နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Tuesday, May 10, 2011

၂၀၁၁ ခုနစ်နဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း စုံတွဲများ

မရေးရတာ ကြာပြီ ဆိုတာထက်
အကြာကြီးနေမှ ရေးဖြစ်လာတာ ...
နှစ်ချို့မျက်ရည်တွေက အနံ့အသက်တွေနဲ့
မှုခင်းတစ်ခုရဲ့ နိဂုံးလို မြင်မကောင်း ရှုမကောင်း ...
တွေ့နေကျ မြင်နေကျ စကားလုံးတွေအောက်မှာ
ကျနော်ဟာ သဲတစ်ပွင့်လောက်သာ သေးငယ်လာ ...
ကျနော်ဟာ မရင့်ကျက်သေးတဲ့ ရာသီဥတု ...
ကျနော်ဟာ မခြောက်သွေ့သေးတဲ့ ကန္တာရ ...
အခြေအနေအရ ပြုံးပြလိုက်တယ် ...
အခြေအနေအရ လှုပ်ရုံသာပြုံးပြလိုက်တဲ့ နှုတ်ခမ်းလေးတွေက
နာရီသံတွေထဲ ပွန်းပဲ့သွေးလျှလာ ...
ပါးပါးလျလျ ... ပိန်ပိန်သွယ်သွယ် ... ရင့်ရင့်ကျက်ကျက် ... ထောင်ထောင်မောင်းမောင်း ...
နာမ၀ိသေသနအားလုံးဟာ သူမနဲ့ သက်ဆိုင်တယ် ...
အလုပ်လုပ်နေတဲ့ ဓာတ်မီးတိုင်အောက်မှာ ရပ်နေတဲ့ ကျနော်ဟာ
မှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံရတဲ့ အချိန်တွေလို အထိအတွေ့တွေက အောင့်သက်သက် ...
သေလူတစ်ယောက်ပြောတဲ့ အနာဂတ်ကို ဘယ်သူက ယုံမှာလဲ ...
အလုပ်သဘောအရ လမ်းခွဲမှုနဲ့ ဆက်လက်တွေ့ဆုံဖြစ်ခဲ့ပါသေးတယ် ...
တနေ့တခြား သူမ ပိုလှလာသလိုပဲ ... ဘေးမဲ့လွှတ်ပေးလိုက်တဲ့ အလှမွေးငါးကြီးက
ဘေးမဲ့ကန်မှာ ပျော်လို့ ပါးလို့ လှလို့ ...
အပေါ်ယံအရေပြားကင်ဆာနဲ့ အသည်းကွဲခဲ့ကြတယ် ...
မြို့ပြယဉ်ကျေးဖော်ရွေမှု ... သွားပေါ်ပြုံး ချောက်တွန်းမှု ... တို့နဲ့ လားလားမျှ မသက်ဆိုင်တော့ ...
ကျနော့်ကို ကျနော် ပြန်တည်ဆောက်နေတာ ကြာပြီ ...
လှလှပပ ပုတ်သိုးနေတာတွေကို ကိုယ်ဝမ်းကိုယ်နာ ဘယ်သူသိမှာလဲ ...
အပေါ်ယံအရေပြားကင်ဆာနဲ့ ပြုံးပြမုန်းခဲ့ကြ ...
လွမ်းတယ် လို့ မပြောပဲ ချခဲ့ရတဲ့ သက်ပြင်းတွေ အလူးလူးအလိမ်းလိမ်းနဲ့ ...
နောက်ဆုံး ကျနော်ပဲ မှားတယ် / လိုတယ် ...

No comments:

Post a Comment