အနမ်းကဝေတွေကို လက်သင့်ခံဖို့
ငါ့မှာ ရင်ခွင်နှစ်စုံမရှိဘူး ...
ဒါပေမဲ့ ...
ငါ့ညတွေမှာ ကြယ်မဝေတော့ ...
လမင်းတောင် မသာတဲ့အခါ ...
ငါ့ကိုယ်ငါ ...
ကိုယ့်လိပ်ပြာကိုယ် ပြန်ကြောက်ရွံ့သွေးပျက်နေမိတယ် ...
လမ်းတွေဟာ အရင်ထက်ပိုပြီး ...
အသည်းကွဲသမားတစ်ယောက်လို
ခြောက်သွေ့အထီးကျန်ဆန်လာတယ် ...
မသာတော့တဲ့ နေတစ်စင်းဟာ ...
ဝမ်းပိတ်နေတဲ့ လူတစ်ယောက်လို နှုန်းချိနေတော့တယ် ...
သန်းခေါင်ဆိုတဲ့ အဓိပ္ပာယ်ဟာ ...
မိုးကြိုးမချုန်းဘဲပစ်ချထားတဲ့ အစိမ်းသေတစ်ကောင်လို ...
မည်းတူးဆိတ်ငြိမ်နေတယ် ... လို့
အဓိပ္ပာယ်ပြည့်စုံလာတယ် ...
ငါက ...
ပြူးတူးပြဲတဲထိုင်လို့ပေါ့လေ ...
သန်းခေါင်ဆိုတာကို အဓိပ္ပာယ်သီကုံးတတ်သွားတယ် ...
(၂)
ငါ့ကို တွယ်ကပ်သူနဲ့ ...
ငါ့က တွယ်ကပ်သူနဲ့ ...
စကားတွေက ပင်လယ်ပြင်ထက်ကို
မာယာများလာတယ် ...
ငါ့ကို မျှော်ကြည့်တဲ့ သူနဲ့ ...
ငါက မျှော်ကြည့်တဲ့ သူနဲ့ ...
ရင်ခွင်ဟာ ...
ပြဒါးတစ်လမ်း ...
သံတစ်လမ်း ...နဲ့
ကောင်းကင်လို တစ်စုတည်း မဟုတ်တော့ဘူး ...
တိမ်တွေလို ကောင်းကင်တစ်ပြင်ကြီးထဲမှာပဲ ...
အရပ်ရပ် ... ရယ်လို့
တောင်တလမ်း၊ မြောက်တခြမ်း ကွာဝေးလာတယ် ...
စိတ်ထဲမှာတော့ ...
ရွာရိုးကိုးပေါက်အတွေးတွေနဲ့ ...
ဗျာများနေဆဲ ...
အကြည့်တွေထဲမှာလည်း ...
အပြုံးနှစ်စင်းဟာ ခွာသံကိုယ်စီနဲ့
စီးချင်းထိုးနေကြတယ် ...
ကဲ ...
ဝဲယာနှစ်ဘက်စလုံးဟာ ...
? တစ်ခုစီကို ဆုပ်ကိုင်ထားလျက် ...
............................
No comments:
Post a Comment