နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, April 7, 2011

"...ဖြစ်သလိုပဲ နာမည်ပေးလိုက်ကြတာပေါ့..."

လူလူသူသူ သီးသန့်ရင်းနှီးမှုနဲ့
ဇိကုပ်ပြီး နတ်ပြည်တင်လိုက်ကြတာ၊ ကျနော်တို့ ခေတ်က ပျက်ပါလေရော ...

ကျနော်တို့ အခု ပြောလက်စစကားလုံးကြီးကြီးကျယ်ကျ
ယ်တွေက
လက်ရှိ ဘ၀နဲ့ အပ်စပ်ကြရဲ့လား ...
ကဗျာဆိုတာ ပေါက်ကွဲမှုပဲ မဟုတ်လား ...
လူငယ်တွေမှာ ပေါက်ကွဲမှုတွေကို ယဉ်ယဉ်ကျေးကျေးကိုင်ထားရုံမှအပ
လက်ဆုပ်လက်ကိုင် ပြစရာဘာမှ မရှိဘူး ...
ကုန်ဆုံးသွားတဲ့ သူဌေးကြီးအကြောင်း ...
ကုန်ဆုံးသွားတဲ့ အလ္လာပ သလ္လာပတွေ အကြောင်း ... တွေကအစ ...
ပွင့်ပွင်းလင်းလင်း ရေးရဲ တင်ပြရဲ ကြရင် ...

ဘာမှကို မသိတာ တစ်ခုကပဲ
တခုခုကို သိတာပဲ ...
မှတ်မှတ်ရရ ပြောရရင် ဘာကိုမှ မမှတ်မိတော့တာ တခုပဲ ...

ပုံတိုပတ်စလေးတွေက ပေါ်ပြူလာ ...
ပုံပြင်ကြီးကြီးတွေ ... တက်ကျမ်းတွေ ... ကျမ်းစာတွေ ...
ဘာတစ်ခုမှာမှ ဒီခေတ်လူငယ်တွေကို မတွေ့ရတော့ဘူး ...
သွားမပြောနဲ့ ... ဒါ ခေတ် ကွဲ့ လူလေးရဲ့ ...
မင်းဟာမင်း ပါရဂူကြီးဖြစ်နေပါစေ ... မြန်မာပြည်မှာနေရင် မြန်မာစကားတော့ တတ်ရမယ် ကွဲ့ ...
ပတ်ဝန်းကျင်နဲ့ ကြီးပြင်းမှာက လူ ...
အဲ့ဒီမှာမှ လူက ပတ်ဝန်းကျင်က လူထဲ ကြီးပြင်းလာလိမ့်မယ် ...

ခံစားမှု မြစ်တစ်စင်းမှာ ငါတို့တွေ တွဲလောင်းခို ...
ငါတို့ဟာ ပင်လယ်ထဲ ဖောင်စီးကြသူတွေပဲ ...
ဖောင်စီးရင်း ရေငတ်ကြတယ် ...

နာကျင်မှုဆိုတာ လတ်တလော မက်တဲ့ အိပ်မက်ဆိုးပဲ ...
တချို့တွေက အိပ်မက်ဆိုး မက်တဲ့ လူတွေကို ရေ နဲ့ ပက်နှိုးကြတယ် ...
တချို့အိပ်မက်ဆိုးမက်တဲ့လူတွေက သူတို့ကိုယ်သူတို့ မရမက နိုးထကြတယ် ...
တချို့တွေက အိပ်မက်ဆိုးကို သရော်ပြုပြီး ဟက်ဟက်ပက်ပက် ရယ်မောကြတယ် .../ငိုယိုကြတယ် ...
တချို့တွေက အိပ်မက်ဆိုးထဲမှာ ဒူးတုပ်ထိုင် ငိုယိုမျက်ရည်ကျကြတယ် ...
တချို့တွေက အိပ်မက်ဆိုးထဲမှာ ပျားဖွပ်ကြတယ် .../ပျော်နေကြတယ် ...
အခုလောလောဆယ်တော့ အိပ်မက်ဆိုးက မနိုးခင်
ကျနော်တို့တွေ ကဗျာရေးနေကြတုန်းပဲ ...


