နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Tuesday, June 1, 2010

“ဝေး ...”

အပြုံးတစ်လက်နဲ့ ...
နှုတ်ဆက်ခဲ့တာ ကြာပြီ ...

ရင်ထဲမှာတော့ ...
မိုးတွေ ဖြိုင်ဖြိုင်ရွာလို့ ကောင်းလာတယ် ...
သီချင်းတွေ မြိုင်ဆိုင်ဆွေးမြေ့ကြေကွဲတတ်လာတယ် ...
စကားလုံးတွေ ရှာကြံ ကောက်စု ...
အကြည့်တစ်စုံကို ရဖို့ မျှော်လင့်တတ်လာတယ် ...
အိပ်မက်တွေနဲ့ အတိတ်ကို ...
သူ့အသံလေးကြားရဖို့ ကြိုးညှိသီဆိုတတ်လာတယ် ...
လွန်ခဲ့တဲ့ နောက်ဆုံးလမ်းခွဲချိန်ကို ...
နှုတ်ခမ်းပါးလေး အပေါ်အောက် နှစ်ထပ်ကို ချဲ့ပြီး
ထုတ်ကြည့်တတ်လာတယ် ...
တစ်ရွက်တည်း လွင့် ...
တစ်လှေတည်း စီး ...
တစ်ယောက်တည်း ညည်း ... ရင်း ...
ဂူသားဆန် ... အုတ်ဂူဆန် ... သချိုင်းဆန် ...တဲ့
အဖော်မဲ့ ပဲ့တင်သံ
ကဗျာတွေကို သူ့ဆီပို့ပို့ပေးတတ်တယ် ...
ကြယ်စင်လေးတွေ ဆီကနေ တစ်ဆင့် ...ပေါ့လေ ...
သူ့အကြောင်းတွေးမိတိုင်း ...
ကဝေအဆိပ်သင့်တဲ့ လက်ချောင်းလေးတွေကို
ထိုင်ထကခုန်ခိုင်းပြီး ...
သူနဲ့ နီးပြီ ... လို့ ပျော်နေတတ်လာတယ် ...

သူနဲ့ တွေ့ရင် ...
အန်ချခင်းပြဖို့ ကဗျာတွေ များစွာ ...
သိုဝှက်သိမ်းဆည်းထားပါတယ် ...

No comments:

Post a Comment