပျိုစက္ကန့်လေးတွေ

ပိုလှဖို့

ခြေလှမ်းတွေကို ရပ်နားလို့

ချွေးဝပြီး မနှုံးချိစေလို

ဒီသဘောဟာ

ရှေ့ဆက်ဖို့ ဆူကြွနေတဲ့

ငါ့အသွေးအသားတွေရဲ့ မောင်းမပျို…။..။.။။။

No comments:

Post a Comment