လျံနိုး
တနင်္လာ ၄၊ ၄၊ ၂၀၁၁ နေ့လည် ၂း၃၅

အပြင်းစား လမ်းခွဲ

သက်ပြင်းခြောက်တစ်ခု လှလှပပ အသက်ဝင်လာမှ
ခံစားမှုဆိုတာကို တွင်တွင်ပြောလာကြတော့တယ် ...
ငါကိုင်ထားတဲ့ နင့်လက်က အလှပြင်ထားတဲ့ သက်ပြင်းတစ်ခုမဟုတ်လား ...
အလားတူ ...
နင်ကိုင်ထားတဲ့ ငါ့လက်က စကားကြီးစကားကျယ်ပြောတတ်တဲ့
သက်ပြင်းတစ်ခုမဟုတ်လား ...
မျက်နှာချင်းဆိုင် ဝေးသွားမှ ပီပီပြင်ပြင်လွမ်းနေလိုက်ကြတာ ...
အခုမှတော့ မထူးတော့ဘူး ... ခြေပစ်လက်ပစ် အသည်းကွဲလိုက်ကြရုံပေါ့ ...

တဆိတ်လောက် ...
ဘာကိုမှ မပြောတော့တာဟာ ရင်ဘတ်ထဲမှာ မရှိတော့လို့ မဟုတ်ဘူးလား ...
မြင်နေ တွေ့နေ ကြားနေလည်း နှုတ်တောင်မဆက်ကြတော့ရင်
မျက်နှာချင်းဆိုင် ဝေးကြတာပဲ ...

လွတ်လွတ်လပ်လပ်ပြောပါရစေ ...
အသည်းကွဲတယ် ... ဆိုတာ အအေးမိဖျားတာနဲ့ အတူတူပဲ ...
ဖျားတာ ပြင်းရင် တုန်တုန်ရီရီနဲ့ ပြောစရာစကား ကုန်းကောက်စရာမရှိဘူး ...
ထမင်းစားရေသောက်ဖျားတာလောက်ဆိုရင် စကားတွေ ဖောင်ဖွဲ့ ပြောနေလိမ့်မယ် ...

နင့်လက်ကို လွမ်းလို့ ...
နင့်နှုတ်ခမ်းကို လွမ်းလို့ ...
နင့်အနမ်းကို လွမ်းလို့ ...
နင့်စကားကို လွမ်းလို့ ... ငါ့မှာ ရေးထားတဲ့ ကဗျာတွေ တက်ကျမ်းတွေတောင်
အဘိုးခေါ်လောက်ရမယ် ... ထူပုံက လူပုံကျ တဲ့ အထိပါပဲ ...
ဒီတော့ အမှန်တိုင်း ပြောရင် နင့်ကိုငါ သိပ်မချစ်ခဲ့ဘူး ... နဲ့ တူတယ် ...
မျက်နှာချင်းဆိုင် ဝေးပြီးကတည်းက မျက်ရည်တွေ လျှံကျတာ သောက်သောက်လဲပဲ ...
မှတ်မှတ်ရရပြောရမယ် ဆို ဘာကိုမှ မမှတ်မိတော့တာတစ်ခုပဲ ...
ဓာတ်ပြားဟောင်းကြီးဖွင့်တိုင်းလည်း စနေညနေ ဇာတ်ထုတ်နဲ့ တွဲပေးရတယ် ...

အခုတော့ကွာ ...
တနင်္ဂနွေညတွေ ပက်လက်လူးလို့ ...
လိပ်ပြာသန့်တဲ့ ညနေတွေတောင် ပိုပိုမိုက်မှောင်လာသလိုပဲ ...

ငါဟာလေ စနေညနေကို မှီကျောထားတဲ့ နှုတ်ခမ်းတစ်စုံပဲ ...